ချန်ပီယံလိဂ်အပြီး အိုင်ဘီဇာကမ်းခြေမှာ အနားယူခဲ့တဲ့ ဒီမာရီယာနဲ့ ပါရီဒက်စ်တို့မှာ ကိုဗစ်ရောဂါဗိုးတွေ့ရှိတယ်လို့ သိရ

ချန်ပီယံလိဂ်ပွဲအပြီး အိုင်ဘီဇာကမ်းခြေမှာ အနားယူခဲ့တဲ့ ပီအက်စ်ဂျီအသင်းကစားသမားတွေထဲက ဒီမာရီယာနဲ့ ပါရီဒက်စ် တို့ နှစ်ယောက်ကို စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်ရောဂါပိုးရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ အနား ယူပြီး အသင်းနဲ့ပူးပေါင်းဖို့ ပြင်သစ်နိုင်ငံကို ပြန်လာချိန်မှာ ရောဂါပိုးတွေရှိခဲ့တာဖြစ်တယ်ဆိုပြီး ပြင်သစ်ကလာတဲ့ သတင်း တွေအရ သိရပါတယ်။


ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ L’Equie က ပြင်သစ်နိုင်ငံကို ပြန်ရောက်လာတဲ့သူတွေအနေနဲ့ သီးခြားနေထိုင်ဖို့ ရက် ကို ထပ်တိုးထားတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဘက်ကလည်း ကစားသမားနှစ်ယောက်မှာ ကိုဗစ်ရောဂါပိုးရှိ တယ်လို့ အတည်ပြုခဲ့ပေမယ့် ကစားသမားတွေရဲ့အမည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။သတင်းတွေကတော့ အိုင်ဘီဇာကမ်းခြေမှာ အပန်းဖြေခဲ့တဲ့ နေမာ၊အိုင်ကာဒီ၊ဟာရဲရားနဲ့ နာဗက်စ်တို့ဆီမှာလည်း ကိုဗစ်ရောဂါပိုးရှိနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။


ပီအက်စ်ဂျီအသင်းဘက်က “ အသင်းမှာရှိတဲ့ ကစားသမားနှစ်ယောက်ကို ရောဂါပိုးရှိတယ်ဆိုပြီး သံသယရှိနေပါတယ်။ သူ တို့ရဲ့ ကျန်းမာရေးကို စိတ်ချရတဲ့အခြေအနေအထိရောက်အောင် ကျန်းမာရေးတာဝန်ရှိသူတွေမှာကြားထားတဲ့အတိုင်း လုပ်ဆောင်သွားမှာပါ။” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။


ပီအက်စ်ဂျီအနေနဲ့ ဒီရာသီအတွက် လီဂူး-၁ ပထမဆုံးပွဲစဉ်ကိုတော့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ လန်းစ်အသင်းနဲ့ကစား မှာဖြစ်ပေမယ့် ရောဂါပိုးစစ်ဆေးခံရဖို့ရှိနေတဲ့ နေမာအနေနဲ့ ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ လီဂူး-၁ ပြိုင်ပွဲကို ပြန်လည်ကျင်းပနေတာ ပွဲစဉ် ၂ ခုအထိ ပြီးဆုံးသွားပြီဖြစ်ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တဲ့ ပီအက်စ်ဂျီ ကတော့ ရာသီသစ်အတွက် တစ်ပွဲမှ မကစားရသေးတာပဲ ဖြစ်ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္အၿပီး အိုင္ဘီဇာကမ္းေျခမွာ အနားယူခဲ့တဲ့ ဒီမာရီယာနဲ႔ ပါရီဒက္စ္တို႔မွာ ကိုဗစ္ေရာဂါဗိုးေတြ႕ရွိတယ္လို႔ သိရ
ခ်န္ပီယံလိဂ္ပြဲအၿပီး အိုင္ဘီဇာကမ္းေျခမွာ အနားယူခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းကစားသမားေတြထဲက ဒီမာရီယာနဲ႔ ပါရီဒက္စ္ တို႔ ႏွစ္ေယာက္ကို စစ္ေဆးခဲ့ရာမွာေတာ့ ကိုဗစ္ေရာဂါပိုးရွိတယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။ ဒီကစားသမားႏွစ္ေယာက္ဟာ အနား ယူၿပီး အသင္းနဲ႔ပူးေပါင္းဖို႔ ျပင္သစ္ႏိုင္ငံကို ျပန္လာခ်ိန္မွာ ေရာဂါပိုးေတြရွိခဲ့တာျဖစ္တယ္ဆိုၿပီး ျပင္သစ္ကလာတဲ့ သတင္း ေတြအရ သိရပါတယ္။
ျပင္သစ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ L’Equie က ျပင္သစ္ႏိုင္ငံကို ျပန္ေရာက္လာတဲ့သူေတြအေနနဲ႔ သီးျခားေနထိုင္ဖို႔ ရက္ ကို ထပ္တိုးထားတယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီအသင္းဘက္ကလည္း ကစားသမားႏွစ္ေယာက္မွာ ကိုဗစ္ေရာဂါပိုးရွိ တယ္လို႔ အတည္ျပဳခဲ့ေပမယ့္ ကစားသမားေတြရဲ႕အမည္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။သတင္းေတြကေတာ့ အိုင္ဘီဇာကမ္းေျခမွာ အပန္းေျဖခဲ့တဲ့ ေနမာ၊အိုင္ကာဒီ၊ဟာရဲရားနဲ႔ နာဗက္စ္တို႔ဆီမွာလည္း ကိုဗစ္ေရာဂါပိုးရွိႏိုင္တယ္လို႔ ေဖာ္ျပေနၾကပါတယ္။
ပီအက္စ္ဂ်ီအသင္းဘက္က “ အသင္းမွာရွိတဲ့ ကစားသမားႏွစ္ေယာက္ကို ေရာဂါပိုးရွိတယ္ဆိုၿပီး သံသယရွိေနပါတယ္။ သူ တို႔ရဲ႕ က်န္းမာေရးကို စိတ္ခ်ရတဲ့အေျခအေနအထိေရာက္ေအာင္ က်န္းမာေရးတာဝန္ရွိသူေတြမွာၾကားထားတဲ့အတိုင္း လုပ္ေဆာင္သြားမွာပါ။” လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ပီအက္စ္ဂ်ီအေနနဲ႔ ဒီရာသီအတြက္ လီဂူး-၁ ပထမဆံုးပြဲစဥ္ကိုေတာ့ စက္တင္ဘာလ ၁၀ ရက္ေန႔မွာ လန္းစ္အသင္းနဲ႔ကစား မွာျဖစ္ေပမယ့္ ေရာဂါပိုးစစ္ေဆးခံရဖို႔ရွိေနတဲ့ ေနမာအေနနဲ႔ ပါဝင္ကစားႏိုင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။ လီဂူး-၁ ၿပိဳင္ပြဲကို ျပန္လည္က်င္းပေနတာ ပြဲစဥ္ ၂ ခုအထိ ၿပီးဆံုးသြားၿပီျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ခဲ့တဲ့ ပီအက္စ္ဂ်ီ ကေတာ့ ရာသီသစ္အတြက္ တစ္ပြဲမွ မကစားရေသးတာပဲ ျဖစ္ပါတယ္။