ဒီမာရီယာ၊ ပါရီဒက်စ်တို့ပြီးနောက် နေမာမှာပါ ရောဂါပိုးတွေခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းကစားသမား ၃ ဦးအထိ ကိုဗစ်ပိုး ကူးစက်ခံနေရ

ချန်ပီယံလိဂ်ပြိုင်ပွဲပြီးနောက် အားလပ်ရက်အဖြစ် အိုင်ဘီဇာကမ်းခြေမှာ အနားယူခဲ့ကြတဲ့ ပီအက်စ်ဂျီကစားသမားတွေထဲ မှာ အစောပိုင်းတုန်းက ဒီမာရီယာနဲ့ ပါရီဒက်စ်တို့ကို ရောဂါပိုးစစ်ဆေးခဲ့ရတာမှာ တွေ့ရှိခဲ့တယ်ဆိုပြီး သတင်းတွေထွက်ခဲ့ ပေမယ့် နောက်ဆုံးသတင်းအရတော့ နေမာ ဆီမှာလည်း ရောဂါပိုးရှိတယ်ဆိုပြီး AFP သတင်းဌာနက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


ပြင်သစ်နေ့စဉ်ထုတ်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ L’Equipe ကလည်း နေမာမှာ ရောဂါပိုးတွေ့ရှိတယ်ဆိုတာကို အတည်ပြုခဲ့ပြီး ထုတ်ပြန်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းမှာ ရောဂါပိုးကူးစက်ခံထားရတဲ့ကစားသမား ၃ ဦးအထိရှိလာခဲ့ တာ ဖြစ်ပါတယ်။ နေမာနဲ့အတူ အိုင်ဘီဇာကမ်းခြေမှာ အပန်းဖြေခဲ့တဲ့ အိုင်ကာဒီ၊နာဗက်စ်နဲ့ မာကွင်ဟို့စ်တို့အနေနဲ့လည်း ဆေးစစ်မှု ခံယူရဖို့ရှိနေတယ်လို့ သိရပြီး မာကွင်ဟို့စ်ကတော့ ဆေးစစ်ချက်အဖြေမထွက်ခင်ကတည်းက သီးခြားနေထိုင်နေ တယ်လို့ သိရပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီက ပြင်သစ်နိုင်ငံကဘောလုံးပွဲတွေကို ရပ်နားခဲ့ပေမယ့် အခုချိန်မှာ ရာသီသစ်ကို ပြန်စတင်နေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပီအက်စ်ဂျီအနေနဲ့ ရာသီသစ်အတွက် အဖွင့်ပွဲစဉ် ၂ ပွဲကို မကစားရသေးဘဲ ရွှေ့ဆိုင်းထားရပြီး စက်တင်ဘာ ၁၀ ရက်နေ့မှ လန်းစ်အသင်းနဲ့ စတင်ကစားရဖို့ ရှိပေမယ့် ဒီပွဲကိုလည်း ထပ်ပြီးရွှေ့ဆိုင်းရဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့ အဓိက,ကစားသမားတွေထဲမှာပါဝင်တဲ့ အမ်ဘတ်ပီ၊ကင်ပန်ဘီတို့ဟာ ပြင်သစ်အသင်းနဲ့အတူနေးရှင်း လိဂ်ကစားရမှာဖြစ်ပြီး ၄၈ နာရီအတွင်းမှာ ကလပ်အသင်းပွဲစဉ်ကို ကစားရဖို့ရှိနေတာကြောင့် အသင်းနည်းပြ တူချယ်လ်အ နေနဲ့ ကစားသမားရဲ့ ပွဲပန်းနိုင်မှုအတွက် စိုးရိမ်နေတယ်လို့လည်းသိရပါတယ်။ လီဂူး-၁ ကလပ်အသင်းတွေဖြစ်တဲ့ စထရာ ဘော့၊လိုင်ယွန်၊မာဆေး၊ ရန်းနက်စ်၊ နန့်တက်စ်နဲ့ မွန့်ပယ်လီယာအသင်းတွေမှာလည်း ရောဂါပိုးတွေ့ရှိသူတွေရှိတယ် ဆိုပြီး သိရပါတယ်။

