သောမတ်စ်တူချယ်ကို ထုတ်ပယ်လိုက်ပြီး ပိုချက်တီနိုကို နည်းပြနေရာမှာ ခန့်အပ်လိုက်တဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီသင်းဟာ နည်းပြ တူချယ်ကို ထုတ်ပယ်လိုက်ပြီး ပိုချက်တီနိုကိုအစားထိုးခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ အစောကြီးကတည်းက ပီအက်စ်ဂျီအသင်း အကြီးအကဲတွေနဲ့ဆွေးနွေးနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မနေ့ညက စထရာဘော့ဂ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့ပွဲအပြီး နာရီအနည်းငယ်အကြာမှာပဲ နည်းပြ တူချယ်ကို ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ ဂျာမနီက သတင်းများအရ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ အသက် ၄၇ နှစ်အရွယ်နည်းပြကို စာနာစိတ်မရှိပဲ အသင်းကနေ ထုတ်ပယ်လိုက်တယ်လို့ ဖော်ပြနေကြပါတယ်။

ပိုချက်တီနိုကတော့ ပြီးခဲ့တဲ့နှစ်က စပါးအသင်းနဲ့ လမ်းခွဲလိုက်ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာကြပြီ ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ်နည်းပြ ပိုချက်တီနိုကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် နဲ့ ယူနိုက်တက်အသင်းတို့က မနှစ်ကတုန်းက အသီးသီး ဆက်သွယ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မကြာသေးခင်ကမှ ပိုချက်တီနိုက “ တစ်နေ့မှာ ပီအက်စ်ဂျီလိုအသင်းမျိုးကို ကိုင်တွယ်ခွင့်ရတာ ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်မလို့ဆိုတာကို ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်။ သူတို့အသင်းရဲ့ ပွဲတွေကို ကျွန်တော်အမြဲကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ် မှာပေါ့ တစ်ခါတစ်လေ သူတို့ရဲ့ လက်ထောက်နည်းပြနဲ့ စကားပြောဖြစ်ခဲ့ပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

နည်းပြတူချယ်ကတော့ ပီအက်စ်ဂျီအသင်းကို (၃) နှစ်တာ ကိုင်တွယ်ခဲ့ပြီး နှစ်နှစ်ဆက်တိုက် လီဂူး ၁ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်စေခဲ့ပါတယ်။ ဒါ့အပြင် အခြားသော ဖလားတွေကိုလည်း ဆွတ်ခူးရယူပေးခဲ့သူဖြစ်ပါတယ်။ သူဟာ အသင်းကို ၁၂၇ ပွဲကိုင်တွယ်ခဲ့ပြီး (၉၅) ပွဲနိုင်ပွဲရခဲ့ပြီး ၇၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိအမှတ်ပေးဇယား အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး အပေါ်က (၂) သင်းနဲ့ (၁) မှတ်ပဲ ကွာဟနေပြီး ဂိုးကွာခြားချက်ကြောင့် ယခုလို အဆင့် (၃) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ေသာမတ္စ္တူခ်ယ္ကို ထုတ္ပယ္လိုက္ၿပီး ပိုခ်က္တီႏိုကို နည္းျပေနရာမွာ ခန္႔အပ္လိုက္တဲ့ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီသင္းဟာ နည္းျပ တူခ်ယ္ကို ထုတ္ပယ္လိုက္ၿပီး ပိုခ်က္တီႏိုကိုအစားထိုးခန္႔အပ္လိုက္ၿပီ ျဖစ္ပါတယ္။ ပိုခ်က္တီႏိုဟာ အေစာႀကီးကတည္းက ပီအက္စ္ဂ်ီအသင္း အႀကီးအကဲေတြနဲ႔ေဆြးေႏြးေနတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ မေန႔ညက စထရာေဘာ့ဂ္အသင္းကို (၄-၀) နဲ႔ အႏိုင္ရခဲ့ပြဲအၿပီး နာရီအနည္းငယ္အၾကာမွာပဲ နည္းျပ တူခ်ယ္ကို ထုတ္ပယ္လိုက္တယ္လို႔ သိရပါတယ္။ ဂ်ာမနီက သတင္းမ်ားအရ ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါ႐ိုက္တာ လီယိုနာဒိုက မႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးခဲ့တဲ့ အသက္ ၄၇ ႏွစ္အရြယ္နည္းျပကို စာနာစိတ္မရွိပဲ အသင္းကေန ထုတ္ပယ္လိုက္တယ္လို႔ ေဖာ္ျပေနၾကပါတယ္။

ပိုခ်က္တီႏိုကေတာ့ ၿပီးခဲ့တဲ့ႏွစ္က စပါးအသင္းနဲ႔ လမ္းခြဲလိုက္ၿပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနတာၾကၿပီ ျဖစ္ပါတယ္။ အသက္ ၄၈ ႏွစ္အရြယ္နည္းျပ ပိုခ်က္တီႏိုကို ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္ နဲ႔ ယူႏိုက္တက္အသင္းတို႔က မႏွစ္ကတုန္းက အသီးသီး ဆက္သြယ္ခဲ့ၾကတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

မၾကာေသးခင္ကမွ ပိုခ်က္တီႏိုက “ တစ္ေန႔မွာ ပီအက္စ္ဂ်ီလိုအသင္းမ်ိဳးကို ကိုင္တြယ္ခြင့္ရတာ ဘယ္ေလာက္ေတာင္ ေက်နပ္စရာေကာင္းလိုက္မလို႔ဆိုတာကို ကၽြန္ေတာ္အၿမဲတမ္းေျပာခဲ့ပါတယ္။ သူတို႔အသင္းရဲ႕ ပြဲေတြကို ကၽြန္ေတာ္အၿမဲၾကည့္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္ မွာေပါ့ တစ္ခါတစ္ေလ သူတို႔ရဲ႕ လက္ေထာက္နည္းျပနဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

နည္းျပတူခ်ယ္ကေတာ့ ပီအက္စ္ဂ်ီအသင္းကို (၃) ႏွစ္တာ ကိုင္တြယ္ခဲ့ၿပီး ႏွစ္ႏွစ္ဆက္တိုက္ လီဂူး ၁ အမွတ္ေပးဖလားကို ဆြတ္ခူးႏိုင္ေစခဲ့ပါတယ္။ ဒါ့အျပင္ အျခားေသာ ဖလားေတြကိုလည္း ဆြတ္ခူးရယူေပးခဲ့သူျဖစ္ပါတယ္။ သူဟာ အသင္းကို ၁၂၇ ပြဲကိုင္တြယ္ခဲ့ၿပီး (၉၅) ပြဲႏိုင္ပြဲရခဲ့ၿပီး ၇၄ ရာခိုင္ႏႈန္းျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ လက္ရွိအမွတ္ေပးဇယား အဆင့္ (၃) ေနရာမွာ ရပ္တည္ေနၿပီး အေပၚက (၂) သင္းနဲ႔  (၁) မွတ္ပဲ ကြာဟေနၿပီး ဂိုးကြာျခားခ်က္ေၾကာင့္ ယခုလို အဆင့္ (၃) ေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။