ဘယ်လာရင်ကို ခေါ်မလားလို့ ပီအက်စ်ဂျီအသင်းထံ ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ညာနောက်ခံလူ ဘယ်လာရင်ကို ပီအက်စ်ဂျီအသင်းထံ ရောင်းချရန် ကမ်းလှမ်းလိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့အသုံးစရိတ်လိုအပ်နေတာဖြစ်လို့ အသင်းက ကစားသမားတွေကို ရောင်းချရန် လိုအပ်နေတာဖြစ်ပါတယ်။

လိုင်လီအသင်းက ဂါဘရီရယ်လ်ကို ပေါင် ၂၇ သန်းနဲ့ ခေါ်ယူရန် သဘောတူညီထားတာလည်း ဖြစ်လို့ နည်းပြ အာတီတာဟာ အသင်းက နောက်ခံလူ (၅) ယောက်လောက်အထိ ရောင်းချချင်နေတယ်လို့ သိရပါတယ်။ The Times က အဆိုအရ ဘယ်လာရင်ဟာ အဆိုပါ ကစားသမားတွေထဲက တစ်ယောက်အပါအဝင် ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ကစားသမားကို ခေါ်မလားလို့ ပီအက်စ်ဂျီအသင်းထံ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ညာနောက်ခံလူ မူနီယာအသင်းက ထွက်ခွာသွားလို့ အစားထိုးရန် နောက်ခံလူတစ်ယောက် ရှာဖွေနေတာဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လာရင်ရဲ့ ဒဏ်ရာပြဿနာ မှတ်တမ်းကြောင့် လက်ခံရန် ခက်ခဲမယ်လို့ သိရပါတယ်။ စပိန်ညာနောက်ခံလူဟာ ပြီးခဲ့တဲ့ (၂) ရာသီစလုံးမှာ ဒဏ်ရာပြဿနာတွေကြောင့် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၂) ပွဲသာ ကစားခဲ့ရထားသူဖြစ်ပါတယ်။

ဘယ္လာရင္ကို ေခၚမလားလို႔ ပီအက္စ္ဂ်ီအသင္းထံ ကမ္းလွမ္းလိုက္တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ညာေနာက္ခံလူ ဘယ္လာရင္ကို ပီအက္စ္ဂ်ီအသင္းထံ ေရာင္းခ်ရန္ ကမ္းလွမ္းလိုက္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အာဆင္နယ္အသင္းဟာ အေျပာင္းအေရႊ႕အသံုးစရိတ္လိုအပ္ေနတာျဖစ္လို႔ အသင္းက ကစားသမားေတြကို ေရာင္းခ်ရန္ လိုအပ္ေနတာျဖစ္ပါတယ္။

လိုင္လီအသင္းက ဂါဘရီရယ္လ္ကို ေပါင္ ၂၇ သန္းနဲ႔ ေခၚယူရန္ သေဘာတူညီထားတာလည္း ျဖစ္လုိ႔ နည္းျပ အာတီတာဟာ အသင္းက ေနာက္ခံလူ (၅) ေယာက္ေလာက္အထိ ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။ The Times က အဆုိအရ ဘယ္လာရင္ဟာ အဆုိပါ ကစားသမားေတြထဲက တစ္ေယာက္အပါအ၀င္ ျဖစ္ျပီး အသက္ ၂၅ ႏွစ္အရြယ္ကစားသမားကို ေခၚမလားလို႔ ပီအက္စ္ဂ်ီအသင္းထံ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းဟာ ညာေနာက္ခံလူ မူနီယာအသင္းက ထြက္ခြာသြားလို႔ အစားထိုးရန္ ေနာက္ခံလူတစ္ေယာက္ ရွာေဖြေနတာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဘယ္လာရင္ရဲ႕ ဒဏ္ရာျပႆနာ မွတ္တမ္းေၾကာင့္ လက္ခံရန္ ခက္ခဲမယ္လို႔ သိရပါတယ္။ စပိန္ညာေနာက္ခံလူဟာ ျပီးခဲ့တဲ့ (၂) ရာသီစလံုးမွာ ဒဏ္ရာျပႆနာေတြေၾကာင့္ အာဆင္နယ္အသင္းအတြက္ ျပိဳင္ပြဲစံု (၄၂) ပြဲသာ ကစားခဲ့ရထားသူျဖစ္ပါတယ္။