နေမာ နဲ့ အမ်ဘာပေ တို့ကို စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေပြီလို့ အတည်ပြုလိုက်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ စူပါကြယ်ပွင်ဖြစ်တဲ့ နေမာကို စာချုပ်သစ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ အားကစားဒါရိုက်တာ လီယိုနာဒိုကို ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ဘရာဇီး စူပါကြယ်ပွင့်ဟာ လီဂူး ၁ ကလပ်အသင်းမှာ ဆက်ရှိချင်နေပြီး သတင်းများအရ စာချုပ်သစ် ချုပ်ဆိုရန် မျှော်လင့်နေတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းထံကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်း နဲ့ ရောက်ရှိလာတဲ့ နေမာ ကို အသင်းဟောင်း ဘာစီလိုနာက ပြန်လည်ခေါ်ယူရန် ဆက်တိုက် ဆက်သွယ်မှုတွေ လုပ်ထားပြီး အစောပိုင်းတုန်းက အသင်းမှာ အထိုင်ကျရန် ရုန်းကန်ခဲ့ရပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်း အထိုင်ကျလာပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ လီယိုနာဒိုက အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ လီဂူး ၁ ကလပ်အသင်းမှာပဲ ဆက်ရှိရန် ဆွေးနွေးနေတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေး အကျပ်အတည်းဖြစ်နေသော်လည်း အသင်းရဲ့ အကောင်းဆုံးကစားသမားတွေကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားနေတာဖြစ်ပါတယ်။

“အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ထိန်းသိမ်းဖို့ ခက်ခဲရင်တောင် ဒါကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ဆုံးရှုံးတာတွေကို ရေတွက်ပြီးပါပြီ။ အခု စာချုပ်သစ်ချုပ်ဖို့ကို စဉ်းစားရပါတော့မယ်။ အဲ့ဒါပြီးရင် နောက်ထပ် ရင်းနှီးမြုပ်နှံဖို့အတွက် လုပ်ရပါမယ်။ မနှစ်က ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ပါတယ်။ ဒီနှစ် အဲ့ဒီထက် ပိုများမှာပါ။ ကျွန်တော်တို့ အများကြီးတော့ မရင်းနှီးမမြုပ်နှံနိုင်တော့ပါဘူး” လို့ လီယိုနာဒိုက ပြောသွားခဲ့ပါတယ်။

ေနမာ နဲ႔ အမ္ဘာေပ တို႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ေဆြးေႏြးေနျပီလို႔ အတည္ျပဳလုိက္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါရိုက္တာ

ပီအက္စ္ဂ်ီအသင္းဟာ အသင္းရဲ႕ စူပါၾကယ္ပြင္ျဖစ္တဲ့ ေနမာကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ စတင္ေဆြးေႏြးေနျပီျဖစ္တယ္လို႔ အားကစားဒါရိုက္တာ လီယိုနာဒိုကို ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။ ဘရာဇီး စူပါၾကယ္ပြင့္ဟာ လီဂူး ၁ ကလပ္အသင္းမွာ ဆက္ရွိခ်င္ေနျပီး သတင္းမ်ားအရ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္က ပီအက္စ္ဂ်ီအသင္းထံကို ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၉၈ သန္း နဲ႔ ေရာက္ရွိလာတဲ့ ေနမာ ကို အသင္းေဟာင္း ဘာစီလိုနာက ျပန္လည္ေခၚယူရန္ ဆက္တိုက္ ဆက္သြယ္မႈေတြ လုပ္ထားျပီး အေစာပိုင္းတုန္းက အသင္းမွာ အထိုင္က်ရန္ ရုန္းကန္ခဲ့ရပါတယ္။ သို႔ေသာ္လည္း ေနာက္ပိုင္းမွာ တျဖည္းျဖည္း အထိုင္က်လာျပီး ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ယခုအခါ လီယိုနာဒိုက အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ လီဂူး ၁ ကလပ္အသင္းမွာပဲ ဆက္ရွိရန္ ေဆြးေႏြးေနတယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ဘ႑ာေရး အက်ပ္အတည္းျဖစ္ေနေသာ္လည္း အသင္းရဲ႕ အေကာင္းဆံုးကစားသမားေတြကို ဆက္လက္ထိန္းသိမ္းရန္ ၾကိဳးစားေနတာျဖစ္ပါတယ္။

“အသင္းရဲ႕ အေကာင္းဆံုး ကစားသမားေတြကို ထိန္းသိမ္းဖို႔ ခက္ခဲရင္ေတာင္ ဒါကို ေျဖရွင္းႏိုင္မယ္လို႔ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ဆံုးရႈံးတာေတြကို ေရတြက္ျပီးပါျပီ။ အခု စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ကို စဥ္းစားရပါေတာ့မယ္။ အဲ့ဒါျပီးရင္ ေနာက္ထပ္ ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ လုပ္ရပါမယ္။ မႏွစ္က ၁၅ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းအထိ ဆံုးရႈံးခဲ့ပါတယ္။ ဒီႏွစ္ အဲ့ဒီထက္ ပိုမ်ားမွာပါ။ ကၽြန္ေတာ္တို႔ အမ်ားၾကီးေတာ့ မရင္းႏီွးမျမဳပ္ႏွံႏိုင္ေတာ့ပါဘူး” လို႔ လီယိုနာဒိုက ေျပာသြားခဲ့ပါတယ္။