ကစားသမား ၅ ဦးအထိ ထုတ်ခဲ့ရတဲ့ ပြင်သစ်အယ်ဂလက်ဆီကိုပွဲစဉ်မှာ နေမာအနေနဲ့ အရှုံးတွေကို လက်သင့်ခံနိုင်အောင် လုပ်သင့်တယ်လို့ မာဆေးနောက်ခံလူ ဂွန်ဇာလက်စ် ပြောဆို

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကနေ သက်သာလာခဲ့တာကြောင့် ပြင်သစ်အယ်ဂလက်ဆီကိုပွဲမှာ ပါဝင်ကစားခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာအနေနဲ့ အရှုံးတွေကို လက်သင့်ခံနိုင်အောင် သင်ယူရဦးမယ်လို့ မာဆေးနောက်ခံလူ ဂွန်ဇာ လက်က ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ မာဆေးနဲ့ကစားခဲ့တဲ့ဒါဘီပွဲမှာ သော်ဗင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ ရှုံးခဲ့တာ ဖြစ်ပြီး ဒီရာသီကစားခဲ့တဲ့ ပွဲစဉ် နှစ်ပွဲစလုံး ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ အမ်ဘတ်ပီကလွဲပြီး ပီအက်စ်ဂျီမှာ အဓိက,ကစားသမားတွေ အားလုံးနီးပါးပြန်လည် ပါဝင်လာခဲ့ပြီး မာဆေးကို အနိုင်ရဖို့အတွက် ကစားခဲ့ပေမယ့် မာဆေးဂိုးသမားမန်ဒန်ဒါရဲ့ လက်စွမ်းပြမှုကြောင့်သာ နိုင်ပွဲနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကြောင့် ပီအက်စ်ဂျီဘက်က ကစားသမား ၃ ဦးနဲ့ မာဆေးဘက် က ၂ ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။


ပီအက်စ်ဂျီဘက်က ထုတ်ပယ်ခံရတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူးနေမာလည်း ပါဝင်ခဲ့ပြီး နေမာရဲ့ အနီကတ်ကို တော့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးမှ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နေမာဟာ အနီကတ်ပြခံရပြီး ကွင်းထဲက ထွက် ခွာနီးမှာ မာဆေးနောက်ခံလူ ဂွန်ဇာလက်စ်ကို လူမျိုးရေးခွဲခြားပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြ ပါတယ်။


နေမာဟာ ရန်ပွဲဖြစ်ပွားနေချိန်မှာ မာဆေးနောက်ခံလူ ဂွန်ဇာလက်စ်ရဲ့ ဦးခေါင်းကို ရိုက်ခဲ့တာကြောင့် အနီကတ်ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မာဆေးနောက်ခံလူ ဂွန်ဇာလက်စ်က “ဘောလုံးပွဲဆိုတာ လူမျိုးရေးခွဲခြားရ မယ့် နေရာမဟုတ်ပါဘူး။ နေမာအနေနဲ့ အသင်းရှုံးပွဲတွေ့တဲ့အချိန်မှာ လက်ခံနိုင်မှုရှိအောင်တော့ သင်ယူရဦးမှာပါ” လို့ သူရဲ့ ဆိုရှယ်မီဒီယာအကောင့်ဖြစ်တဲ့ တွစ်တာကနေတဆင့် ပြောသွားခဲ့ပါတယ်။¬

zawgyi veresion

ကစားသမား ၅ ဦးအထိ ထုတ္ခဲ့ရတဲ့ ျပင္သစ္အယ္ဂလက္ဆီကိုပြဲစဥ္မွာ ေနမာအေနနဲ႔ အရႈံးေတြကို လက္သင့္ခံႏိုင္ေအာင္ လုပ္သင့္တယ္လို႔ မာေဆးေနာက္ခံလူ ဂြန္ဇာလက္စ္ ေျပာဆို

ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရမႈကေန သက္သာလာခဲ့တာေၾကာင့္ ျပင္သစ္အယ္ဂလက္ဆီကိုပြဲမွာ ပါဝင္ကစားခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာအေနနဲ႔ အရႈံးေတြကို လက္သင့္ခံႏိုင္ေအာင္ သင္ယူရဦးမယ္လို႔ မာေဆးေနာက္ခံလူ ဂြန္ဇာ လက္က ေျပာၾကားခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ မာေဆးနဲ႔ကစားခဲ့တဲ့ဒါဘီပြဲမွာ ေသာ္ဗင္ရဲ႕တစ္လံုးတည္းေသာဂိုးနဲ႔ ရႈံးခဲ့တာ ျဖစ္ၿပီး ဒီရာသီကစားခဲ့တဲ့ ပြဲစဥ္ ႏွစ္ပြဲစလံုး ရႈံးနိမ့္ထားခဲ့တာ ျဖစ္ပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတဲ့ အမ္ဘတ္ပီကလြဲၿပီး ပီအက္စ္ဂ်ီမွာ အဓိက,ကစားသမားေတြ အားလံုးနီးပါးျပန္လည္ ပါဝင္လာခဲ့ၿပီး မာေဆးကို အႏိုင္ရဖို႔အတြက္ ကစားခဲ့ေပမယ့္ မာေဆးဂိုးသမားမန္ဒန္ဒါရဲ႕ လက္စြမ္းျပမႈေၾကာင့္သာ ႏိုင္ပြဲနဲ႔ ေဝးကြာခဲ့ရတာျဖစ္ပါတယ္။ ပြဲၿပီးခါနီးမွာ ျဖစ္ပြားခဲ့တဲ့ ရန္ပြဲေၾကာင့္ ပီအက္စ္ဂ်ီဘက္က ကစားသမား ၃ ဦးနဲ႔ မာေဆးဘက္ က ၂ ဦး ထုတ္ပယ္ခံခဲ့ရပါတယ္။
ပီအက္စ္ဂ်ီဘက္က ထုတ္ပယ္ခံရတဲ့ ကစားသမားေတြထဲမွာ တိုက္စစ္မွဴးေနမာလည္း ပါဝင္ခဲ့ၿပီး ေနမာရဲ႕ အနီကတ္ကို ေတာ့ ကြင္းလယ္ဒိုင္က VAR ျပန္ၾကည့္ၿပီးမွ ဆံုးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေနမာဟာ အနီကတ္ျပခံရၿပီး ကြင္းထဲက ထြက္ ခြာနီးမွာ မာေဆးေနာက္ခံလူ ဂြန္ဇာလက္စ္ကို လူမ်ိဳးေရးခြဲျခားေျပာဆိုမႈေတြ ရွိခဲ့တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾက ပါတယ္။
ေနမာဟာ ရန္ပြဲျဖစ္ပြားေနခ်ိန္မွာ မာေဆးေနာက္ခံလူ ဂြန္ဇာလက္စ္ရဲ႕ ဦးေခါင္းကို ရိုက္ခဲ့တာေၾကာင့္ အနီကတ္ျပစ္ဒဏ္ကို ခ်မွတ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ မာေဆးေနာက္ခံလူ ဂြန္ဇာလက္စ္က “ေဘာလံုးပြဲဆိုတာ လူမ်ိဳးေရးခြဲျခားရ မယ့္ ေနရာမဟုတ္ပါဘူး။ ေနမာအေနနဲ႔ အသင္းရႈံးပြဲေတြ႕တဲ့အခ်ိန္မွာ လက္ခံႏိုင္မႈရွိေအာင္ေတာ့ သင္ယူရဦးမွာပါ” လို႔ သူရဲ႕ ဆိုရွယ္မီဒီယာအေကာင့္ျဖစ္တဲ့ တြစ္တာကေနတဆင့္ ေျပာသြားခဲ့ပါတယ္။¬