မက်ဆီ အပြောင်းအရွှေ့ပုံပြင်ပြီးနောက်မှာ အမ်ဘတ်ပီက နောက်ထပ်ပုံပြင်တစ်ပုဒ်ဖြစ်လာမှာလား

နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာက ထွက်ခွာခွင့်တောင်းထားပြီး မန်စီးတီးကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ မက်ဆီရဲ့ အပြောင်းအရွှေ့က အလှုပ်ခတ်ဆုံးဖြစ်ခဲ့တယ်ဆိုပေမယ့် နောက်ဆုံးမှာတော့ မက်ဆီဟာ ဘာစီလိုနာမှာပဲဆက်ကစားသွား ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မက်ဆီရဲ့ အပြောင်းအရွှေ့ပြီးဆုံးသွားချိန်မှာ နောက်ထပ်ပေါ်လာတဲ့ နာမည်ကြီး အပြောင်းအရွှေ့ သတင်းတစ်ခုကတော့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘတ်ပီရဲ့ အပြောင်းအရွှေ့ပဲ ဖြစ်ပါတယ်။


အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် ပြင်သစ်အသင်းနဲ့ ပီအက်စ်ဂျီတို့ရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ အမ်ဘတ်ပီဟာ လာ မယ့်ရာသီအကုန်မှာ အသင်းကနေထွက်တော့မယ်လို့ ပြောခဲ့တာကြောင့် မန်စီးတီး၊ လီဗာပူးနဲ့ ရီးရဲလ်တွေကို ပြောင်းရွှေ့ နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်လာပါတယ်။ စာချုပ်ပါအချက်အလက်တွေအရ အမ်ဘတ်ပီရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၄၀၀ အထိရှိတယ်လို့ သိရပါတယ်။


ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်ကို လုပ်ခလစာပေါင် ၁၅ သန်း ရရှိနေတဲ့ အမ်ဘတ်ပီဟာ အခြားအသင်းတွေကို ပြောင်းရွှေ့ ဖြစ်ခဲ့မယ်ဆိုရင် လက်ရှိရနေတဲ့လစာထက်ပိုပြီး နောက်ထပ် ၅ သန်းအလိုရှိနေတယ်သလို ၅ နှစ်စာချုပ်သက်တမ်းချုပ်ဆို ရမယ်လို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။အမ်ဘတ်ပီရဲ့ ပြောင်းရွှေ့ကြေးကို မန်စီးတီး၊ ယူနိုက်တက်နဲ့ ရီးရဲလ်တို့လို ငွေ ကြေးများစွာနေတဲ့ အသင်းတွေက တွန့်ဆုတ်နေမှာမဟုတ်ပေမယ့် လီဗာပူးအတွက်တော့ အခက်တွေ့စေတယ်လို့ သိရပါ တယ်။


လီဗာပူးဟာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်ပြီးနောက် ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ပေါင်သန်း ၃၁၀ ကျော် သုံးပြီး ကစားသမားကောင်းတွေခေါ်ယူထားတာပေမယ့် အမ်ဘတ်ပီကို ခေါ်ယူဖို့ဆိုရင် လက်ရှိအသင်းရဲ့တိုက်စစ် ကစားသမား ၃ ဦးဖြစ်တဲ့ ဆာလက်၊ မာနေးနဲ့ ဖာမီနိုတို့ထဲက တစ်ဦးကို ရောင်းချပြီးမှ ခေါ်ယူနိုင်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လီဗာပူးတိုက်စစ်မှူး မာနေးကို ခေါ်ယူဖို့အတွက် ရီးရဲလ်က စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

