၂၀၂၁ ခုနှစ်ရောက်မှ ဘောလုံးပြန်ကစားနိုင်ဖို့ ရှိနေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ


ရိမ်းစ်ကို အနိုင်ရတဲ့ပွဲမှာ တံတောက်ကြောဒဏ်ရာရရှိခဲ့သလို မာဆေးနဲ့ပွဲတုန်းကလည်း ရန်ပွဲမှာ ပါဝင်ခဲ့တာကြောင့် အရေး ယူမှုခံရမယ့် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ၂၀၂၁ ခုနှစ်ရောက်မှ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။နေမာဟာ မာဆေးနဲ့ပွဲမှာ ရန်ဖြစ်ခဲ့တဲ့အတွက် ၁၀ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖို့ရှိတာဖြစ်ကြောင်း လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်ကတော့ နေမာရဲ့ ဒဏ်ရာအခြေအနေအတွက် အသင်းဆရာဝန်နဲ့ စကားပြောဆိုသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လိဂ်ပွဲ ငါးပွဲကစားပြီးချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်သုံးပွဲ ဆက် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့်-၇ နေရာကို ပြန်လည်ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။အဓိကတိုက် စစ်မှူး နေမာကို ကာလရှည်လက်လွှတ်ရဖို့ ရှိနေတဲ့သတင်းကတော့ ပီအက်စ်ဂျီနည်းပြ တူချယ်လ်ကို ဖိအားဖြစ်စေတယ် လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ပီအက်စ်ဂျီနည်းပြ တူချယ်လ်က “ နေမာရဲ့ဒဏ်ရာအခြေအနေအတွက် ဆရာဝန်နဲ့ စကားပြောဆိုသွားမှာပါ။ နေမာဟာ ပီ အက်စ်ဂျီအသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေတဲ့သူဖြစ်ပြီး ကျောနံပါတ် ၁၀ ဝတ်ဆင်တဲ့ကစားသမားလိုမျိုးအပြင် နံပါတ် ၈ ဝတ်ဆင်တဲ့သူလိုမျိုးပါ ကစားနိုင်တဲ့သူပါ။ အဓိက,ကစားသမားတစ်ယောက်ဖြစ်တဲ့ နေမာကို ဆုံးရှုံးရမှာဖြစ်တာကြောင့် အသင်းအတွက် အများကြီးထိခိုက်မှု ရှိတယ်” လို့ ပြောခဲ့ပါတယ်။


ပြင်သစ်ဘောလုံးစည်းကမ်းထိန်းသိမ်းရေး ကော်မတီက နေမာကို ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါက ပီအက်စ်ဂျီအသင်းအနေ နဲ့ အယူခံဝင်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ နေမာအနေနဲ့ ၁၀ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရမယ်ဆိုရင် ပီအက်စ်ဂျီအ သင်းရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေကို လွဲချော်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

zawgyi version

၂၀၂၁ ခုႏွစ္ေရာက္မွ ေဘာလံုးျပန္ကစားႏိုင္ဖို႔ ရွိေနတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာ
ရိမ္းစ္ကို အႏိုင္ရတဲ့ပြဲမွာ တံေတာက္ေၾကာဒဏ္ရာရရွိခဲ့သလို မာေဆးနဲဲ႔ပြဲတုန္းကလည္း ရန္ပြဲမွာ ပါဝင္ခဲ့တာေၾကာင့္ အေရး ယူမႈခံရမယ့္ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာဟာ ၂၀၂၁ ခုႏွစ္ေရာက္မွ အသင္းအတြက္ ျပန္လည္ကစားေပးႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။ေနမာဟာ မာေဆးနဲ႔ပြဲမွာ ရန္ျဖစ္ခဲ့တဲ့အတြက္ ၁၀ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရဖို႔ရွိတာျဖစ္ေၾကာင္း လည္း သတင္းေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လ္ကေတာ့ ေနမာရဲ႕ ဒဏ္ရာအေျခအေနအတြက္ အသင္းဆရာဝန္နဲ႔ စကားေျပာဆိုသြား မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ လိဂ္ပြဲ ငါးပြဲကစားၿပီးခ်ိန္မွာ ေနာက္ဆံုးကစားခဲ့တဲ့ လိဂ္သံုးပြဲ ဆက္ အႏိုင္ရခဲ့တာေၾကာင့္ အမွတ္ေပးဇယားအဆင့္-၇ ေနရာကို ျပန္လည္ေရာက္ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။အဓိကတိုက္ စစ္မွဴး ေနမာကို ကာလရွည္လက္လႊတ္ရဖို႔ ရွိေနတဲ့သတင္းကေတာ့ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္လ္ကို ဖိအားျဖစ္ေစတယ္ လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္လ္က “ ေနမာရဲ႕ဒဏ္ရာအေျခအေနအတြက္ ဆရာဝန္နဲ႔ စကားေျပာဆိုသြားမွာပါ။ ေနမာဟာ ပီ အက္စ္ဂ်ီအသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ေနတဲ့သူျဖစ္ၿပီး ေက်ာနံပါတ္ ၁၀ ဝတ္ဆင္တဲ့ကစားသမားလိုမ်ိဳးအျပင္ နံပါတ္ ၈ ဝတ္ဆင္တဲ့သူလိုမ်ိဳးပါ ကစားႏိုင္တဲ့သူပါ။ အဓိက,ကစားသမားတစ္ေယာက္ျဖစ္တဲ့ ေနမာကို ဆံုးရႈံးရမွာျဖစ္တာေၾကာင့္ အသင္းအတြက္ အမ်ားၾကီးထိခိုက္မႈ ရွိတယ္” လို႔ ေျပာခဲ့ပါတယ္။
ျပင္သစ္ေဘာလံုးစည္းကမ္းထိန္းသိမ္းေရး ေကာ္မတီက ေနမာကို ၁၀ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့ပါက ပီအက္စ္ဂ်ီအသင္းအေန နဲ႔ အယူခံဝင္သြားဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။ ေနမာအေနနဲ႔ ၁၀ ပြဲပယ္ျပစ္ဒဏ္က်ခံခဲ့ရမယ္ဆိုရင္ ပီအက္စ္ဂ်ီအ သင္းရဲ႕ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္ေတြကို လြဲေခ်ာ္သြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။