ဒီပေးအတွက် လိုင်ယွန်နဲ့ ဘာစီလိုနာတို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ပြောခဲ့တဲ့ လိုင်ယွန်အားကစားဒါရိုက်တာ ဂျူနင်ဟို

လိုင်ယွန်အသင်းအားကစားဒါရိုက်တာ ဂျူနင်ဟိုက နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာက ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်နေခဲ့တဲ့ တိုက်စစ်မှူး ဒီပေးအတွက် လိုင်ယွန်နဲ့ ဘာစီလိုနာတို့ကြား သဘောတူညီမှုရရှိခဲ့ပြီလို့ ပြောကြားခဲ့ပြီး ဒီနေ့မှာ ဒီပေးအနေနဲ့ အသင်းပြောင်းဖို့အတွက် လုပ်ဆောင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြသစ် ရော်နယ်ကိုးမန်းအနေနဲ့ နယ်သာလန်အသင်းမှာ လက်တွဲခဲဖူးတဲ့ ဒီပေးကို အရခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


၂၀၁၇ ခုနှစ်မှာ လိုင်ယွန်ကို ရောက်ရှိလာပြီးနောက် အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဒီပေးဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန် ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်မှုမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် သူကိုခေါ်ယူဖို့ အသင်းကြီးတွေက စောင့်ကြည့်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပေးကို ခေါ်ယူချင်တဲ့အသင်းတွေထဲမှာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက် လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့နေ့ကတော့ လိုင်ယွန်အားကစားဒါရိုက်တာ ဂျူနင်ဟိုက “ ဒီပေးက အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်နေပါပြီ။ သူကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ သဘောတူညီထားတာကြောင့် အသင်း အနေနဲ့ ခွင့်ပြုလိုက်တာပါ။ ကျွန်တော်တို့ အားလုံးကတော့ ဒီပေးအနေနဲ့ အသင်းအတွက် ဆက်ကစားပေးမယ်လို့ မျှော် လင့်ထားခဲ့ကြပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။


ဂျူနင်ဟိုက “ နည်းပြ ဂါစီယာနဲ့လည်း တွေ့ဆုံပြီးစကားပြောပြီးပါပြီ။ ဒီပေးရဲ့ အပြောင်းအရွှေ့က အသင်းအတွက် အကျိုး သက်ရောက်မှု ဘယ်လောက်ရှိမယ်ဆိုတာကို မေးခဲ့ပါတယ်။” လို့ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ လိုင်ယွန် ဟာ လက်ရှိလီဂူး-၁ ပြိုင်ပွဲမှာတော့ ခြောက်ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲပဲ ရရှိထားပြီး အမှတ်ပေးဇယားအဆင့်-၁၄ နေရာ မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

ဒီေပးအတြက္ လိုင္ယြန္နဲ႔ ဘာစီလုိုနာတို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ ေျပာခဲ့တဲ့ လိုင္ယြန္အားကစားဒါရိုက္တာ ဂ်ဴနင္ဟို
လိုင္ယြန္အသင္းအားကစားဒါရိုက္တာ ဂ်ဴနင္ဟိုက ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာက ေခၚယူဖို႔ ကာလရွည္ ေစာင့္ၾကည့္ေနခဲ့တဲ့ တိုက္စစ္မွဴး ဒီေပးအတြက္ လိုင္ယြန္နဲ႔ ဘာစီလိုနာတို႔ၾကား သေဘာတူညီမႈရရွိခဲ့ၿပီလို႔ ေျပာၾကားခဲ့ၿပီး ဒီေန႔မွာ ဒီေပးအေနနဲ႔ အသင္းေျပာင္းဖို႔အတြက္ လုပ္ေဆာင္မႈေတြ ျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဘာစီလိုနာ နည္းျပသစ္ ေရာ္နယ္ကိုးမန္းအေနနဲ႔ နယ္သာလန္အသင္းမွာ လက္တြဲခဲဖူးတဲ့ ဒီေပးကို အရေခၚယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
၂၀၁၇ ခုႏွစ္မွာ လိုင္ယြန္ကို ေရာက္ရွိလာၿပီးေနာက္ အသင္းအတြက္ ေျခစြမ္းျပေနတဲ့ ဒီေပးဟာ ၿပီးခဲ့တဲ့ရာသီက လိုင္ယြန္ ရဲ႕ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တက္ေရာက္မႈမွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ သူကိုေခၚယူဖို႔ အသင္းၾကီးေတြက ေစာင့္ၾကည့္ေနခဲ့တာပဲ ျဖစ္ပါတယ္။ ဒီေပးကို ေခၚယူခ်င္တဲ့အသင္းေတြထဲမွာ သူရဲ႕အသင္းေဟာင္းျဖစ္တဲ့ ယူႏိုက္တက္ လည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ေန႔ကေတာ့ လိုင္ယြန္အားကစားဒါရို္က္တာ ဂ်ဴနင္ဟိုက “ ဒီေပးက အသင္းနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ကို ေရာက္ေနပါၿပီ။ သူကလည္း ဘာစီလိုနာကို ေျပာင္းေရႊ႕ဖို႔ ပုဂၢိဳလ္ေရးဆိုင္ရာေတြ သေဘာတူညီထားတာေၾကာင့္ အသင္း အေနနဲ႔ ခြင့္ျပဳလိုက္တာပါ။ ကြ်န္ေတာ္တို႔ အားလံုးကေတာ့ ဒီေပးအေနနဲ႔ အသင္းအတြက္ ဆက္ကစားေပးမယ္လို႔ ေမွ်ာ္ လင့္ထားခဲ့ၾကပါတယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။
ဂ်ဴနင္ဟိုက “ နည္းျပ ဂါစီယာနဲ႔လည္း ေတြ႕ဆံုၿပီးစကားေျပာၿပီးပါၿပီ။ ဒီေပးရဲ႕ အေျပာင္းအေရႊ႕က အသင္းအတြက္ အက်ိဳး သက္ေရာက္မႈ ဘယ္ေလာက္ရွိမယ္ဆိုတာကို ေမးခဲ့ပါတယ္။” လို႔ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းျပခဲ့တဲ့ လိုင္ယြန္ ဟာ လက္ရွိလီဂူး-၁ ၿပိဳင္ပြဲမွာေတာ့ ေျခာက္ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲတစ္ပြဲပဲ ရရွိထားၿပီး အမွတ္ေပးဇယားအဆင့္-၁၄ ေနရာ မွာ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။