စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တဲ့ ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ လီယိုနာဒို


ပီအက်စ်ဂျီအသင်းအားကစား ဒါရိုက်တာ လီယိုနာဒိုက ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ဖြစ်လာနိုင်ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ စီရော်နယ်ဒိုကလည်း ဂျူဗင်တပ်ကနေထွက်ပြီး ပီအက်စ်ဂျီမှာ ကစားချင် တယ်လို့ ပြောဆိုခဲ့ဖူးတာကြောင့် အသင်းပြောင်းရွှေ့မယ့်သတင်းတွေလည်း ထွက်ပေါ်လာတာဖြစ်တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


စီရော်နယ်ဒိုဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကိုရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့် ရီး ရဲလ်နဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။ ရီးရဲလ်မှာ ၉ နှစ်ကြာကစားခဲ့ချိန်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ယူနိုက်တက်မှာရခဲ့တဲ့ တစ်ကြိမ်အပါအဝင် ၅ကြိမ်ရရှိခဲ့ပြီးနောက် ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဥရောပထိပ် သီးလိဂ် ၃ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊လာလီဂါနဲ့ စီးရီးအေပြိုင်ပွဲတွေမှာ စီရော်နယ်ဒိုအနေနဲ့ အမှတ်ပေးချန်ပီယံဆု ရရှိခဲ့သူ လည်း ဖြစ်ပါတယ်။


စီရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်နွေရာသီမှ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် လာမယ့်နွေရာသီမှာအသင်း ပြောင်းရွှေ့ဖို့ ရှိတယ်ဆိုပြီး သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ လီယိုနာဒို ကလည်း အပြောင်းအရွှေ့ဈေးကွက်မဖွင့်သေးခင်မှာ သတင်းတွေမျိုးစုံထွက်နေပေမယ့် သတင်းတွေအတိုင်းလည်း ဖြစ်လာ နိုင်တယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ ျဖစ္လာႏိုင္တယ္လို႔ ေျပာခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းအားကစားဒါ႐ိုက္တာ လီယိုနာဒို
ပီအက္စ္ဂ်ီအသင္းအားကစား ဒါ႐ိုက္တာ လီယိုနာဒိုက ဂ်ဴဗင္တပ္အသင္းရဲ႕တိုက္စစ္မွဴး စီေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ ျဖစ္လာႏိုင္ေၾကာင္း ဝန္ခံေျပာၾကားသြားခဲ့ပါတယ္။ စီေရာ္နယ္ဒိုကလည္း ဂ်ဴဗင္တပ္ကေနထြက္ၿပီး ပီအက္စ္ဂ်ီမွာ ကစားခ်င္ တယ္လို႔ ေျပာဆိုခဲ့ဖူးတာေၾကာင့္ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြလည္း ထြက္ေပၚလာတာျဖစ္တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
စီေရာ္နယ္ဒိုဟာ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းကေန ယူႏိုက္တက္ကိုေရာက္ရွိလာခဲ့ၿပီး ေျခစြမ္းျပခဲ့တာေၾကာင့္ ရီး ရဲလ္နဲ႔ ေခၚယူျခင္းကို ခံခဲ့ရပါတယ္။ ရီးရဲလ္မွာ ၉ ႏွစ္ၾကာကစားခဲ့ခ်ိန္အတြင္း ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ယူႏိုက္တက္မွာရခဲ့တဲ့ တစ္ႀကိမ္အပါအဝင္ ၅ႀကိမ္ရရွိခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ဥေရာပထိပ္ သီးလိဂ္ ၃ခုျဖစ္တဲ့ ပရီးမီးယားလိဂ္၊လာလီဂါနဲ႔ စီးရီးေအၿပိဳင္ပြဲေတြမွာ စီေရာ္နယ္ဒိုအေနနဲ႔ အမွတ္ေပးခ်န္ပီယံဆု ရရွိခဲ့သူ လည္း ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုဟာ ၂၀၂၂ ခုႏွစ္ေႏြရာသီမွ ဂ်ဴဗင္တပ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ေပမယ့္ လာမယ့္ေႏြရာသီမွာအသင္း ေျပာင္းေရႊ႕ဖို႔ ရွိတယ္ဆိုၿပီး သတင္းေတြထြက္ေနတာလည္းျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းအားကစားဒါ႐ိုက္တာ လီယိုနာဒို ကလည္း အေျပာင္းအေရႊ႕ေစ်းကြက္မဖြင့္ေသးခင္မွာ သတင္းေတြမ်ိဳးစံုထြက္ေနေပမယ့္ သတင္းေတြအတိုင္းလည္း ျဖစ္လာ ႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။