အာဆင်နယ်က အလိုရှိနေတဲ့ ပေါင် ၅၄ သန်းတန် အော်ယူအာက ဇီဒန်းက စံပြကစားသမားဖြစ်ပေမယ့် ဂွါဒီယိုလာရဲ့ လက် အောက်မှာ ကစားချင်တယ်လို့ ပြောဆို

လိုင်ယွန်အသင်းအတွက် ခြေစွမ်းပြနေတဲ့ အော်ယူအာကို အသင်းကြီးတွေက ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အာဆင်နယ်က စိတ်ဝင်စားမှုရှိနေတဲ့ အော်ယူအာက သူရဲ့စံပြကစားသမားမှာ ရီးရဲလ်နည်းပြ ဇီဒန်းဖြစ်ပေမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာ ရဲ့ လက်အောက်မှာ ကစားချင်ကြောင်း ပြောခဲ့ပါတယ်။ အာဆင်နယ်ဟာ အော်ယူအာကို ခေါ်ယူဖို့ အတွက် ဂွမ်ဒူဇီကို အပြောင်းအရွှေ့ အစိတ်အပိုင်းအဖြစ် ကမ်းလှမ်းခဲ့ပေမယ့် လိုင်ယွန်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။


လိုင်ယွန်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ဖန်တီးရှင်အတွက် ပေါင် ၅၄ သန်းအလိုရှိနေတယ်လို့ သိရပါတယ်။ အယ်ဂျီး ရီးယားမိဘနှစ်ပါးကနေ မွေးလာတဲ့ အော်ယူအာအနေနဲ့ သူလိုမျိုး အယ်ဂျီးရီးယားနွယ်ဖွားဖြစ်တဲ့ ရီးရဲလ်နည်းပြ ဇီဒန်းက ကစားသမားဘဝ စံပြကစားသမားတစ်ဦးလို့ ပြောခဲ့ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားဖို့ အလိုရှိ ကြောင်း ပြောခဲ့ပါတယ်။


Players’ Tribune ကနေတဆင့် အော်ယူအာက “ ဇီဒန်းက ကျွန်တော်ကို ဘောလုံးကို ချစ်တတ်လာအောင်သင်ပေးခဲ့သူ လို့တောင်ဆိုရမှာပါ။ သူကစားတာတွေကို ကြည့်ခဲ့ရသလို သူရဲ့ကွင်းပြင်ပနေထိုင်မှုကြောင့် ကျွန်တော်ရဲ့စံပြပုဂ္ဂိုလ်လို့ ဆိုရ မှာ ဖြစ်ပါတယ်။ကလေးဘဝ ဘောလုံးကစားတုန်းက နာမည်ကျော်ကစားသမားတစ်ယောက်ပုံစံ ဟန်ဆောင်ပြီး ကျွန် တော် ကစားဖူးပါတယ်။ အထူးသဖြင့် ဇီဒန်းပုံစံကို အမြဲဟန်ဆောင်ပြီး ကစားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး အော်ယူအာက ၂၀၁၆ ခုနှစ်က လိုင်ယွန်အသင်းကို မပြောင်းရွှေ့ခင်က လီဗာပူးက သူကိုခေါ်ယူဖို့ စိတ်ဝင် စားမှုတွေရှိခဲ့တယ်လို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။ အော်ယူအာက “ ကျွန်တော်အတွက် ပထမဆုံးပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ စာချုပ်မချုပ်ခင်မှာ လီဗာပူးကို စိတ်ဝင်စားတယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် လိုင်ယွန်ကို ရွေးချယ်ခဲ့ တာက ကျွန်တော်နှလုံးသားထဲမှာ ရှိနေတဲ့ အသင်းမို့ပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

