ရီးရဲလ်က စိတ်ဝင်စားနေတာကြောင့် ဂုဏ်ယူမိပေမယ့် ရန်းနက်စ်မှာပဲ ဆက်နေမယ်လို့ ပြောခဲ့တဲ့ ကာမာဗင်ဂါ

အသက် ၁၇ နှစ်သာရှိနေတဲ့ ရန်းနက်စ်ကွင်းလယ်လူ ကာမာဗင်ဂါ ကိုခေါ်ယူဖို့အတွက် ရီးရဲလ်က ကာလရှည်စောင့်ကြည့် နေခဲ့တာဖြစ်ပေမယ့် ကစားသမားကတော့ ရန်းနက်စ်မှာ ပျော်ရွှင်နေတာကြောင့် ရီးရဲလ်ဘက်စိတ်ဝင်စားတာကို ဂုဏ်ယူ မိပေမယ့် အသင်းမှာပဲ ဆက်နေမယ်လို့ ပြောခဲ့ပါတယ်။ ကာမာဗင်ဂါကို ခေါ်ယူဖို့အတွက် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ် ဂျီကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ခရိုအေးရှားကို လေးဂိုးနှစ်ဂိုးနဲ့ အနိုင်ရတဲ့ ပြင်သစ်အသင်းမှာ ပါဝင်ကစားခဲ့တဲ့ ကာမာဗင်ဂါဟာ ၁၉၁၄ ခုနှစ်နောက်ပိုင်းမှာ ပြင်သစ်အသင်းကြီးအတွက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သူလည်းဖြစ်ပါ တယ်။ ရီးရဲလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကာမာဗင်ဂါကတော့ ရန်းနက်စ်မှာ ပျော်ရွှင်နေတာကြောင့် ဒီရာသီမှာ အသင်းမှာပဲ ဆက်ကစားမယ်ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။


Telefoot က ရီးရဲလ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို ကာမာဗင်ဂါကို မေးခဲ့ရာမှာတော့ ကစားသမားက “ အသင်းကြီးတစ်သင်းက စိတ်ဝင်စားနေတာကြောင့် မပျော်တဲ့ကစားသမား ရှိပါ့မလာ။ ရီးရဲလ်လို အသင်းကြီးက စိတ်ဝင် စားနေတာကြောင့် ဂုဏ်ယူမိပေမယ့် ရန်းနက်စ်နဲ့ စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်ရှိနေပါတယ်။ ရန်းနက်စ်မှာလည်း ပျော် ရွှင်နေတာကြောင့် အသင်းမှာပဲ ဆက်နေသွားမှာပါ” လို့ ပြောခဲ့ပါတယ်။


ကာမာဗင်ဂါဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရန်းနက်စ်အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၆ ပွဲကစားပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရန်းနက်စ်အသင်းရဲ့ ဝါရင့်ကွင်းလယ် လူတစ်ဦးဖြစ်တဲ့ အန်ဒွန်ဇီ က ကာမာဗင်ဂါအနေနဲ့ အသက်အရွယ်နဲ့ မလိုက်အောင်ထူးချွန်တဲ့ကစားသမားတစ်ဦးဖြစ်တယ် ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။

zawgyi version

ရီးရဲလ္က စိတ္ဝင္စားေနတာေၾကာင့္ ဂုဏ္ယူမိေပမယ့္ ရန္းနက္စ္မွာပဲ ဆက္ေနမယ္လို႔ ေျပာခဲ့တဲ့ ကာမာဗင္ဂါ
အသက္ ၁၇ ႏွစ္သာရွိေနတဲ့ ရန္းနက္စ္ကြင္းလယ္လူ ကာမာဗင္ဂါ ကိုေခၚယူဖို႔အတြက္ ရီးရဲလ္က ကာလရွည္ေစာင့္ၾကည့္ ေနခဲ့တာျဖစ္ေပမယ့္ ကစားသမားကေတာ့ ရန္းနက္စ္မွာ ေပ်ာ္ရႊင္ေနတာေၾကာင့္ ရီးရဲလ္ဘက္စိတ္ဝင္စားတာကို ဂုဏ္ယူ မိေပမယ့္ အသင္းမွာပဲ ဆက္ေနမယ္လို႔ ေျပာခဲ့ပါတယ္။ ကာမာဗင္ဂါကို ေခၚယူဖို႔အတြက္ ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ ဂ်ီကလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
ေနးရွင္းလိဂ္ၿပိဳင္ပြဲရဲ႕ ခရိုေအးရွားကို ေလးဂိုးႏွစ္ဂိုးနဲ႔ အႏုိင္ရတဲ့ ျပင္သစ္အသင္းမွာ ပါဝင္ကစားခဲ့တဲ့ ကာမာဗင္ဂါဟာ ၁၉၁၄ ခုႏွစ္ေနာက္ပိုင္းမွာ ျပင္သစ္အသင္းၾကီးအတြက္ အသက္အငယ္ဆံုးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့သူလည္းျဖစ္ပါ တယ္။ ရီးရဲလ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ ကာမာဗင္ဂါကေတာ့ ရန္းနက္စ္မွာ ေပ်ာ္ရႊင္ေနတာေၾကာင့္ ဒီရာသီမွာ အသင္းမွာပဲ ဆက္ကစားမယ္ဆိုၿပီး ေျပာခဲ့တာျဖစ္ပါတယ္။
Telefoot က ရီးရဲလ္နဲ႔ ပတ္သက္ၿပီး ထြက္ေပၚေနတဲ့သတင္းေတြကို ကာမာဗင္ဂါကို ေမးခဲ့ရာမွာေတာ့ ကစားသမားက “ အသင္းၾကီးတစ္သင္းက စိတ္ဝင္စားေနတာေၾကာင့္ မေပ်ာ္တဲ့ကစားသမား ရွိပါ့မလာ။ ရီးရဲလ္လို အသင္းၾကီးက စိတ္ဝင္ စားေနတာေၾကာင့္ ဂုဏ္ယူမိေပမယ့္ ရန္းနက္စ္နဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၂ ခုႏွစ္ရွိေနပါတယ္။ ရန္းနက္စ္မွာလည္း ေပ်ာ္ ရႊင္ေနတာေၾကာင့္ အသင္းမွာပဲ ဆက္ေနသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ကာမာဗင္ဂါဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက ရန္းနက္စ္အတြက္ ၿပိဳင္ပြဲစံုမွာ ပြဲေပါင္း ၃၆ ပြဲကစားေပးခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို အသင္းကိုလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ရန္းနက္စ္အသင္းရဲ႕ ဝါရင့္ကြင္းလယ္ လူတစ္ဦးျဖစ္တဲ့ အန္ဒြန္ဇီ က ကာမာဗင္ဂါအေနနဲ႔ အသက္အရြယ္နဲ႔ မလိုက္ေအာင္ထူးခၽြန္တဲ့ကစားသမားတစ္ဦးျဖစ္တယ္ ဆိုၿပီး မွတ္ခ်က္ျပဳခဲ့ပါတယ္။