အကို ကိုလက်လွှတ်ခဲ့ရပြီးနောက် ညီကို ခေါ်ယူဖို့ အစောပိုင်းကတည်းက ပီအက်စ်ဂျီအနေနဲ့ စိတ်ဝင်စားခဲ့ကြောင်း ဖခင် ဖြစ်သူပြောဆို


ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ သီယာဂိုအယ်ကန်တာရာကို လီဗာပူးကို ပြောင်းရွှေ့ခွင့်ပြုခဲ့ရပြီးနောက်မှာတော့ သူရဲ့ ညီဖြစ်တဲ့ ရာဖင်ဟာ အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် အစောပိုင်းက တည်းက စိတ်ဝင်စားနေတာဖြစ်တယ်လို့ ကစားသမားတွေရဲ့ဖခင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရာဖင်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာက ပီအက်စ်ဂျီကို သုံးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းဟာ အသက် ၂၉ နှစ်ပဲရှိသေးတဲ့ ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို စက်တင်ဘာလအတွင်းမှာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် လီဗာပူးအသင်းကို ပြောင်းရွှေ့ခွင့်ပြုခဲ့ရပါ တယ်။ သီယာဂိုနဲ့ ရာဖင်ဟာ တို့ဟာ အသက် ၂ နှစ်သာကွာပြီး ဘာစီလိုနာလူငယ်အသင်းမှာ နှစ်ယောက်စလုံးကစားခဲ့ပြီး အသင်းကြီးအတွက် ကစားခွင့်ရခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။


ကစားသမားတွေရဲ့ ဖခင်ဖြစ်တဲ့ မာဇင်ဟိုက ပြင်သစ်ဘောလုံးသတင်းတွေဖော်ပြတဲ့ GFFN ကနေတဆင့် “ ကျွန်တော် အနေနဲ့ ပီအက်စ်ဂျီရဲ့အားကစားဒါရိုက်တာဖြစ်တဲ့ လီယိုနာဒိုနဲ့ အမြဲစကားပြောဖြစ်ပါတယ်။ သူတို့က သီယာဂိုကို စာချုပ် သစ် ချုပ်ဆိုချင်ပေမယ့် ကျွန်တော်ရဲ့ သားအကြီးက လီဗာပူးကို ပြောင်းဖို့အတွက်သဘောတူပြီးသားဖြစ်နေပါပြီ။ အဲ့ဒီ နောက်မှာတော့ သူတို့က သားအငယ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သိရပြီး ကိုဗစ်ကြောင့်သာ အရောက်နောက် ကျခဲ့တာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အကို ကိုလက္လႊတ္ခဲ့ရၿပီးေနာက္ ညီကို ေခၚယူဖို႔ အေစာပိုင္းကတည္းက ပီအက္စ္ဂ်ီအေနနဲ႔ စိတ္ဝင္စားခဲ့ေၾကာင္း ဖခင္ ျဖစ္သူေျပာဆို
ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းဟာ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ သီယာဂိုအယ္ကန္တာရာကို လီဗာပူးကို ေျပာင္းေရႊ႕ခြင့္ျပဳခဲ့ရၿပီးေနာက္မွာေတာ့ သူရဲ႕ ညီျဖစ္တဲ့ ရာဖင္ဟာ အယ္ကန္တာရာကို ေခၚယူဖို႔အတြက္ အေစာပိုင္းက တည္းက စိတ္ဝင္စားေနတာျဖစ္တယ္လို႔ ကစားသမားေတြရဲ႕ဖခင္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ရာဖင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာ ဘာစီလိုနာက ပီအက္စ္ဂ်ီကို သံုးႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့သူလည္း ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ အသက္ ၂၉ ႏွစ္ပဲရွိေသးတဲ့ ကြင္းလယ္လူ သီယာဂိုအယ္ကန္တာရာကို စက္တင္ဘာလအတြင္းမွာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ လုပ္ေဆာင္ခဲ့ေပမယ့္ အဆင္မေျပခဲ့တာေၾကာင့္ လီဗာပူးအသင္းကို ေျပာင္းေရႊ႕ခြင့္ျပဳခဲ့ရပါ တယ္။ သီယာဂိုနဲ႔ ရာဖင္ဟာ တို႔ဟာ အသက္ ၂ ႏွစ္သာကြာၿပီး ဘာစီလိုနာလူငယ္အသင္းမွာ ႏွစ္ေယာက္စလံုးကစားခဲ့ၿပီး အသင္းႀကီးအတြက္ ကစားခြင့္ရခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။
ကစားသမားေတြရဲ႕ ဖခင္ျဖစ္တဲ့ မာဇင္ဟိုက ျပင္သစ္ေဘာလံုးသတင္းေတြေဖာ္ျပတဲ့ GFFN ကေနတဆင့္ “ ကြ်န္ေတာ္ အေနနဲ႔ ပီအက္စ္ဂ်ီရဲ႕အားကစားဒါ႐ိုက္တာျဖစ္တဲ့ လီယိုနာဒိုနဲ႔ အၿမဲစကားေျပာျဖစ္ပါတယ္။ သူတို႔က သီယာဂိုကို စာခ်ဳပ္ သစ္ ခ်ဳပ္ဆိုခ်င္ေပမယ့္ ကြ်န္ေတာ္ရဲ႕ သားအႀကီးက လီဗာပူးကို ေျပာင္းဖို႔အတြက္သေဘာတူၿပီးသားျဖစ္ေနပါၿပီ။ အဲ့ဒီ ေနာက္မွာေတာ့ သူတို႔က သားအငယ္ကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားတယ္လို႔ သိရၿပီး ကိုဗစ္ေၾကာင့္သာ အေရာက္ေနာက္ က်ခဲ့တာ ျဖစ္တယ္” လို႔ ေျပာခဲ့ပါတယ္။