ပြင်သစ် ကလက်ဆီကို ပြိုင်ဘက်ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ရှုံးနိမ့်မှုကို ပါယက်စ်နဲ့ အတူ မာဆေးပရိသတ်တွေ လှောင်ပြောင်ခဲ့

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ရှုံးနိမ့်မှုကို ပြင်သစ်ကလက်ဆီကိုပြိုင်ဘက်ဖြစ်တဲ့ မာဆေးပရိသတ်တွေအပါအဝင် ကစားသမားပါယက်စ်တို့က လှောင်ပြောင်ခဲ့တယ်လို့ သိရပါတယ်။ မာဆေး ကြယ်ပွင့် ကစားသမား ပါယက်စ်အနေနဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ပီအက်စ်ဂျီရဲ့ရှုံးနိမ့်မှုကို လှောင်ပြောင်ခဲ့တာဖြစ်ပြီး မာဆေးပရိ သတ်တွေကတော့ အောင်ပွဲခံခဲ့တာပဲ ဖြစ်ပါတယ်။


ပီအက်စ်ဂျီနဲ့ မာဆေးတို့ဟာ ပြင်သစ်နိုင်ငံမှာ ကလက်ဆီကိုပြိုင်ဘက်တွေဖြစ်ပြီး ချန်ပီယံလိဂ်မှာ ပြင်သစ်ကလပ်တွေ ကိုယ်စားပြုပြီး မာဆေးတစ်သင်းတည်းကသာ ၁၉၉၃ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပါယက်စ် အနေနဲ့ သူသိရတဲ့ ပီအက်စ်ဂျီအသင်းဂျာစီရဲ့ ရင်ဘတ်ပေါ်မှာ ချန်ပီယံလိဂ်ဖလားရတဲ့အထိမ်းအမှတ် ကြယ်တစ်ပွင့်တင် ထားတဲ့ ဗီဒီယိုဖိုင်ကို သူရဲ့ တွစ်တာအကောင့်မှာ တင်ပြီး လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။


