တစ်ခါတလေမှာ အသင်းအနေနဲ့ စိန်ခေါ်မှု အကြီးကြီးတွေကို ရင်ဆိုင်နေရတယ်ဆိုပြီး ပြောခဲ့တဲ့ ပီအက်စ်ဂျီနည်းပြ တူချယ်


ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်က အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမမယ့် ဒီရာသီမှာတော့ တစ်ခါတလေ စိန်ခေါ်မှုအကြီးကြီးတွေနဲ့ ရင်ဆိုင်နေရကြောင်း ပြောခဲ့ပါတယ်။ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ အခြားအသင်းတွေထက် အသာရနေတဲ့ ပီအက်စ်ဂျီဟာ ဒီရာသီမှာတော့ ရုန်းကန်နေရသလို အဓိက,ကစားသမားတွေဖြစ်တဲ့ နေမာနဲ့ အမ်ဘတ်ပီတို့ကိုလည်း အသင်းမှာ ဆက်ထိန်းထားဖို့ လုပ်ဆောင်နေရတာကို ရည်ရွယ်ပြီး တူချယ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။


၂၀၁၈ ခုနှစ် မေလမှာ ပီအက်စ်ဂျီအသင်းနည်းပြ ဖြစ်လာတဲ့ တူချယ်အနေနဲ့ နေမာ၊ အမ်ဘတ်ပီတို့နဲ့ ၂နှစ်ခွဲကြာ လက်တွဲ လာပြီးနောက်မှာ အသင်းကို အကောင်းဆုံးအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ထားနိုင်ပေမယ့် အသင်းရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ကိုတော့ အကောင်အထည် မဖော်နိုင်သေးတာဖြစ်ပါတယ်။ နေမာနဲ့ အမ်ဘတ်ပီတို့အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတာကြောင့် တူချယ်အနေနဲ့ စိုးရိမ်နေပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တူချယ်က “ တစ်ခါတလေက အရမ်းကို လွယ်ကူပါတယ်။ တစ်ခါတလေကျ အရမ်းကိုခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေ ရသလိုပါပဲ။ အမှန်အတိုင်းရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် အသင်းကိုစရောက်ခဲ့တဲ့ ၆ လမှာ တကယ်ကို ခက်ခဲခဲ့တာပါ။ ဝမ်းနည်းမှုတွေ၊ ဒေါသထွက်မှုတွေကို ကြုံခဲ့ရပြီးမှ အခုလို ဖြစ်လာခဲ့တာပါ။” လို့ပြောခဲ့ပါတယ်။ တူချယ်ဟာ ပီအက်စ်ဂျီအ သင်းနဲ့အတူ ၂ နှစ်တာကာလအတွင်းမှာ ဆုဖလား ၆လုံးအထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

တစ္ခါတေလမွာ အသင္းအေနနဲ႔ စိန္ေခၚမႈ အႀကီးႀကီးေတြကို ရင္ဆိုင္ေနရတယ္ဆိုၿပီး ေျပာခဲ့တဲ့ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္
ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္က အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ေပမမယ့္ ဒီရာသီမွာေတာ့ တစ္ခါတေလ စိန္ေခၚမႈအႀကီးႀကီးေတြနဲ႔ ရင္ဆိုင္ေနရေၾကာင္း ေျပာခဲ့ပါတယ္။ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာ အျခားအသင္းေတြထက္ အသာရေနတဲ့ ပီအက္စ္ဂ်ီဟာ ဒီရာသီမွာေတာ့ ႐ုန္းကန္ေနရသလို အဓိက,ကစားသမားေတြျဖစ္တဲ့ ေနမာနဲ႔ အမ္ဘတ္ပီတို႔ကိုလည္း အသင္းမွာ ဆက္ထိန္းထားဖို႔ လုပ္ေဆာင္ေနရတာကို ရည္ရြယ္ၿပီး တူခ်ယ္က ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။
၂၀၁၈ ခုႏွစ္ ေမလမွာ ပီအက္စ္ဂ်ီအသင္းနည္းျပ ျဖစ္လာတဲ့ တူခ်ယ္အေနနဲ႔ ေနမာ၊ အမ္ဘတ္ပီတို႔နဲ႔ ၂ႏွစ္ခြဲၾကာ လက္တြဲ လာၿပီးေနာက္မွာ အသင္းကို အေကာင္းဆံုးအသင္းတစ္သင္းျဖစ္ေအာင္ တည္ေဆာက္ထားႏိုင္ေပမယ့္ အသင္းရဲ႕ အဓိက ရည္မွန္းခ်က္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ဖို႔ကိုေတာ့ အေကာင္အထည္ မေဖာ္ႏိုင္ေသးတာျဖစ္ပါတယ္။ ေနမာနဲ႔ အမ္ဘတ္ပီတို႔အေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတာေၾကာင့္ တူခ်ယ္အေနနဲ႔ စိုးရိမ္ေနၿပီး စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။
တူခ်ယ္က “ တစ္ခါတေလက အရမ္းကို လြယ္ကူပါတယ္။ တစ္ခါတေလက် အရမ္းကိုခက္ခဲတဲ့ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေန ရသလိုပါပဲ။ အမွန္အတိုင္း႐ိုး႐ိုးသားသား ဝန္ခံရမယ္ဆိုရင္ အသင္းကိုစေရာက္ခဲ့တဲ့ ၆ လမွာ တကယ္ကို ခက္ခဲခဲ့တာပါ။ ဝမ္းနည္းမႈေတြ၊ ေဒါသထြက္မႈေတြကို ၾကံဳခဲ့ရၿပီးမွ အခုလို ျဖစ္လာခဲ့တာပါ။” လို႔ေျပာခဲ့ပါတယ္။ တူခ်ယ္ဟာ ပီအက္စ္ဂ်ီအ သင္းနဲ႔အတူ ၂ ႏွစ္တာကာလအတြင္းမွာ ဆုဖလား ၆လံုးအထိ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။