လူမျိုးရေး ခွဲခြားတာတွေက ဘောလုံးလောကမှာ မရှိသင့်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ပြောဆို

အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နိုရယ်လီဂရက်က လူမျိုးရေးခွဲခြားမှုတွေဟာ ဘောလုံး လောကမှာ မရှိသင့်တော့ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဥက္ကဌ နိုရယ်လီဂရက်အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပီ အက်စ်ဂျီနဲ့ မာဆေးပွဲစဉ်မှာ မာဆေးနောက်ခံလူ ဂွန်ဇာလက်စ်က ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို လူမျိုးရေးခွဲခြားခဲ့တယ် ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။


ပီအက်စ်ဂျီနဲ့ မာဆေးတို့ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်ဖက်ကစားသမားတွေနဲ့ အချင်းများနေတုန်းက နေမာက ဂွန်ဇာလက်စ်ရဲ့ ဦးခေါင်းကို ရိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး နေမာကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပွဲအ ပြီးမှာတော့ နေမာက ဂွန်ဇာလက်စ်အနေနဲ့ သူကို လူမျိုးခွဲခြားတာမျိုးတွေ ပြုလုပ်ခဲ့တာကြောင့် အခုလိုတုန့်ပြန်ခဲ့တာ ဖြစ် တယ်ဆိုပြီး ဆိုရှယ်မီဒီယာကနေတဆင့် ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။


နောက်ပိုင်းမှာ နေမာအနေနဲ့ သူရဲ့အပြုအမူအတွက် ဂွန်ဇာလက်စ်ကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ သတင်းတွေကဖော် ပြခဲ့ပေမယ့် လူမျိုးရေးခွဲခြားမှုတွေ မပြုလုပ်သင့်တော့ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက်မှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နိုရယ်လီဂရက်ကလည်း လူမျိုးရေးခွဲခြားတာတွေ ဘောလုံးလောကမှာ မရှိသင့်တော့ ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

BFM Business က အင်တာဗျူးခဲ့ရာမှာတော့ ဥက္ကဌ နိုရယ်လီဂရက်က “ဥပမာအနေနဲ့ လူမည်းကစားသမားတစ်ယောက် ဂိုးသွင်းယူလိုက်လို့ ကွင်းထဲမှာ လှောင်ရယ်နေကြမယ်ဆိုရင် ဒါက လူမျိုးရေးခွဲခြားတာပါ။ ပီအက်စ်ဂျီနဲ့ မာဆေးတို့ပွဲမှာ ဆိုရင်လည်း ကစားသမား ၅ ယောက်အထိ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကပြင်သစ်ဘောလုံးလောကအတွက် အရှက်ရစရာ ဖြစ်တာကြောင့် သက်ဆိုင်တဲ့သူအားလုံးကို အရေးယူသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

လူမ်ိဳးေရး ခြဲျခားတာေတြက ေဘာလံုးေလာကမွာ မရွိသင့္ဘူးလို႔ ျပင္သစ္ေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌ ေျပာဆို
အသက္ ၇၈ ႏွစ္ရွိေနၿပီျဖစ္တဲ့ ျပင္သစ္ေဘာလံုးအဖြဲ႔ခ်ဳပ္ ဥကၠဌ ႏိုရယ္လီဂရက္က လူမ်ိဳးေရးခြဲျခားမႈေတြဟာ ေဘာလံုး ေလာကမွာ မရွိသင့္ေတာ့ဘူးဆိုၿပီး ေျပာဆိုခဲ့ပါတယ္။ ဥကၠဌ ႏိုရယ္လီဂရက္အေနနဲ႔ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ကစားခဲ့တဲ့ ပီ အက္စ္ဂ်ီနဲ႔ မာေဆးပြဲစဥ္မွာ မာေဆးေနာက္ခံလူ ဂြန္ဇာလက္စ္က ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာကို လူမ်ိဳးေရးခြဲျခားခဲ့တယ္ ဆိုတဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီနဲ႔ မာေဆးတို႔ကစားခဲ့တဲ့ ပြဲစဥ္မွာ ႏွစ္ဖက္ကစားသမားေတြနဲ႔ အခ်င္းမ်ားေနတုန္းက ေနမာက ဂြန္ဇာလက္စ္ရဲ႕ ဦးေခါင္းကို ရိုက္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က VAR ျပန္ၾကည့္ၿပီး ေနမာကို အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ ပြဲအ ၿပီးမွာေတာ့ ေနမာက ဂြန္ဇာလက္စ္အေနနဲ႔ သူကို လူမ်ိဳးခြဲျခားတာမ်ိဳးေတြ ျပဳလုပ္ခဲ့တာေၾကာင့္ အခုလိုတုန္႔ျပန္ခဲ့တာ ျဖစ္ တယ္ဆိုၿပီး ဆိုရွယ္မီဒီယာကေနတဆင့္ ျပန္ေျပာခဲ့တာ ျဖစ္ပါတယ္။
ေနာက္ပိုင္းမွာ ေနမာအေနနဲ႔ သူရဲ႕အျပဳအမူအတြက္ ဂြန္ဇာလက္စ္ကို ျပန္လည္ေတာင္းပန္ခဲ့တယ္လို႕ သတင္းေတြကေဖာ္ ျပခဲ့ေပမယ့္ လူမ်ိဳးေရးခြဲျခားမႈေတြ မျပဳလုပ္သင့္ေတာ့ေၾကာင္း ေျပာခဲ့တယ္လို႔ သိရပါတယ္။ ဒီျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္မွာ ျပင္သစ္ေဘာလံုးအဖြဲ႔ခ်ဳပ္ ဥကၠဌ ႏိုရယ္လီဂရက္ကလည္း လူမ်ိဳးေရးခြဲျခားတာေတြ ေဘာလံုးေလာကမွာ မရွိသင့္ေတာ့ ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
BFM Business က အင္တာဗ်ဴးခဲ့ရာမွာေတာ့ ဥကၠဌ ႏိုရယ္လီဂရက္က “ဥပမာအေနနဲ႔ လူမည္းကစားသမားတစ္ေယာက္ ဂိုးသြင္းယူလိုက္လို႔ ကြင္းထဲမွာ ေလွာင္ရယ္ေနၾကမယ္ဆိုရင္ ဒါက လူမ်ိဳးေရးခြဲျခားတာပါ။ ပီအက္စ္ဂ်ီနဲ႔ မာေဆးတို႔ပြဲမွာ ဆိုရင္လည္း ကစားသမား ၅ ေယာက္အထိ ထုတ္ပယ္ခံခဲ့ရပါတယ္။ ဒါကျပင္သစ္ေဘာလံုးေလာကအတြက္ အရွက္ရစရာ ျဖစ္တာေၾကာင့္ သက္ဆိုင္တဲ့သူအားလံုးကို အေရးယူသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။