တူချယ်လ်ရဲ့နေရာမှာ အလီဂရီနဲ့ အစားထိုးဖို့အတွက် ပီအက်စ်ဂျီအသင်းလုပ်ဆောင်နေတယ်လို့ သတင်းတွေဖော်ပြ

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ကို ရှုံးပြီးနောက် ပီအက်စ်ဂျီအသင်းအနေနဲ့ နည်းပြ တူချယ်လ်ရဲ့နေရာမှာ ဂျူဗင် တပ်နည်းပြ အလီဂရီနဲ့ အစားထိုးဖို့အတွက် လုပ်ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ တူချယ်လ်ဟာ ဒေါ့မွန်၊ အတ္တလန္တာနဲ့ လစ်ပ်ဇစ်တို့ကို အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကိုတော့ အနိုင်ရအောင် စွမ်း ဆောင်နိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။


ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဒီမာရီယိုက Sky Sports Italia ကနေတဆင့် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေဟာ နည်းပြ တူ ချယ်လ်ရဲ့နေရာအတွက် အလီဂရီကို အစားထိုးဖို့ဆွေးနွေးနေပြီလို့ ဖော်ပြခဲ့ပါတယ်။ အသက် ၄၆ နှစ်ပဲရှိသေးတဲ့တူချယ်လ် အနေနဲ့ ဒေါ့မွန်ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာပြီးနောက်မှာ ပွဲပေါင်း ၁၀၄ ပွဲမှာ ပွဲ ၈၀အနိုင်ရအောင်စွမ်းဆောင်ပေး နိုင်ခဲ့တာကြောင့် ၇၆ ရာခိုင်နှုန်းအထိ အနိုင်ရာခိုင်နှုန်းရရှိခဲ့တဲ့ နည်းပြလည်းဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီအကုန်က ဂျူဗင်တပ်နဲ့ လမ်းခွဲခဲ့တဲ့ အလီဂရီဟာ လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေသူလည်း ဖြစ်ပါ တယ်။ လက်ရှိမှာ အလီဂရီကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် အင်တာမီလန်ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါ တယ်။ ဂျူဗင်တပ်ကို ကိုင်တွယ်ခဲ့တဲ့ ၅နှစ်အတွင်းမှာ စီးရီးအေချန်ပီယံဆုကို ၅ နှစ်စလုံးရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လု ပွဲကို ၂ကြိမ် တက်ရောက်နိုင်ခဲ့တဲ့ အလီဂရီကို ပီအက်စ်ဂျီတာဝန်ရှိသူတွေအနေနဲ့ မျက်စိကျနေတာပဲ ဖြစ်ပါတယ်။


အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ အလီဂရီဟာ ဂျူဗင်တပ် ၊ အေစီမီလန်တို့အပါအဝင် အီတလီကလပ်အသင်းတော်တော်များများ ကို ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အင်တာမီလန်အသင်းနည်းပြ ကွန်တီကလည်း အသင်းရဲ့ဆက်ရှိဖို့ အတွက် မသေချာဘူးလို့ ပြောထားတာကြောင့် အလီဂရီအနေနဲ့ အင်တာမီလန်နည်းပြဖြစ်လာဖို့လည်း ရေပန်းစားနေပါတယ်။ အီ တလီမီဒီယာတွေကတော့ အလီဂရီအနေနဲ့ အင်တာမီလန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ ဖော်ပြကြပါ တယ်။

zawgyi version

တူခ်ယ္လ္ရဲ႕ေနရာမွာ အလီဂရီနဲ႔ အစားထိုးဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းလုပ္ေဆာင္ေနတယ္လို႔ သတင္းေတြေဖာ္ျပ
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ ဘိုင္ယန္ျမဴးနစ္ကို ရႈံးၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ နည္းျပ တူခ်ယ္လ္ရဲ႕ေနရာမွာ ဂ်ဴဗင္ တပ္နည္းျပ အလီဂရီနဲ႔ အစားထိုးဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ တူခ်ယ္လ္ဟာ ေဒါ့မြန္၊ အတၱလႏၲာနဲ႔ လစ္ပ္ဇစ္တို႔ကို အႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္ကိုေတာ့ အႏိုင္ရေအာင္ စြမ္း ေဆာင္ႏိုင္ခဲ့ျခင္း မရွိတာျဖစ္ပါတယ္။
ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဒီမာရီယိုက Sky Sports Italia ကေနတဆင့္ ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြဟာ နည္းျပ တူ ခ်ယ္လ္ရဲ႕ေနရာအတြက္ အလီဂရီကို အစားထိုးဖို႔ေဆြးေႏြးေနၿပီလို႔ ေဖာ္ျပခဲ့ပါတယ္။ အသက္ ၄၆ ႏွစ္ပဲရွိေသးတဲ့တူခ်ယ္လ္ အေနနဲ႔ ေဒါ့မြန္ကေန ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕လာၿပီးေနာက္မွာ ပြဲေပါင္း ၁၀၄ ပြဲမွာ ပြဲ ၈၀အႏိုင္ရေအာင္စြမ္းေဆာင္ေပး ႏိုင္ခဲ့တာေၾကာင့္ ၇၆ ရာခိုင္ႏႈန္းအထိ အႏိုင္ရာခိုင္ႏႈန္းရရွိခဲ့တဲ့ နည္းျပလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီအကုန္က ဂ်ဴဗင္တပ္နဲ႔ လမ္းခြဲခဲ့တဲ့ အလီဂရီဟာ လက္ရွိအခ်ိန္ထိ အသင္းလက္မဲ့ျဖစ္ေနသူလည္း ျဖစ္ပါ တယ္။ လက္ရွိမွာ အလီဂရီကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔အတြက္ အင္တာမီလန္ကလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါ တယ္။ ဂ်ဴဗင္တပ္ကို ကိုင္တြယ္ခဲ့တဲ့ ၅ႏွစ္အတြင္းမွာ စီးရီးေအခ်န္ပီယံဆုကို ၅ ႏွစ္စလံုးရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လု ပြဲကို ၂ႀကိမ္ တက္ေရာက္ႏိုင္ခဲ့တဲ့ အလီဂရီကို ပီအက္စ္ဂ်ီတာဝန္ရွိသူေတြအေနနဲ႔ မ်က္စိက်ေနတာပဲ ျဖစ္ပါတယ္။
အသက္ ၅၃ ႏွစ္ရွိၿပီျဖစ္တဲ့ အလီဂရီဟာ ဂ်ဴဗင္တပ္ ၊ ေအစီမီလန္တို႔အပါအဝင္ အီတလီကလပ္အသင္းေတာ္ေတာ္မ်ားမ်ား ကို ကိုင္တြယ္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။ အင္တာမီလန္အသင္းနည္းျပ ကြန္တီကလည္း အသင္းရဲ႕ဆက္ရွိဖို႔ အတြက္ မေသခ်ာဘူးလို႔ ေျပာထားတာေၾကာင့္ အလီဂရီအေနနဲ႔ အင္တာမီလန္နည္းျပျဖစ္လာဖို႔လည္း ေရပန္းစားေနပါတယ္။ အီ တလီမီဒီယာေတြကေတာ့ အလီဂရီအေနနဲ႔ အင္တာမီလန္တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီလို႔ ေဖာ္ျပၾကပါ တယ္။