ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းရဲ့အခြေအနေကို နားမလည်ဘူး လို့ အားကစားဒါရိုက်တာ လီယိုနာဒို အပြစ်တင်ခဲ့


ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာလီယိုနာဒိုက အသင်းနည်းပြ တူချယ်လ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းကြုံတွေနေရတဲ့ အခက်အခဲများကို နားမလည်သေးကြောင်း အပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်လိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့ဟာ လာမယ့်တနင်္လာနေ့မှာ ပြီးဆုံးမှာဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်းအနေနဲ့ ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိသေးတာပဲ ဖြစ်ပါတယ်။


ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ရာသီကအဌားနဲ့ လာကစားခဲ့တဲ့ အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီနဲ့ ဆီဗီလာဂိုးသမား ရီကိုတို့ ကိုသာ အပြီးသတ်ခေါ်ယူထားနိုင်တာဖြစ်ပါတယ်။အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ အဓိက,ကစားသမားတွေ ဖြစ်တဲ့ နေမာနဲ့ အမ်ဘတ်ပီတို့ကို ဆက်ထိန်းထားနိုင်ဖို့ လုပ်ဆောင်နေတဲ့အတွက် ပီအက်စ်ဂျီအနေနဲ့ ကစားသမားသစ်ခေါ် ယူမှု မပြုလုပ်နိုင်တာလို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ပြီးခဲ့တဲ့နေ့က အန်ဂါးစ်နဲ့ ကစားခဲ့တဲ့ပွဲမှာတော့ ပီအက်စ်ဂျီဟာ ခြောက်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းအတွက် နေမာက နှစ်ဂိုးသွင်းယူခဲ့သလို အမ်ဘတ်ပီကလည်း တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လိဂ်ပွဲ ၂ ပွဲဆက်ရှုံးပြီးနောက်မှာ ၄ ပွဲဆက်ပြန်ပြီး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်က လိုင်ယွန်ကွင်းလယ်လူ အော်ယူ အာကို ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။


ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ လီယိုနာဒိုက “ ကျွန်တော်တို့အနေနဲ့ ဈေးကွက်ထဲမှာ ဖြစ်နိုင်တဲ့ခေါ်ယူမှုအတွက် ကစားသမားတွေကို စောင့်ကြည့်နေပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ အသင်းမှာမပျော်တော့ဘူးဆိုရင်ကျွန်တော် တို့ စီမံအုပ်ချုပ်သူတွေက သူနဲ့စကားပြောရတော့မှာပါ။ တနင်္လာနေ့မှာ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ်ဆိုတာ သိပါ တယ်။ ကစားသမားသစ်တွေရောက်လာနိုင်သလို တစ်ယောက်မှရောက်မလာတာမျိုးတွေလည်း ရှိနိုင်ပါတယ်” လို့ပြောခဲ့ပါ တယ်။

zawgyi version

ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လ္အေနနဲ႔ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္း အသင္းရဲ႕အေျခအေနကို နားမလည္ဘူး လို႔ အားကစားဒါရိုက္တာ လီယိုနာဒို အျပစ္တင္ခဲ့
ပီအက္စ္ဂ်ီအသင္းအားကစားဒါရိုက္တာလီယိုနာဒိုက အသင္းနည္းျပ တူခ်ယ္လ္အေနနဲ႔ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္း အသင္းၾကံဳေတြေနရတဲ့ အခက္အခဲမ်ားကို နားမလည္ေသးေၾကာင္း အျပစ္တင္ခဲ့တယ္လို႔ သိရပါတယ္။ ျပင္သစ္လိဂ္ရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕ဟာ လာမယ့္တနလၤာေန႔မွာ ၿပီးဆံုးမွာျဖစ္ေပမယ့္ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ကစားသမားသစ္ ေခၚယူႏိုင္ျခင္းမရွိေသးတာပဲ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီဟာ ၿပီးခဲ့တဲ့ရာသီကအဌားနဲ႔ လာကစားခဲ့တဲ့ အင္တာမီလန္တိုက္စစ္မွဴး အိုင္ကာဒီနဲ႔ ဆီဗီလာဂိုးသမား ရီကိုတို႔ ကိုသာ အၿပီးသတ္ေခၚယူထားႏိုင္တာျဖစ္ပါတယ္။အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ အဓိက,ကစားသမားေတြ ျဖစ္တဲ့ ေနမာနဲ႔ အမ္ဘတ္ပီတို႔ကို ဆက္ထိန္းထားႏိုင္ဖို႔ လုပ္ေဆာင္ေနတဲ့အတြက္ ပီအက္စ္ဂ်ီအေနနဲ႔ ကစားသမားသစ္ေခၚ ယူမႈ မျပဳလုပ္ႏုိင္တာလို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ၿပီးခဲ့တဲ့ေန႔က အန္ဂါးစ္နဲ႔ ကစားခဲ့တဲ့ပြဲမွာေတာ့ ပီအက္စ္ဂ်ီဟာ ေျခာက္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အသင္းအတြက္ ေနမာက ႏွစ္ဂိုးသြင္းယူခဲ့သလို အမ္ဘတ္ပီကလည္း တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ လိဂ္ပြဲ ၂ ပြဲဆက္ရႈံးၿပီးေနာက္မွာ ၄ ပြဲဆက္ျပန္ၿပီး အႏိုင္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လ္က လိုင္ယြန္ကြင္းလယ္လူ ေအာ္ယူ အာကို ေခၚယူေပးဖို႔ အသင္းတာဝန္ရွိသူေတြကို ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။
ပီအက္စ္ဂ်ီအသင္းအားကစားဒါရိုက္တာ လီယိုနာဒိုက “ ကြ်န္ေတာ္တို႔အေနနဲ႔ ေစ်းကြက္ထဲမွာ ျဖစ္ႏိုင္တဲ့ေခၚယူမႈအတြက္ ကစားသမားေတြကို ေစာင့္ၾကည့္ေနပါတယ္။ ကစားသမားတစ္ေယာက္အေနနဲ႔ အသင္းမွာမေပ်ာ္ေတာ့ဘူးဆိုရင္ကြ်န္ေတာ္ တို႔ စီမံအုပ္ခ်ဳပ္သူေတြက သူနဲ႔စကားေျပာရေတာ့မွာပါ။ တနလၤာေန႔မွာ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္မယ္ဆိုတာ သိပါ တယ္။ ကစားသမားသစ္ေတြေရာက္လာႏိုင္သလို တစ္ေယာက္မွေရာက္မလာတာမ်ိဳးေတြလည္း ရွိႏိုင္ပါတယ္” လို႔ေျပာခဲ့ပါ တယ္။