ဖာဘရီဂတ်စ်ရဲ့ Fantasy Football အသင်းမှာ ခါးသီးပြိုင်ဘက် စပါးအသင်းရဲ့ကစားသမားနှစ်ဦးအထိ ပါဝင်ခဲ့တာကြောင့် ဝေဖန်ခံနေရ


လန်ဒန်မြို့ရဲ့ အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဖာဘရီဂတ်စ်ရဲ့ Fantasy Football အသင်းမှာ ပြိုင်ဘက်စပါးအသင်းရဲ့ ကစားသမားနှစ်ဦးပါဝင်နေခဲ့တာကြောင့် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။ Fantasy Football ဂိမ်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေကို ကိုယ်စိတ်ကြိုက်ရွေးချယ်ဝယ်ယူပြီး ကိုယ် ပိုင်အသင်းတစ်သင်းကို တည်ဆောက်ရတဲ့ ဂိမ်းအမျိုးအစားလည်း ဖြစ်ပါတယ်။


အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဖာဘရီဂတ်စ်ရဲ့ ဒီတစ်ပတ်ကစားမယ့် Fantasy Football အသင်းမှာ အာဆင်နယ်ကစားသမား နှစ်ယောက်နဲ့ ချဲလ်ဆီးကစားသမား တစ်ယောက်ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဖာဘရီဂတ်စ်ရဲ့ အသင်းမှာ ပါဝင်ခဲ့ သူတွေက ဂိုးသမားနေရာမှာတော့ လီဗာပူးဂိုးသမား အလစ်ဆန် ပါဝင်ခဲ့ပြီး နောက်ခံလူ သုံးဦးမှာတော့ ဘရိုက်တန်က လမ်ပီတေး ၊မန်စီးတီးက ဒိုင်ယာစ်နဲ့ ချဲလ်ဆီးက ဇူးမားတို့ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။


ကွင်းလယ်ကစားသမား လေးဦးမှာတော့ စပါးက ဆွန်ဟောင်မင်၊လီဗာပူးက ဆာလက်နဲ့ အာဆင်နယ်က အူဘာမီယန်၊ အဲလ်နီနီကို ရွေးချယ်ထားခဲ့ပြီး တိုက်စစ် သုံးဦးနေရာအတွက်တော့ ဝုဗ်က ဂျီမီနက်ဇ်၊လိဒ်ယူနိုက်တက်က ဘမ်ဖို့ဒ်နဲ့ စပါး က ဟယ်ရီကိန်းတို့ကို ရွေးချယ်ထားတာပဲ ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ဟာ စပါးအသင်းကို ပြိုင်ဘက်အဖြစ် ၂၃ ပွဲကစားခဲ့ ပြီး အဲ့ဒီပွဲစဉ်တွေမှာ ၁၀ ပွဲနိုင်ပြီး ၅ ပွဲရှုံးခဲ့တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version
