အာဆင်နယ်အပြင် ရီးရဲလ်ကပါ တရားဝင်ကမ်းလှမ်းခဲ့ပေမယ့် လိုင်ယွန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အော်ယူအာ

နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေပြီး အာဆင်နယ်ရဲ့ ကာလရှည်စိတ်ဝင်စားခြင်း ခံခဲ့ ရတဲ့ လိုင်ယွန်ကွင်းလယ်လူ အော်ယူအာက ဒီနှစ်နွေရာသီမှာတော့ အသင်းပြောင်းရွှေ့မှာ မဟုတ်ဘဲ လိုင်ယွန်မှာပဲ ဆက် ကစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အော်ယူအာကို စပိန်ထိပ်သီးရီးရဲလ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိခဲ့ပြီး တရားဝင် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

လိုင်ယွန်အသင်းဥက္ကဌ အောလက်စ်က အသင်းရဲ့အဓိက, ကစားသမားတွေဖြစ်တဲ့ ဒီပေး၊ အော်ယူအာတို့ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီပေးကိုတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် ခွင့်ပြုပေးခဲ့ရပြီလို့ ပြောခဲ့ပါ တယ်။ Diario AS သတင်းစာရဲ့ဖော်ပြချက်အရတော့ ရီးရဲလ်ဟာ ကစားသမားတစ်ဦးဖြစ်တဲ့ မာရီယာဒိုင်ဇ်အပါအဝင် ပေါင်သန်း ၂၀ နဲ့ အော်ယူအာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာလို့သိရပါတယ်။


အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ချက်ချထားပြီးနောက် အော်ယူအာက “ အသင်းရဲ့ အရေးပါတဲ့ကစားသမားတစ်ယောက် အဖြစ်ရှိနေပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေရအောင် လုပ်ဆောင်သွားချင်ပါတယ်။ အာဆင်နယ်က စိတ်ဝင်စားခဲ့တာ မှန်ပေမယ့် လိုင်ယွန်မှာပဲ ဆက်နေခဲ့တာက စွန့်စားမှုတစ်ခုကို ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ ရီးရဲလ်ကိုလည်း အာဆင်နယ် လိုပဲ ငြင်းပယ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။


လိုင်ယွန်ဟာ လက်ရှိအချိန်မှာတော့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး လီဂူး-၁ ပြိုင်ပွဲမှာ ခြောက်ပွဲကစားပြီးချိန်မှာတော့ တစ်ပွဲပဲ အနိုင်ရကာ ရမှတ် ၇ မှတ်ပဲ ရရှိထားတဲ့အသင်းလည်းဖြစ်ပါတယ်။ မာဆေးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ တော့ အော်ယူအာက လိုင်ယွန်အနေနဲ့ အနိုင်ရခဲ့သင့်ကြောင်းနဲ့ အသင်းမှာ ဆက်နေပြီး အောင်မြင်မှုရအောင်လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

zawgyi version

အာဆင္နယ္အျပင္ ရီးရဲလ္ကပါ တရားဝင္ကမ္းလွမ္းခဲ့ေပမယ့္ လိုင္ယြန္မွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တဲ့ ေအာ္ယူအာ
ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနၿပီး အာဆင္နယ္ရဲ႕ ကာလရွည္စိတ္ဝင္စားျခင္း ခံခဲ့ ရတဲ့ လိုင္ယြန္ကြင္းလယ္လူ ေအာ္ယူအာက ဒီႏွစ္ေႏြရာသီမွာေတာ့ အသင္းေျပာင္းေရႊ႕မွာ မဟုတ္ဘဲ လိုင္ယြန္မွာပဲ ဆက္ ကစားသြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ေအာ္ယူအာကို စပိန္ထိပ္သီးရီးရဲလ္ကလည္း ေခၚယူဖို႔ စိတ္ဝင္စားမႈေတြရွိခဲ့ၿပီး တရားဝင္ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။
လိုင္ယြန္အသင္းဥကၠဌ ေအာလက္စ္က အသင္းရဲ႕အဓိက, ကစားသမားေတြျဖစ္တဲ့ ဒီေပး၊ ေအာ္ယူအာတို႔ကို အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ ဒီေပးကိုေတာ့ ဘာစီလိုနာကို ေျပာင္းေရႊ႕ဖို႔အတြက္ ခြင့္ျပဳေပးခဲ့ရၿပီလို႔ ေျပာခဲ့ပါ တယ္။ Diario AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ ရီးရဲလ္ဟာ ကစားသမားတစ္ဦးျဖစ္တဲ့ မာရီယာဒိုင္ဇ္အပါအဝင္ ေပါင္သန္း ၂၀ နဲ႔ ေအာ္ယူအာကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့တာလို႔သိရပါတယ္။
အသင္းမွာ ဆက္ေနဖို႔ ဆံုးျဖတ္ခ်က္ခ်ထားၿပီးေနာက္ ေအာ္ယူအာက “ အသင္းရဲ႕ အေရးပါတဲ့ကစားသမားတစ္ေယာက္ အျဖစ္ရွိေနၿပီး အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြရေအာင္ လုပ္ေဆာင္သြားခ်င္ပါတယ္။ အာဆင္နယ္က စိတ္ဝင္စားခဲ့တာ မွန္ေပမယ့္ လိုင္ယြန္မွာပဲ ဆက္ေနခဲ့တာက စြန္႔စားမႈတစ္ခုကို ျပဳလုပ္လိုက္တာပဲျဖစ္ပါတယ္။ ရီးရဲလ္ကိုလည္း အာဆင္နယ္ လိုပဲ ျငင္းပယ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လိုင္ယြန္ဟာ လက္ရွိအခ်ိန္မွာေတာ့ ပံုမွန္ေျခစြမ္းရဖို႔ ရုန္းကန္ေနရၿပီး လီဂူး-၁ ၿပိဳင္ပြဲမွာ ေျခာက္ပြဲကစားၿပီးခ်ိန္မွာေတာ့ တစ္ပြဲပဲ အႏိုင္ရကာ ရမွတ္ ၇ မွတ္ပဲ ရရွိထားတဲ့အသင္းလည္းျဖစ္ပါတယ္။ မာေဆးနဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ ပြဲအၿပီးမွာ ေတာ့ ေအာ္ယူအာက လိုင္ယြန္အေနနဲ႔ အႏိုင္ရခဲ့သင့္ေၾကာင္းနဲ႔ အသင္းမွာ ဆက္ေနၿပီး ေအာင္ျမင္မႈရေအာင္လုပ္ေဆာင္ သြားမွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။