zawgyi version

ဒီမာရီယာ၊ ပါရီဒက္စ္တို႔ၿပီးေနာက္ ေနမာမွာပါ ေရာဂါပိုးေတြခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကစားသမား ၃ ဦးအထိ ကိုဗစ္ပိုး ကူးစက္ခံေနရ
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲၿပီးေနာက္ အားလပ္ရက္အျဖစ္ အိုင္ဘီဇာကမ္းေျခမွာ အနားယူခဲ့ၾကတဲ့ ပီအက္စ္ဂ်ီကစားသမားေတြထဲ မွာ အေစာပိုင္းတုန္းက ဒီမာရီယာနဲ႔ ပါရီဒက္စ္တို႔ကို ေရာဂါပိုးစစ္ေဆးခဲ့ရတာမွာ ေတြ႕ရွိခဲ့တယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ ေပမယ့္ ေနာက္ဆံုးသတင္းအရေတာ့ ေနမာ ဆီမွာလည္း ေရာဂါပိုးရွိတယ္ဆိုၿပီး AFP သတင္းဌာနက ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မွာ ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ျပင္သစ္ေန႔စဥ္ထုတ္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ L’Equipe ကလည္း ေနမာမွာ ေရာဂါပိုးေတြ႕ရွိတယ္ဆိုတာကို အတည္ျပဳခဲ့ၿပီး ထုတ္ျပန္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းမွာ ေရာဂါပိုးကူးစက္ခံထားရတဲ့ကစားသမား ၃ ဦးအထိရွိလာခဲ့ တာ ျဖစ္ပါတယ္။ ေနမာနဲ႔အတူ အိုင္ဘီဇာကမ္းေျခမွာ အပန္းေျဖခဲ့တဲ့ အိုင္ကာဒီ၊နာဗက္စ္နဲ႔ မာကြင္ဟို႔စ္တို႔အေနနဲ႔လည္း ေဆးစစ္မႈ ခံယူရဖို႔ရွိေနတယ္လို႔ သိရၿပီး မာကြင္ဟို႔စ္ကေတာ့ ေဆးစစ္ခ်က္အေျဖမထြက္ခင္ကတည္းက သီးျခားေနထိုင္ေန တယ္လို႔ သိရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ပိုးျဖစ္ပြားခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ရာသီက ျပင္သစ္ႏိုင္ငံကေဘာလံုးပြဲေတြကို ရပ္နားခဲ့ေပမယ့္ အခုခ်ိန္မွာ ရာသီသစ္ကို ျပန္စတင္ေနၿပီပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ပီအက္စ္ဂ်ီအေနနဲ႔ ရာသီသစ္အတြက္ အဖြင့္ပြဲစဥ္ ၂ ပြဲကို မကစားရေသးဘဲ ေရႊ႕ဆိုင္းထားရၿပီး စက္တင္ဘာ ၁၀ ရက္ေန႔မွ လန္းစ္အသင္းနဲ႔ စတင္ကစားရဖို႔ ရွိေပမယ့္ ဒီပြဲကိုလည္း ထပ္ၿပီးေရႊ႕ဆိုင္းရဖို႔ ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။
ပီအက္စ္ဂ်ီအသင္းရဲ႕ အဓိက,ကစားသမားေတြထဲမွာပါဝင္တဲ့ အမ္ဘတ္ပီ၊ကင္ပန္ဘီတို႔ဟာ ျပင္သစ္အသင္းနဲ႔အတူေနးရွင္း လိဂ္ကစားရမွာျဖစ္ၿပီး ၄၈ နာရီအတြင္းမွာ ကလပ္အသင္းပြဲစဥ္ကို ကစားရဖို႔ရွိေနတာေၾကာင့္ အသင္းနည္းျပ တူခ်ယ္လ္အ ေနနဲ႔ ကစားသမားရဲ႕ ပြဲပန္းႏိုင္မႈအတြက္ စိုးရိမ္ေနတယ္လို႔လည္းသိရပါတယ္။ လီဂူး-၁ ကလပ္အသင္းေတြျဖစ္တဲ့ စထရာ ေဘာ့၊လိုင္ယြန္၊မာေဆး၊ ရန္းနက္စ္၊ နန္႔တက္စ္နဲ႔ မြန္႔ပယ္လီယာအသင္းေတြမွာလည္း ေရာဂါပိုးေတြ႕ရွိသူေတြရွိတယ္ ဆိုၿပီး သိရပါတယ္။