အသင်းရဲ့ကစားသမား သုံးယောက်ကို ခေါ်ယူဖို့ ဘာစီလိုနာဘက်က စိတ်ဝင်စားနေတယ်လို့ ပြောခဲ့တဲ့ လိုင်ယွန်အသင်း ဥက္ကဌ အော်လက်စ်

လိုင်ယွန်အသင်းဥက္ကဌ ဖြစ်တဲ့ အော်လက်စ်က လာလီဂါကလပ်ဘာစီလိုနာအနေနဲ့ အသင်းရဲ့ကစားသမားသုံး ယောက်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာဟာ လိုင်ယွန်အသင်းကစားသမားတွေ ဖြစ်တဲ့ ဒီပေး၊ အော်ယူအာနဲ့ ဒမ်ဘီလီတို့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပြီး ဒီပေးကိုခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ နွေရာသီမှာ ကြိုးပမ်းမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။


ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းအနေနဲ့ နယ်သာလန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဒီပေးကိုခေါ်ယူဖို့အတွက် ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပေးကတော့ လက်ရှိ လိုင်ယွန်အသင်းမှာပျော်ရွှင်နေပြီး ၂၀၂၀-၂၁ ဘောလုံးရာသီကုန်မှ အသင်းပြောင်းရွှေ့ ဖို့အတွက် စဉ်းစားမယ်ဆိုပြီး မီဒီယာတွေကို ပြောခဲ့ပါတယ်။ လိုင်ယွန်ဟာ ကိုဗစ်ကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီက လီဂူး-၁ ပြိုင်ပွဲရပ်နားချိန်မှာ အဆင့်-၇ နေရာမှာပဲ ရှိနေခဲ့တာကြောင့် ဥရောပပြိုင်ပွဲကစားခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။


လိုင်ယွန်အသင်းဥက္ကဌဖြစ်တဲ့ အော်လက်စ်က “ ပထမဆုံးအနေနဲ့ အသင်းမှာရှိတဲ့ကစားသမားတွေကို ဘာစီလိုနာကို သွား ခွင့်ပြုမှာ မဟုတ်ပါဘူး။လာမယ့်အပြောင်းအရွှေ့မှာလည်း ကစားသမားတွေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း နားထောင်မှာ မဟုတ်ပါဘူး။ ဒီပေးတစ်ယောက်တည်းတင်မဟုတ်ပါဘူး။ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ အော်ယူ အာနဲ့ ဒမ်ဘီလီတို့ကိုလည်း ဆက်ထိန်းထားနိုင်ဖို့ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

အသင္းရဲ႕ကစားသမား သံုးေယာက္ကို ေခၚယူဖို႔ ဘာစီလိုနာဘက္က စိတ္ဝင္စားေနတယ္လို႔ ေျပာခဲ့တဲ့ လိုင္ယြန္အသင္း ဥကၠဌ ေအာ္လက္စ္
လိုင္ယြန္အသင္းဥကၠဌ ျဖစ္တဲ့ ေအာ္လက္စ္က လာလီဂါကလပ္ဘာစီလိုနာအေနနဲ႔ အသင္းရဲ႕ကစားသမားသံုး ေယာက္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဘာစီလိုနာဟာ လိုင္ယြန္အသင္းကစားသမားေတြ ျဖစ္တဲ့ ဒီေပး၊ ေအာ္ယူအာနဲ႔ ဒမ္ဘီလီတို႔ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတာျဖစ္ၿပီး ဒီေပးကိုေခၚယူဖို႔အတြက္ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ႀကိဳးပမ္းမႈေတြရွိခဲ့တယ္လို႔လည္း သိရပါတယ္။
ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းအေနနဲ႔ နယ္သာလန္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ဒီေပးကိုေခၚယူဖို႔အတြက္ ဆႏၵရွိခဲ့တာ ျဖစ္ပါတယ္။ ဒီေပးကေတာ့ လက္ရွိ လိုင္ယြန္အသင္းမွာေပ်ာ္ရႊင္ေနၿပီး ၂၀၂၀-၂၁ ေဘာလံုးရာသီကုန္မွ အသင္းေျပာင္းေရႊ႕ ဖို႔အတြက္ စဥ္းစားမယ္ဆိုၿပီး မီဒီယာေတြကို ေျပာခဲ့ပါတယ္။ လိုင္ယြန္ဟာ ကိုဗစ္ေၾကာင့္ ၿပီးခဲ့တဲ့ေဘာလံုးရာသီက လီဂူး-၁ ၿပိဳင္ပြဲရပ္နားခ်ိန္မွာ အဆင့္-၇ ေနရာမွာပဲ ရွိေနခဲ့တာေၾကာင့္ ဥေရာပၿပိဳင္ပြဲကစားခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။
လိုင္ယြန္အသင္းဥကၠဌျဖစ္တဲ့ ေအာ္လက္စ္က “ ပထမဆံုးအေနနဲ႔ အသင္းမွာရွိတဲ့ကစားသမားေတြကို ဘာစီလိုနာကို သြား ခြင့္ျပဳမွာ မဟုတ္ပါဘူး။လာမယ့္အေျပာင္းအေရႊ႕မွာလည္း ကစားသမားေတြရဲ႕ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ၿပီးေတာ့လည္း နားေထာင္မွာ မဟုတ္ပါဘူး။ ဒီေပးတစ္ေယာက္တည္းတင္မဟုတ္ပါဘူး။ အေျပာင္းအေရႊ႕သတင္းေတြထြက္ေနတဲ့ ေအာ္ယူ အာနဲ႔ ဒမ္ဘီလီတို႔ကိုလည္း ဆက္ထိန္းထားႏိုင္ဖို႔ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။