ပီအက်စ်ဂျီအသင်းအတွက် လိုအပ်နေတာ မက်ဆီမဟုတ်ဘူး ကန်တီပါဆိုပြီး ပြောခဲ့တဲ့ ကွင်းလယ်လူဟောင်း


ပီအက်စ်ဂျီအသင်းကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ အဲရစ်ကာဘီဆန်ဒရာတာနာက လက်ရှိအသင်းအတွက်တကယ် လိုအပ်နေတဲ့ကစားသမားက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမဟုတ်ဘဲ ချဲလ်ဆီးကွင်းလယ်လူ ကန်တီ သာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဖလားရဖို့အတွက် နာမည်ကျော်ကစားသမားတွေကို ကျော်ယူထားပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ပေါ်တူဂီနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပြင်သစ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကန် တီအနေနဲ့ ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေရတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေပြီး သူကိုခေါ်ယူဖို့အတွက် ဥရောပကလပ်အသင်းကြီးတွေကလည်း စိတ်ဝင်စားနေ တယ်လို့ သိရပါတယ်။ ကန်တီဟာ လက်စတာ ၊ ချဲလ်ဆီးတို့နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။


ပြင်သစ်ရေဒီယိုလိုင်းတစ်ခုဖြစ်တဲ့ France Bleu ကနေတဆင့် အဲရစ်ကာဘီဆန်ဒရာတာနာက “ ကျွန်တော်သာ ပီအက်စ် ဂျီအသင်းရဲ့ ဦးဆောင်သူတစ်ဦးဖြစ်မယ်ဆိုရင် ကန်တီကို ခေါ်ယူဖို့ စာချုပ်ချုပ်ဆိုမှာပါ။ အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ဆိုရင် မက်ဆီကိုခေါ်တာက ကန်တီကို ခေါ်တာက ပိုပြီးအကျိုးရှိပါလိမ့်မယ်။” လို့ပြောခဲ့ပါတယ်။ ကန်တီဟာ ချဲလ်ဆီးနဲ့ ၂၀၂၃ ခုနှစ်က စာချုပ်သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

zawgyi version

ပီအက္စ္ဂ်ီအသင္းအတြက္ လိုအပ္ေနတာ မက္ဆီမဟုတ္ဘူး ကန္တီပါဆိုၿပီး ေျပာခဲ့တဲ့ ကြင္းလယ္လူေဟာင္း
ပီအက္စ္ဂ်ီအသင္းကြင္းလယ္လူေဟာင္းတစ္ဦးျဖစ္တဲ့ အဲရစ္ကာဘီဆန္ဒရာတာနာက လက္ရွိအသင္းအတြက္တကယ္ လိုအပ္ေနတဲ့ကစားသမားက ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီမဟုတ္ဘဲ ခ်ဲလ္ဆီးကြင္းလယ္လူ ကန္တီ သာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ဖလားရဖို႔အတြက္ နာမည္ေက်ာ္ကစားသမားေတြကို ေက်ာ္ယူထားၿပီး ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီနဲ႔ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါ တယ္။
ၿပီးခဲ့တဲ့ေပၚတူဂီနဲ႔ ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္မွာ ျပင္သစ္အတြက္ တစ္လံုးတည္းေသာအႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ ကန္ တီအေနနဲ႔ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ရဲ႕လက္ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ ႐ုန္းကန္ေနရတာေၾကာင့္ အသင္း ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနၿပီး သူကိုေခၚယူဖို႔အတြက္ ဥေရာပကလပ္အသင္းႀကီးေတြကလည္း စိတ္ဝင္စားေန တယ္လို႔ သိရပါတယ္။ ကန္တီဟာ လက္စတာ ၊ ခ်ဲလ္ဆီးတို႔နဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိထားသူတစ္ဦးလည္း ျဖစ္ပါတယ္။
ျပင္သစ္ေရဒီယိုလိုင္းတစ္ခုျဖစ္တဲ့ France Bleu ကေနတဆင့္ အဲရစ္ကာဘီဆန္ဒရာတာနာက “ ကြ်န္ေတာ္သာ ပီအက္စ္ ဂ်ီအသင္းရဲ႕ ဦးေဆာင္သူတစ္ဦးျဖစ္မယ္ဆိုရင္ ကန္တီကို ေခၚယူဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုမွာပါ။ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ဖို႔ဆိုရင္ မက္ဆီကိုေခၚတာက ကန္တီကို ေခၚတာက ပိုၿပီးအက်ိဳးရွိပါလိမ့္မယ္။” လို႔ေျပာခဲ့ပါတယ္။ ကန္တီဟာ ခ်ဲလ္ဆီးနဲ႔ ၂၀၂၃ ခုႏွစ္က စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာလည္း ျဖစ္ပါတယ္။