ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်တွေမှာတော့ အတောက်ပဆုံး ကြယ်ဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ


ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေ နောက်ဆုံးပွဲစဉ်အဖြစ်ကစားတဲ့ သီတင်းပတ်မှာတော့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာက အခြားကစားသမားတွေထက် အမှတ်ပိုရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နေမာဟာ ဘာဆက်ဆီဟာကို ငါးဂိုး တစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဟက်ထရစ်ဟာ နေမာ အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ရရှိခဲ့တဲ့ ဟက်ထရစ်ဖြစ်ပြီး ဘရာဇီးကစားသမားတွေထဲက ချန်ပီ ယံလိဂ်မှာ ဟက်ထရစ်အများဆုံးရရှိထားတဲ့ အင်တာမီလန်တိုက်စစ်မှူးဟောင်း အက်ဒရီယာနိုရဲ့ စံချိန်ကို လိုက်မီသွားခဲ့ ပါတယ်။


ဒါအပြင်နေမာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီနိုင်တဲ့အသင်း နှစ်သင်းနဲ့အတူ ချန်ပီယံလိဂ်သွင်းဂို ၂၀ စီသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ပါတယ်။ နေမာဟာ လက်ရှိမှာ ချန်ပီယံလိဂ်သွင်းဂိုး ၄၁ ဂိုးအထိရှိခဲ့ပြီးဖြစ်ပြီး ဘာစီလိုနာ မှာ ကစားခဲ့စဉ်က ၂၁ ဂိုးနဲ့ ပီအက်စ်ဂျီအတွက် သွင်းဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘာဆက်ဆီဟာကို အနိုင် ရတဲ့ပွဲမှာ အစောပိုင်းသွင်းဂိုး နှစ်ဂိုးရထားတဲ့ နေမာဟာ ပင်နယ်တီရတဲ့အချိန်မှာ ဟက်ထရစ်ရမယ့်အခွင့်အရေးထက် အသင်းဖော် အမ်ဘတ်ပီအတွက် မှတ်တမ်းကောင်းရစေမယ့်အခွင့်အရေးကို ပေးခဲ့ပြီး ပင်နယ်တီကန်သွင်းမှုကို ပေးကန်ခဲ့ တာကြောင့် ချီးကျူးခဲ့နေရတာပဲ ဖြစ်ပါတယ်။


အမ်ဘတ်ပီကလည်း ဘာဆက်ဆီဟာနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်တာကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးနဲ့ သွင်းဂိုး ၂၀ ပြည့်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ၉ ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်း မရှိတာကို ရပ်တန့်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နေမာက နှလုံးသား ကြီးမားသူဖြစ်ပြီး အသင်းကို အကောင်းဆုံးဦးဆောင် နိုင်တဲ့သူဖြစ်ကြောင်း ပွဲအပြီးမှာတော့ ပီအက်စ်ဂျီအသင်း နည်းပြဖြစ်တဲ့ တူချယ်ကပြောသွားခဲ့ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ေနာက္ဆံုးပြဲစဥ္ေတြမွာေတာ့ အေတာက္ပဆံုး ၾကယ္ျဖစ္ခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာ
ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္ေတြ ေနာက္ဆံုးပြဲစဥ္အျဖစ္ကစားတဲ့ သီတင္းပတ္မွာေတာ့ ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴး ေနမာက အျခားကစားသမားေတြထက္ အမွတ္ပိုရခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ေနမာဟာ ဘာဆက္ဆီဟာကို ငါးဂိုး တစ္ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ဟက္ထရစ္သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒီဟက္ထရစ္ဟာ ေနမာ အတြက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ တတိယအႀကိမ္ေျမာက္ ရရွိခဲ့တဲ့ ဟက္ထရစ္ျဖစ္ၿပီး ဘရာဇီးကစားသမားေတြထဲက ခ်န္ပီ ယံလိဂ္မွာ ဟက္ထရစ္အမ်ားဆံုးရရွိထားတဲ့ အင္တာမီလန္တိုက္စစ္မွဴးေဟာင္း အက္ဒရီယာႏိုရဲ႕ စံခ်ိန္ကို လိုက္မီသြားခဲ့ ပါတယ္။
ဒါအျပင္ေနမာဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မတူညီႏိုင္တဲ့အသင္း ႏွစ္သင္းနဲ႔အတူ ခ်န္ပီယံလိဂ္သြင္းဂို ၂၀ စီသြင္းယူႏိုင္တဲ့ ပထမဆံုး ကစားသမားလည္းျဖစ္ပါတယ္။ ေနမာဟာ လက္ရွိမွာ ခ်န္ပီယံလိဂ္သြင္းဂိုး ၄၁ ဂိုးအထိရွိခဲ့ၿပီးျဖစ္ၿပီး ဘာစီလိုနာ မွာ ကစားခဲ့စဥ္က ၂၁ ဂိုးနဲ႔ ပီအက္စ္ဂ်ီအတြက္ သြင္းဂိုး ၂၀ သြင္းယူေပးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ ဘာဆက္ဆီဟာကို အႏိုင္ ရတဲ့ပြဲမွာ အေစာပိုင္းသြင္းဂိုး ႏွစ္ဂိုးရထားတဲ့ ေနမာဟာ ပင္နယ္တီရတဲ့အခ်ိန္မွာ ဟက္ထရစ္ရမယ့္အခြင့္အေရးထက္ အသင္းေဖာ္ အမ္ဘတ္ပီအတြက္ မွတ္တမ္းေကာင္းရေစမယ့္အခြင့္အေရးကို ေပးခဲ့ၿပီး ပင္နယ္တီကန္သြင္းမႈကို ေပးကန္ခဲ့ တာေၾကာင့္ ခ်ီးက်ဴးခဲ့ေနရတာပဲ ျဖစ္ပါတယ္။
အမ္ဘတ္ပီကလည္း ဘာဆက္ဆီဟာနဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္တာေၾကာင့္ ခ်န္ပီယံလိဂ္သမိုင္းမွာ အသက္အငယ္ဆံုးနဲ႔ သြင္းဂိုး ၂၀ ျပည့္ခဲ့တဲ့ ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ၉ ပြဲဆက္ ဂိုးသြင္းယူႏိုင္ျခင္း မရွိတာကို ရပ္တန္႔ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ေနမာက ႏွလံုးသား ႀကီးမားသူျဖစ္ၿပီး အသင္းကို အေကာင္းဆံုးဦးေဆာင္ ႏိုင္တဲ့သူျဖစ္ေၾကာင္း ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီအသင္း နည္းျပျဖစ္တဲ့ တူခ်ယ္ကေျပာသြားခဲ့ပါတယ္။