နေမာကို စာချုပ်သစ်အတွက် ကမ်းလှမ်းရန် ပြင်ဆင်နေပြီဖြစ်တဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ နေမာကို လာမယ့် လအနည်းငယ်အတွင်းမှာ စာချုပ်သစ်အတွက် ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘရာဇီးကစားသမားဟာ ဘာစီလိုနာအသင်းကနေ ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းကို ရောက်ရှိနေကတည်းက အသင်းကနေ ထွက်ခွာရန် သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာဖြစ်ပါတယ်။

သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘောလုံးအသင်းတော်တော်များများ ဘဏ္ဍာရေးအကျပ်အတည်းတွေကို ကြုံတွေ့နေရလို့ ပီအက်စ်ဂျီအသင်းက သတ်မှတ်ထားတဲ့ တန်ကြေးကို မပေးနိုင်တော့ပါဘူး။ သူ့ရဲ့ စာချုပ်သက်တမ်းက (၂) နှစ်တောင် မကျန်တော့လို့ သတင်းများအရ ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းရန်အတွက် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ပုံမှန်ကမ်းလှမ်းမှုကို အခုထက်ထိ မလုပ်ရသေးပေမယ့် အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ အသင်းကြား ၂၀၂၀ အတွင်းမှာ ပြောဆိုထားပါသေးတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၈၇) ပွဲကစားထားပြီး (၇၂) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

ေနမာကို စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းရန္ ျပင္ဆင္ေနျပီျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီအသင္းဟာ ေနမာကို လာမယ့္ လအနည္းငယ္အတြင္းမွာ စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဘရာဇီးကစားသမားဟာ ဘာစီလိုနာအသင္းကေန ၂၀၁၇ ခုႏွစ္က ပီအက္စ္ဂ်ီအသင္းကို ေရာက္ရွိေနကတည္းက အသင္းကေန ထြက္ခြာရန္ သတင္းေတြ ဆက္တိုက္ ထြက္ေပၚေနတာျဖစ္ပါတယ္။

သို႔ေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေဘာလံုးအသင္းေတာ္ေတာ္မ်ားမ်ား ဘ႑ာေရးအက်ပ္အတည္းေတြကို ၾကံဳေတြ႕ေနရလို႔ ပီအက္စ္ဂ်ီအသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးကို မေပးႏိုင္ေတာ့ပါဘူး။ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းက (၂) ႏွစ္ေတာင္ မက်န္ေတာ့လို႔ သတင္းမ်ားအရ ပီအက္စ္ဂ်ီအသင္းဟာ ဘရာဇီးကစားသမားကို အသင္းမွာ ဆက္လက္ထိန္းသိမ္းရန္အတြက္ လုပ္ေဆာင္ေနျပီလို႔ သိရပါတယ္။

ပံုမွန္ကမ္းလွမ္းမႈကို အခုထက္ထိ မလုပ္ရေသးေပမယ့္ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ အသင္းၾကား ၂၀၂၀ အတြင္းမွာ ေျပာဆိုထားပါေသးတယ္။ ေနမာဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ျပိဳင္ပြဲစံု (၈၇) ပြဲကစားထားျပီး (၇၂) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။