ခေတ်သစ် ဒဿဂီရီဖြစ်လာတော့မယ့် နေမာ


ရာမယန ဇာတ်တော်ထဲက ဒဿဂီရီကိုတော့ အားလုံးသိကြမှာပါ။ ဇာတ်တော်ရဲ့အလိုကျ လူဆိုးတစ်ယောက်ဖြစ်ခဲ့တယ် ဆိုပေမယ့် သူရဲ့ချစ်ခြင်းသစ္စာကတော့ အခြားသူတွေ စံထားရလောက်တဲ့အထိ ပြိုင်ဆိုင်နိုင်တဲ့သူကင်းမဲ့ခဲ့ပါတယ်။ ချစ်ရတဲ့ သူရှိနေတဲ့ မယ်သီတာရဲ့အချစ်ကိုမှ လိုချင်ခဲ့တဲ့ ဒဿဂီရီအနေနဲ့ အချစ်အတွက် ဘာမဆိုရင်ဆိုင်ရဲတယ် ဆိုပြီး အားလုံးနဲ့ ရင်ဆိုင်ခဲ့တာကိုလည်း သိကြမှာဖြစ်ပါတယ်။


အခုဆိုရင်တော့ ဇာတ်တော်ထဲမှာ ရှိခဲ့တဲ့ ဒဿဂီရိလိုမျိုးပဲ ဒီနေ့ခေတ်မှာလည်း ဒဿဂီရီတစ်ယောက် ရှိနေပါပြီ။ အဲ့ဒီသူက တော့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာပဲ ဖြစ်ပါတယ်။ ငွေကြေးများစွာ ချမ်းသာကြွယ်ဝပြီး မိန်းမချောလေးများစွာကို ထည်လဲ တွဲနေတဲ့ နေမာအနေနဲ့ ချစ်သူရှိနေတဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ပြီး ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ မာကာသတင်းစာက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


နေမာ ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ ကောင်မလေးကတော့ အလှအပရေးရာရုပ်ဆံတင်ဆက်သူတစ်ဦးဖြစ်တဲ့ မယ်လိုဒီ ပီနယ်လ်ဗာ ပဲဖြစ်ပါတယ်။ စပိန်နိုင်ငံသူ ပီနယ်လ်ဗာရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ အနက်ရောင်ရေကူးဝတ်စုံနဲ့ ပုံလေး ကို မြင်ပြီးနောက်မှာတော့ နေမာက ဆက်သွယ်ခဲ့တာလို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ ပီနယ်လ်ဗာ ဟာ အင်စတာဂရမ်မှာ Followers ၈ သိန်းနီးပါးရှိတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။


နေမာဟာ လက်ရှိအချိန်မှာတော့ ကာလရှည်လက်တွဲခဲ့ဖူးတဲ့ ချစ်သူ ဘရူနာမာကွင်ဇီနဲ့ လမ်းခွဲထားတာကြောင့် တစ် ယောက်တည်းသမားဖြစ်နေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မယ်လိုပီနယ်လ်ဗာကတော့ ချစ်သူရှိနေပြီး ချစ်သူသက်တမ်း ကလည်း ကိုးနှစ်အထိရှိနေပြီလို့ သိရပါတယ်။ ပီနယ်လ်ဗာရဲ့ချစ်သူ ခရစ္စတီယန် ဂျီရက်ဇ်ကလည်း ရုပ်သံတင်ဆက်သူ တစ်ဦးဖြစ်ပါတယ်။

zawgyi version

ေခတ္သစ္ ဒႆဂီရီျဖစ္လာေတာ့မယ့္ ေနမာ
++++++
ရာမယန ဇာတ္ေတာ္ထဲက ဒႆဂီရီကိုေတာ့ အားလံုးသိၾကမွာပါ။ ဇာတ္ေတာ္ရဲ႕အလိုက် လူဆိုးတစ္ေယာက္ျဖစ္ခဲ့တယ္ ဆိုေပမယ့္ သူရဲ႕ခ်စ္ျခင္းသစၥာကေတာ့ အျခားသူေတြ စံထားရေလာက္တဲ့အထိ ၿပိဳင္ဆိုင္ႏိုင္တဲ့သူကင္းမဲ့ခဲ့ပါတယ္။ ခ်စ္ရတဲ့ သူရွိေနတဲ့ မယ္သီတာရဲ႕အခ်စ္ကိုမွ လိုခ်င္ခဲ့တဲ့ ဒႆဂီရီအေနနဲ႔ အခ်စ္အတြက္ ဘာမဆိုရင္ဆိုင္ရဲတယ္ ဆိုၿပီး အားလံုးနဲ႔ ရင္ဆိုင္ခဲ့တာကိုလည္း သိၾကမွာျဖစ္ပါတယ္။
အခုဆိုရင္ေတာ့ ဇာတ္ေတာ္ထဲမွာ ရွိခဲ့တဲ့ ဒႆဂီရိလိုမ်ိဳးပဲ ဒီေန႔ေခတ္မွာလည္း ဒႆဂီရီတစ္ေယာက္ ရွိေနပါၿပီ။ အဲ့ဒီသူက ေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာပဲ ျဖစ္ပါတယ္။ ေငြေၾကးမ်ားစြာ ခ်မ္းသာႂကြယ္ဝၿပီး မိန္းမေခ်ာေလးမ်ားစြာကို ထည္လဲ တြဲေနတဲ့ ေနမာအေနနဲ႔ ခ်စ္သူရွိေနတဲ့ ေကာင္မေလးတစ္ေယာက္ကို စိတ္ဝင္စားခဲ့ၿပီး ဆက္သြယ္မႈျပဳလုပ္ခဲ့တယ္လို႔ မာကာသတင္းစာက ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ေနမာ ရဲ႕ စိတ္ဝင္စားျခင္းခံခဲ့ရတဲ့ ေကာင္မေလးကေတာ့ အလွအပေရးရာ႐ုပ္ဆံတင္ဆက္သူတစ္ဦးျဖစ္တဲ့ မယ္လိုဒီ ပီနယ္လ္ဗာ ပဲျဖစ္ပါတယ္။ စပိန္ႏိုင္ငံသူ ပီနယ္လ္ဗာရဲ႕ အင္စတာဂရမ္မွာ တင္ထားတဲ့ အနက္ေရာင္ေရကူးဝတ္စံုနဲ႔ ပံုေလး ကို ျမင္ၿပီးေနာက္မွာေတာ့ ေနမာက ဆက္သြယ္ခဲ့တာလို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ ပီနယ္လ္ဗာ ဟာ အင္စတာဂရမ္မွာ Followers ၈ သိန္းနီးပါးရွိတဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။
ေနမာဟာ လက္ရွိအခ်ိန္မွာေတာ့ ကာလရွည္လက္တြဲခဲ့ဖူးတဲ့ ခ်စ္သူ ဘ႐ူနာမာကြင္ဇီနဲ႔ လမ္းခြဲထားတာေၾကာင့္ တစ္ ေယာက္တည္းသမားျဖစ္ေနတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ မယ္လိုပီနယ္လ္ဗာကေတာ့ ခ်စ္သူရွိေနၿပီး ခ်စ္သူသက္တမ္း ကလည္း ကိုးႏွစ္အထိရွိေနၿပီလို႔ သိရပါတယ္။ ပီနယ္လ္ဗာရဲ႕ခ်စ္သူ ခရစၥတီယန္ ဂ်ီရက္ဇ္ကလည္း ႐ုပ္သံတင္ဆက္သူ တစ္ဦးျဖစ္ပါတယ္။