အာဆင်နယ်က စိတ်ဝင်စားနေတဲ့ အော်ယူအာ ကို အသင်းကြီးသုံးသင်းကလည်း စိတ်ဝင်စားနေတာကြောင့် လာမယ့် သောကြာနေ့မှာ အသင်းပြောင်း၊ မပြောင်း သိရမယ်


နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်က ခေါ်ယူဖို့ ကာလရှည်ကြိုးစားနေတဲ့ ကွင်းလယ်လူ အော်ယူအာကို ခေါ်ယူဖို့ အတွက် အသင်းကြီးသုံးသင်းကလည်း စိတ်ဝင်စားနေတယ်လို့ လိုင်ယွန်အသင်းဥက္ကဌ အော့လက်က ပြောခဲ့ပါတယ်။ အာ ဆင်နယ်နည်းပြ အာတီတာဟာ အော်ယူအာကို ခေါ်ယူဖို့ အတွက် လုပ်ဆောင်ခဲ့ပေမယ့် အခုချိန်ထိ သဘောတူညီမှု မရ သေးတာပဲ ဖြစ်ပါတယ်။


အသက် ၂၂ နှစ်သာ ရှိသေးတဲ့ အော်ယူအာ ဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်နဲ့အတူ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့တာ ကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ လိုင်ယွန်အသင်းဥက္ကဌ အော့လက်စ်ကတော့ အာဆင်နယ်အနေနဲ့ အော်ယူအာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတယ်ဆိုပြီး အတည်ပြု ပြောခဲ့တယ်လို့ သိရပါတယ်။


လိုင်ယွန်အသင်းဥက္ကဌ အော့လက်စ်က “ အခုချိန်မှာ အော်ယူအာကို စိတ်ဝင်စားနေတာက အာဆင်နယ်တစ်သင်းတည်း မဟုတ်တော့ဘဲ အခြားအသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။ အသင်းနှစ်သင်းက ကာလတိုစာချုပ်နဲ့ ကမ်းလှမ်း ခဲ့ပြီး နောက်တစ်သင်းကတော့ ကာလရှည်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် သူကိုတော့ ဈေးပေါပေါနဲ့ ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။


လိုင်ယွန်ဟာ အော်ယူအာကို ရောင်းချဖို့အတွက် သေချာသလောက်ရှိနေတာကြောင့် သူရဲ့နေရာကို အစားထိုးနိုင်ဖို့အ တွက် အေစီမီလန်ကွင်းလယ်ကစားသမား ပါကွေးတာကို ၅ နှစ်စာချုပ်နဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အပြီးသတ်ခေါ်ယူနိုင်ခဲ့ တယ်လို့ သိရပါတယ်။ လိုင်ယွန်ဟာ အသင်းရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ အော်ယူအာနဲ့ ဒီပေးတို့ကို ရောင်းချမလား ဆိုတာ ဈေးကွက်ပိတ်မယ့် သောကြာနေ့မှ တရားဝင်သိရမှာပဲ ဖြစ်ပါတယ်။

zawgyi version

အာဆင္နယ္က စိတ္ဝင္စားေနတဲ့ ေအာ္ယူအာ ကို အသင္းၾကီးသံုးသင္းကလည္း စိတ္ဝင္စားေနတာေၾကာင့္ လာမယ့္ ေသာၾကာေန႔မွာ အသင္းေျပာင္း၊ မေျပာင္း သိရမယ္
ေႏြရာသီအေျပာင္းအေရႊ႕မွာ အာဆင္နယ္က ေခၚယူဖို႔ ကာလရွည္ၾကိဳးစားေနတဲ့ ကြင္းလယ္လူ ေအာ္ယူအာကို ေခၚယူဖို႔ အတြက္ အသင္းၾကီးသံုးသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ လိုင္ယြန္အသင္းဥကၠဌ ေအာ့လက္က ေျပာခဲ့ပါတယ္။ အာ ဆင္နယ္နည္းျပ အာတီတာဟာ ေအာ္ယူအာကို ေခၚယူဖို႔ အတြက္ လုပ္ေဆာင္ခဲ့ေပမယ့္ အခုခ်ိန္ထိ သေဘာတူညီမႈ မရ ေသးတာပဲ ျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္သာ ရွိေသးတဲ့ ေအာ္ယူအာ ဟာ ၿပီးခဲ့တဲ့ရာသီက လိုင္ယြန္နဲ႔အတူ ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပႏိုင္ခဲ့တာ ေၾကာင့္ အသင္းၾကီးေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ လိုင္ယြန္အသင္းဥကၠဌ ေအာ့လက္စ္ကေတာ့ အာဆင္နယ္အေနနဲ႔ ေအာ္ယူအာကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ တြန္႔ဆုတ္တြန္႔ဆုတ္ လုပ္ေနတယ္ဆိုၿပီး အတည္ျပဳ ေျပာခဲ့တယ္လို႔ သိရပါတယ္။
လိုင္ယြန္အသင္းဥကၠဌ ေအာ့လက္္စ္က “ အခုခ်ိန္မွာ ေအာ္ယူအာကို စိတ္ဝင္စားေနတာက အာဆင္နယ္တစ္သင္းတည္း မဟုတ္ေတာ့ဘဲ အျခားအသင္းေတြကလည္း စိတ္ဝင္စားေနၾကပါတယ္။ အသင္းႏွစ္သင္းက ကာလတိုစာခ်ဳပ္နဲ႔ ကမ္းလွမ္း ခဲ့ၿပီး ေနာက္တစ္သင္းကေတာ့ ကာလရွည္စာခ်ဳပ္နဲ႔ ကမ္းလွမ္းခဲ့တာပါ။ ဒါေပမယ့္ သူကိုေတာ့ ေစ်းေပါေပါနဲ႔ ေခၚယူႏိုင္မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
လိုင္ယြန္ဟာ ေအာ္ယူအာကို ေရာင္းခ်ဖို႔အတြက္ ေသခ်ာသေလာက္ရွိေနတာေၾကာင့္ သူရဲ႕ေနရာကို အစားထိုးႏိုင္ဖို႔အ တြက္ ေအစီမီလန္ကြင္းလယ္ကစားသမား ပါေကြးတာကို ၅ ႏွစ္စာခ်ဳပ္နဲ႔ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က အၿပီးသတ္ေခၚယူႏိုင္ခဲ့ တယ္လို႔ သိရပါတယ္။ လိုင္ယြန္ဟာ အသင္းရဲ႕အဓိက,ကစားသမားေတြျဖစ္တဲ့ ေအာ္ယူအာနဲ႔ ဒီေပးတို႔ကို ေရာင္းခ်မလား ဆိုတာ ေစ်းကြက္ပိတ္မယ့္ ေသာၾကာေန႔မွ တရားဝင္သိရမွာပဲ ျဖစ္ပါတယ္။