နေမာ ၊ အမ်ဘတ်ပီ တို့လိုမျိုး ကစားနိုင်နေတဲ့ ကျွန်တော်ကို အာဂျင်းတီးနားမှာ ဘာကြောင့် မရွေးတာလဲလို့ မေးခွန်းထုတ် လိုက်တဲ့ ဒီမာရီယာ


ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းရဲ့ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ဦးဖြစ်ပြီး နာမည်ကျော်ကစားသမား တွေဖြစ်တဲ့ နေမာ၊ အမ်ဘတ်ပီတို့နဲ့ တွဲပြီး အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ဒီမာရီယာက လာမယ့်လမှာ ကစားမယ့် ကမ္ဘာ့ ဖလား ခြေစစ်ပွဲစဉ်တွေအတွက် အာဂျင်တီးနားအသင်းမှာ ရွေးချယ်ခြင်းမခံရတာကြောင့် ဘာကြောင့်လဲဆိုပြီး မေးခွန်း ထုတ်လိုက်တယ်လို့ သိရပါတယ်။


အာဂျင်တီးနားနည်းပြ စကာလိုနီ အနေနဲ့ နောက်လထဲမှာ ကစားရမယ့် အီကွေဒေါ၊ ဘိုလီဗီးယားတို့နဲ့ ပွဲစဉ်တွေအတွက် လူရွေးချယ်ခဲ့ရာမှာတော့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒီမာရီယာကို ထည့်သွင်းမရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်မှာတော့ မက်ဆီ၊ ဒိုင်ဘာလာနဲ့ လော်တာရိုမာတီနက်ဇ် တို့ကို ရွေးချယ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ ဒီမာရီယာက “ အကြောင်းပြချက် ရှာမတွေ့သလို ပြောစရာစကားလုံးလည်း မရှိပါဘူး။ လက်ရွေးစင်အသင်းမှာ ပါဝင်ကစားဖို့ဆိုတာ ကျွန် တော်အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ကလပ်အသင်းမှာ အကောင်းဆုံးကြိုးစားခဲ့တာတွေက လက်ရွေးစင်အသင်းမှာ ကစားခွင့်ရဖို့ပါ။ ကျွန်တော်အသက်က ၃၂ နှစ်ဖြစ်နေတာကြောင့် မရွေးချယ်ခဲ့တာလားလို့ပဲ မေးရမှာပါ” ဆိုပြီး ပြောခဲ့ပါ တယ်။


ဆက်လက်ပြီး ဒီမာရီယာက သူအနေနဲ့ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် အသက်ကြီးတယ်လို့ မခံစားရကြောင်းနဲ့ နေမာ၊ အမ်ဘတ်ပီတို့နဲ့ တွဲကစားနေတာကြောင့် သူတို့လိုမျိုးကစားနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒီမာရီယာနဲ့ ဆက် စပ်တဲ့အခြားသတင်းတစ်ခုမှာတော့ မာဆေးနဲ့ပွဲမှာ ကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်ကြောင့် ဒီမာရီယာအနေနဲ့ လေးပွဲပယ်ပြစ်ဒဏ် ကျခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version

ေနမာ ၊ အမ္ဘတ္ပီ တို႔လိုမ်ိဳး ကစားႏိုင္ေနတဲ့ ကြ်န္ေတာ္ကို အာဂ်င္းတီးနားမွာ ဘာေၾကာင့္ မေရြးတာလဲလို႔ ေမးခြန္းထုတ္ လိုက္တဲ့ ဒီမာရီယာ
ၿပီးခဲ့တဲ့ရာသီက ပီအက္စ္ဂ်ီအသင္းရဲ႕ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကစားသမားေတြထဲမွာ တစ္ဦးျဖစ္ၿပီး နာမည္ေက်ာ္ကစားသမား ေတြျဖစ္တဲ့ ေနမာ၊ အမ္ဘတ္ပီတို႔နဲ႔ တြဲၿပီး အေကာင္းဆံုးကစားႏိုင္ခဲ့တဲ့ ဒီမာရီယာက လာမယ့္လမွာ ကစားမယ့္ ကမၻာ့ ဖလား ေျခစစ္ပြဲစဥ္ေတြအတြက္ အာဂ်င္တီးနားအသင္းမွာ ေရြးခ်ယ္ျခင္းမခံရတာေၾကာင့္ ဘာေၾကာင့္လဲဆိုၿပီး ေမးခြန္း ထုတ္လိုက္တယ္လို႔ သိရပါတယ္။
အာဂ်င္တီးနားနည္းျပ စကာလိုနီ အေနနဲ႔ ေနာက္လထဲမွာ ကစားရမယ့္ အီေကြေဒါ၊ ဘိုလီဗီးယားတို႔နဲ႔ ပြဲစဥ္ေတြအတြက္ လူေရြးခ်ယ္ခဲ့ရာမွာေတာ့ ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒီမာရီယာကို ထည့္သြင္းမေရြးခ်ယ္ခဲ့တာပဲ ျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းရဲ႕ တိုက္စစ္မွာေတာ့ မက္ဆီ၊ ဒိုင္ဘာလာနဲ႔ ေလာ္တာရိုမာတီနက္ဇ္ တို႔ကို ေရြးခ်ယ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲစံုမွာ ၁၂ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၂၃ ၾကိမ္ျပဳလုပ္ထားႏိုင္ခဲ့တဲ့ ဒီမာရီယာက “ အေၾကာင္းျပခ်က္ ရွာမေတြ႕သလို ေျပာစရာစကားလံုးလည္း မရွိပါဘူး။ လက္ေရြးစင္အသင္းမွာ ပါဝင္ကစားဖို႔ဆိုတာ ကြ်န္ ေတာ္အတြက္ အေရးၾကီးတဲ့ ကိစၥတစ္ခုပါ။ ကလပ္အသင္းမွာ အေကာင္းဆံုးၾကိဳးစားခဲ့တာေတြက လက္ေရြးစင္အသင္းမွာ ကစားခြင့္ရဖို႔ပါ။ ကြ်န္ေတာ္အသက္က ၃၂ ႏွစ္ျဖစ္ေနတာေၾကာင့္ မေရြးခ်ယ္ခဲ့တာလားလို႔ပဲ ေမးရမွာပါ” ဆိုၿပီး ေျပာခဲ့ပါ တယ္။
ဆက္လက္ၿပီး ဒီမာရီယာက သူအေနနဲ႔ အသက္ ၃၂ ႏွစ္အရြယ္ရွိေနၿပီျဖစ္ေပမယ့္ အသက္ၾကီးတယ္လို႔ မခံစားရေၾကာင္းနဲ႔ ေနမာ၊ အမ္ဘတ္ပီတို႔နဲ႔ တြဲကစားေနတာေၾကာင့္ သူတို႔လိုမ်ိဳးကစားႏိုင္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ ဒီမာရီယာနဲ႔ ဆက္ စပ္တဲ့အျခားသတင္းတစ္ခုမွာေတာ့ မာေဆးနဲ႔ပြဲမွာ က်ဴးလြန္ခဲ့တဲ့ျပစ္ဒဏ္ေၾကာင့္ ဒီမာရီယာအေနနဲ႔ ေလးပြဲပယ္ျပစ္ဒဏ္ က်ခံရမွာ ျဖစ္တယ္လို႔ သိရပါတယ္။