zawgyi version

မက္ဆီ အေျပာင္းအေရႊ႕ပံုျပင္ၿပီးေနာက္မွာ အမ္ဘတ္ပီက ေနာက္ထပ္ပံုျပင္တစ္ပုဒ္ျဖစ္လာမွာလား
ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာက ထြက္ခြာခြင့္ေတာင္းထားၿပီး မန္စီးတီးကို ေျပာင္းေရႊ႕ေတာ့မယ္ဆိုတဲ့ မက္ဆီရဲ႕ အေျပာင္းအေရႊ႕က အလႈပ္ခတ္ဆံုးျဖစ္ခဲ့တယ္ဆိုေပမယ့္ ေနာက္ဆံုးမွာေတာ့ မက္ဆီဟာ ဘာစီလိုနာမွာပဲဆက္ကစားသြား ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ မက္ဆီရဲ႕ အေျပာင္းအေရႊ႕ၿပီးဆံုးသြားခ်ိန္မွာ ေနာက္ထပ္ေပၚလာတဲ့ နာမည္ၾကီး အေျပာင္းအေရႊ႕ သတင္းတစ္ခုကေတာ့ ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴး အမ္ဘတ္ပီရဲ႕ အေျပာင္းအေရႊ႕ပဲ ျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္သာ ရွိေသးေပမယ့္ ျပင္သစ္အသင္းနဲ႔ ပီအက္စ္ဂ်ီတို႔ရဲ႕ အဓိက တိုက္စစ္မွဴးျဖစ္တဲ့ အမ္ဘတ္ပီဟာ လာ မယ့္ရာသီအကုန္မွာ အသင္းကေနထြက္ေတာ့မယ္လို႔ ေျပာခဲ့တာေၾကာင့္ မန္စီးတီး၊ လီဗာပူးနဲ႔ ရီးရဲလ္ေတြကို ေျပာင္းေရႊ ႔ ႏိုင္တယ္ဆိုတဲ့ ခန္႔မွန္းမႈေတြ ထြက္ေပၚလာပါတယ္။ စာခ်ဳပ္ပါအခ်က္အလက္ေတြအရ အမ္ဘတ္ပီရဲ႕ ေျပာင္းေရႊ႕ေၾကးဟာ ေပါင္ သန္း ၄၀၀ အထိရွိတယ္လို႔ သိရပါတယ္။
ပီအက္စ္ဂ်ီအသင္းမွာ တစ္ႏွစ္ကို လုပ္ခလစာေပါင္ ၁၅ သန္း ရရွိေနတဲ့ အမ္ဘတ္ပီဟာ အျခားအသင္းေတြကို ေျပာင္းေရႊ႕ ျဖစ္ခဲ့မယ္ဆိုရင္ လက္ရွိရေနတဲ့လစာထက္ပိုၿပီး ေနာက္ထပ္ ၅ သန္းအလိုရွိေနတယ္သလို ၅ ႏွစ္စာခ်ဳပ္သက္တမ္းခ်ဳပ္ဆို ရမယ္လို႔လည္း ေျပာခဲ့တယ္လို႔ သိရပါတယ္။အမ္ဘတ္ပီရဲ႕ ေျပာင္းေရႊ႕ေၾကးကို မန္စီးတီး၊ ယူႏိုက္တက္နဲ႔ ရီးရဲလ္တို႔လို ေငြ ေၾကးမ်ားစြာေနတဲ့ အသင္းေတြက တြန္႔ဆုတ္ေနမွာမဟုတ္ေပမယ့္ လီဗာပူးအတြက္ေတာ့ အခက္ေတြ႕ေစတယ္လို႔ သိရပါ တယ္။
လီဗာပူးဟာ အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ေတြ ပိုင္ဆိုင္ၿပီးေနာက္ ၂၀၁၇ နဲ႔ ၂၀၁၈ ခုႏွစ္အတြင္းမွာ ေပါင္သန္း ၃၁၀ ေက်ာ္ သံုးၿပီး ကစားသမားေကာင္းေတြေခၚယူထားတာေပမယ့္ အမ္ဘတ္ပီကို ေခၚယူဖို႔ဆိုရင္ လက္ရွိအသင္းရဲ႕တိုက္စစ္ ကစားသမား ၃ ဦးျဖစ္တဲ့ ဆာလက္၊ မာေနးနဲ႔ ဖာမီႏိုတို႔ထဲက တစ္ဦးကို ေရာင္းခ်ၿပီးမွ ေခၚယူႏိုင္မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ လီဗာပူးတုိက္စစ္မွဴး မာေနးကို ေခၚယူဖို႔အတြက္ ရီးရဲလ္က စိတ္ဝင္စားေနတယ္လို႔လည္း သိရပါတယ္။