အာဆင္နယ္က အလိုရွိေနတဲ့ ေပါင္ ၅၄ သန္းတန္ ေအာ္ယူအာက ဇီဒန္းက စံျပကစားသမားျဖစ္ေပမယ့္ ဂြါဒီယိုလာရဲ႕ လက္ ေအာက္မွာ ကစားခ်င္တယ္လို႔ ေျပာဆို
လိုင္ယြန္အသင္းအတြက္ ေျခစြမ္းျပေနတဲ့ ေအာ္ယူအာကို အသင္းႀကီးေတြက ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး အာဆင္နယ္က စိတ္ဝင္စားမႈရွိေနတဲ့ ေအာ္ယူအာက သူရဲ႕စံျပကစားသမားမွာ ရီးရဲလ္နည္းျပ ဇီဒန္းျဖစ္ေပမယ့္ မန္စီးတီးနည္းျပ ဂြါဒီယိုလာ ရဲ႕ လက္ေအာက္မွာ ကစားခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။ အာဆင္နယ္ဟာ ေအာ္ယူအာကို ေခၚယူဖို႔ အတြက္ ဂြမ္ဒူဇီကို အေျပာင္းအေရႊ႕ အစိတ္အပိုင္းအျဖစ္ ကမ္းလွမ္းခဲ့ေပမယ့္ လိုင္ယြန္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
လိုင္ယြန္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ဖန္တီးရွင္အတြက္ ေပါင္ ၅၄ သန္းအလိုရွိေနတယ္လို႔ သိရပါတယ္။ အယ္ဂ်ီး ရီးယားမိဘႏွစ္ပါးကေန ေမြးလာတဲ့ ေအာ္ယူအာအေနနဲ႔ သူလိုမ်ိဳး အယ္ဂ်ီးရီးယားႏြယ္ဖြားျဖစ္တဲ့ ရီးရဲလ္နည္းျပ ဇီဒန္းက ကစားသမားဘဝ စံျပကစားသမားတစ္ဦးလို႔ ေျပာခဲ့ၿပီး မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ကစားဖို႔ အလိုရွိ ေၾကာင္း ေျပာခဲ့ပါတယ္။
Players’ Tribune ကေနတဆင့္ ေအာ္ယူအာက “ ဇီဒန္းက ကြ်န္ေတာ္ကို ေဘာလံုးကို ခ်စ္တတ္လာေအာင္သင္ေပးခဲ့သူ လို႔ေတာင္ဆိုရမွာပါ။ သူကစားတာေတြကို ၾကည့္ခဲ့ရသလို သူရဲ႕ကြင္းျပင္ပေနထိုင္မႈေၾကာင့္ ကြ်န္ေတာ္ရဲ႕စံျပပုဂၢိဳလ္လို႔ ဆိုရ မွာ ျဖစ္ပါတယ္။ကေလးဘဝ ေဘာလံုးကစားတုန္းက နာမည္ေက်ာ္ကစားသမားတစ္ေယာက္ပံုစံ ဟန္ေဆာင္ၿပီး ကြ်န္ ေတာ္ ကစားဖူးပါတယ္။ အထူးသျဖင့္ ဇီဒန္းပံုစံကို အၿမဲဟန္ေဆာင္ၿပီး ကစားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ေအာ္ယူအာက ၂၀၁၆ ခုႏွစ္က လိုင္ယြန္အသင္းကို မေျပာင္းေရႊ႕ခင္က လီဗာပူးက သူကိုေခၚယူဖို႔ စိတ္ဝင္ စားမႈေတြရွိခဲ့တယ္လို႔လည္း ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ ေအာ္ယူအာက “ ကြ်န္ေတာ္အတြက္ ပထမဆံုးပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားဘဝ စာခ်ဳပ္မခ်ဳပ္ခင္မွာ လီဗာပူးကို စိတ္ဝင္စားတယ္လို႔ သိခဲ့ရပါတယ္။ ဒါေပမယ့္ လိုင္ယြန္ကို ေရြးခ်ယ္ခဲ့ တာက ကြ်န္ေတာ္ႏွလံုးသားထဲမွာ ရွိေနတဲ့ အသင္းမို႔ပါ” လို႔ ေျပာခဲ့ပါတယ္။