မာဆေးပရိသတ်တွေအနေနဲ့ ချန်ပီယံလိဂ်ပွဲအပြီး ပီအက်စ်ဂျီအသင်းရှုံးနိမ့်ပြီးနောက်မှာတော့ လမ်းတွေထဲမှာ အောင်ပွဲခံခဲ့ သလို ဆိုရှယ်မီဒီယာတွေကနေတဆင့်လည်း ပီအက်စ်ဂျီအသင်းရဲ့ တန်ဖိုးကြီးလှတဲ့ အစီအစဉ်တွေဟာ ဥရောပမှာအကြီး ကျယ်ဆုံးလို့ ဆိုရမယ့် ချန်ပီယံလိဂ်ဖလားကို ရအောင်မစွမ်းဆောင်နိုင်ပါဘူးဆိုပြီး လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ လစ်ပ်ဇစ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာလည်း မာဆေးပရိသတ်တွေအနေနဲ့ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မာဆေးကစားသမား ပါယက်စ်က “ကျွန်တော်အနေနဲ့ ပြင်သစ်နိုင်ငံရဲ့ အသင်းကြီးမှာကစားနေတာ ဖြစ်တယ်လို့ဆိုပြီး ဒီလို တွေ မဖြစ်ခင်မှာ ကျွန်တော်ပြောခဲ့ပါတယ်။ မာဆေးက ပြင်သစ်နိုင်ငံရဲ့ အကြီးကျယ်ဆုံးကလပ်အသင်းပါ။” လို့ပြောခဲ့ပါ တယ်။ ပီအက်စ်ဂျီနဲ့ မာဆေးတို့ဟာ လာမယ့်စက်တင်ဘာ ၁၄ ရက်နေ့မှာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ပထမဆုံး ဒါဘီအဖြစ် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ျပင္သစ္ ကလက္ဆီကို ၿပိဳင္ဘက္ျဖစ္တဲ့ ပီအက္စ္ဂ်ီရဲ႕ ရႈံးနိမ့္မႈကို ပါယက္စ္နဲ႔ အတူ မာေဆးပရိသတ္ေတြ ေလွာင္ေျပာင္ခဲ့
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္ကို ရႈံးခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ရႈံးနိမ့္မႈကို ျပင္သစ္ကလက္ဆီကိုၿပိဳင္ဘက္ျဖစ္တဲ့ မာေဆးပရိသတ္ေတြအပါအဝင္ ကစားသမားပါယက္စ္တို႔က ေလွာင္ေျပာင္ခဲ့တယ္လို႔ သိရပါတယ္။ မာေဆး ၾကယ္ပြင့္ ကစားသမား ပါယက္စ္အေနနဲ႔ ဆိုရွယ္မီဒီယာကေနတဆင့္ ပီအက္စ္ဂ်ီရဲ႕ရႈံးနိမ့္မႈကို ေလွာင္ေျပာင္ခဲ့တာျဖစ္ၿပီး မာေဆးပရိ သတ္ေတြကေတာ့ ေအာင္ပြဲခံခဲ့တာပဲ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီနဲ႔ မာေဆးတို႔ဟာ ျပင္သစ္ႏိုင္ငံမွာ ကလက္ဆီကိုၿပိဳင္ဘက္ေတြျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ျပင္သစ္ကလပ္ေတြ ကိုယ္စားျပဳၿပီး မာေဆးတစ္သင္းတည္းကသာ ၁၉၉၃ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ပါယက္စ္ အေနနဲ႔ သူသိရတဲ့ ပီအက္စ္ဂ်ီအသင္းဂ်ာစီရဲ႕ ရင္ဘတ္ေပၚမွာ ခ်န္ပီယံလိဂ္ဖလားရတဲ့အထိမ္းအမွတ္ ၾကယ္တစ္ပြင့္တင္ ထားတဲ့ ဗီဒီယိုဖိုင္ကို သူရဲ႕ တြစ္တာအေကာင့္မွာ တင္ၿပီး ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။
မာေဆးပရိသတ္ေတြအေနနဲ႔ ခ်န္ပီယံလိဂ္ပြဲအၿပီး ပီအက္စ္ဂ်ီအသင္းရႈံးနိမ့္ၿပီးေနာက္မွာေတာ့ လမ္းေတြထဲမွာ ေအာင္ပြဲခံခဲ့ သလို ဆိုရွယ္မီဒီယာေတြကေနတဆင့္လည္း ပီအက္စ္ဂ်ီအသင္းရဲ႕ တန္ဖိုးႀကီးလွတဲ့ အစီအစဥ္ေတြဟာ ဥေရာပမွာအႀကီး က်ယ္ဆံုးလို႔ ဆိုရမယ့္ ခ်န္ပီယံလိဂ္ဖလားကို ရေအာင္မစြမ္းေဆာင္ႏိုင္ပါဘူးဆိုၿပီး ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအေနနဲ႔ လစ္ပ္ဇစ္ကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာလည္း မာေဆးပရိသတ္ေတြအေနနဲ႔ ေလွာင္ေျပာင္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
မာေဆးကစားသမား ပါယက္စ္က “ကြ်န္ေတာ္အေနနဲ႔ ျပင္သစ္ႏိုင္ငံရဲ႕ အသင္းႀကီးမွာကစားေနတာ ျဖစ္တယ္လို႔ဆိုၿပီး ဒီလို ေတြ မျဖစ္ခင္မွာ ကြ်န္ေတာ္ေျပာခဲ့ပါတယ္။ မာေဆးက ျပင္သစ္ႏိုင္ငံရဲ႕ အႀကီးက်ယ္ဆံုးကလပ္အသင္းပါ။” လို႔ေျပာခဲ့ပါ တယ္။ ပီအက္စ္ဂ်ီနဲ႔ မာေဆးတို႔ဟာ လာမယ့္စက္တင္ဘာ ၁၄ ရက္ေန႔မွာ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ပထမဆံုး ဒါဘီအျဖစ္ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။