ယူနိုက်တက်ကို အသာရပြီး မိုနာကို နောက်ခံလူ ဘာလိုတိုရေးကို ပေါင် ၁၈ သန်း နဲ့ ခေါ်ယူနိုင်တော့မယ့် လက်စတာအသင်း

လက်စတာအသင်းဟာ မိုနာကိုနောက်ခံလူ ဘာလိုတိုရေးကို ခေါ်ယူရန် အပြောင်းအရွှေ့မှာ ဦးဆောင်နေပြီဖြစ်ပါတယ်။ နည်းပြ ဘရန်ဒန်ရော်ဂျာဟာ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီးအသင်းကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့သွားတဲ့ နောက်ခံလူ ဘင်ချီဝဲလ်နေရာမှာ အစားထိုးရန် သတ်မှတ်ထားတာပါ။ လက်စတာအသင်းဟာ ဘာလိုတိုရေးရဲ့ လက်မှတ်ကို ရရှိရန် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ပြင်သစ်ယူ ၂၁ နှစ်အောက်လက်ရွေးစင်ကစားသမားကို အသင်းက လုခ်ရှော နဲ့ ဝီလီယမ်စ်တို့နဲ့ အပြိုင်အဆိုင်ဖြစ်စေရန် ရည်ရွယ်ထားတာပါ။ သတင်းများအရ လက်စတာအသင်းဟာ ဘာလိုတိုရေးအတွက် မိုနာကိုအသင်းဆီကို တရားဝင်ဆက်သွယ်မှုတွေ လုပ်ထားပြီး စတင်ညှိနှိုင်းဆွေးနွေးနေပြီလို့ သိရပါတယ်။

ဘာလိုတိုရေး ထွက်ခွာတော့မှာဖြစ်တဲ့အတွက် လီဂူး ၁ ကလပ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းက ဘရာဇီးဘယ်နောက်ခံလူ ကိုင်ရိုဟင်းနရစ် ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ဘာလိုတိုရေးဟာ မိုနာကိုအသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေသေးလို့ ပေါင် ၁၈ သန်းတောင်းဆိုထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ လီဂူး ၁ ရာသီက မိုနာကိုအသင်းအတွက် (၂၁) ပွဲကစားပေးထားသူလည်းဖြစ်ပါတယ်။ ဘာလိုတိုရေးဟာ ၂၀၁၉ ဇန်နဝါရီလက ပေါင် ၁၀ သန်းနဲ့ မိုနာကိုအသင်းဆီကို ရောက်ရှိလာသူဖြစ်ပြီး သူ့ကို ဆုံးရှုံးရမှာက အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေတယ်လို့ သိရပါတယ်။

ယူႏိုက္တက္ကို အသာရၿပီး မိုနာကို ေနာက္ခံလူ ဘာလိုတိုေရးကို ေပါင္ ၁၈ သန္း နဲ႔ ေခၚယူႏိုင္ေတာ့မယ့္ လက္စတာအသင္း

လက္စတာအသင္းဟာ မိုနာကိုေနာက္ခံလူ ဘာလိုတိုေရးကို ေခၚယူရန္ အေျပာင္းအေရႊ႕မွာ ဦးေဆာင္ေနျပီျဖစ္ပါတယ္။ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာဟာ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို ျပီးခဲ့တဲ့ အပတ္က ခ်ဲလ္ဆီးအသင္းကို ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေရႊ႕သြားတဲ့ ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ေနရာမွာ အစားထိုးရန္ သတ္မွတ္ထားတာပါ။ လက္စတာအသင္းဟာ ဘာလိုတိုေရးရဲ႕ လက္မွတ္ကို ရရွိရန္ ယူႏုိက္တက္အသင္းနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားဟာ ျပင္သစ္ယူ ၂၁ ႏွစ္ေအာက္လက္ေရြးစင္ကစားသမားကို အသင္းက လုခ္ေရွာ နဲ႔ ၀ီလီယမ္စ္တို႔နဲ႔ အျပိဳင္အဆိုင္ျဖစ္ေစရန္ ရည္ရြယ္ထားတာပါ။ သတင္းမ်ားအရ လက္စတာအသင္းဟာ ဘာလိုတိုေရးအတြက္ မိုနာကိုအသင္းဆီကို တရား၀င္ဆက္သြယ္မႈေတြ လုပ္ထားျပီး စတင္ညိွႏိႈင္းေဆြးေႏြးေနျပီလို႔ သိရပါတယ္။

ဘာလိုတိုေရး ထြက္ခြာေတာ့မွာျဖစ္တဲ့အတြက္ လီဂူး ၁ ကလပ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္အသင္းက ဘရာဇီးဘယ္ေနာက္ခံလူ ကိုင္ရိုဟင္းနရစ္ ကို ေခၚယူထားျပီးျဖစ္ပါတယ္။ဘာလိုတိုေရးဟာ မိုနာကိုအသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၂) ႏွစ္က်န္ရွိေနေသးလို႔ ေပါင္ ၁၈ သနး္ေတာင္းဆိုထားပါတယ္။

သူဟာ ျပီးခဲ့တဲ့ လီဂူး ၁ ရာသီက မိုနာကိုအသင္းအတြက္ (၂၁) ပြဲကစားေပးထားသူလည္းျဖစ္ပါတယ္။ ဘာလိုတိုေရးဟာ ၂၀၁၉ ဇန္န၀ါရီလက ေပါင္ ၁၀ သန္းနဲ႔ မိုနာကိုအသင္းဆီကို ေရာက္ရွိလာသူျဖစ္ျပီး သူ႔ကို ဆံုးရႈံးရမွာက အသင္းအတြက္ ၾကီးမားတဲ့ ဆံုးရႈံးမႈ ျဖစ္ေစတယ္လို႔ သိရပါတယ္။