ပီအက်စ်ဂျီအသင်း နဲ့ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ပြင်သစ်အသင်းတို့ ကြား တူညီတဲ့ ခံစားမှု ရရှိတယ်လို့ ဆိုလိုက်တဲ့ အမ်ဘာပေ

လီဂူး ၁ ကလပ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ကို ဆွတ်ခူးနိုင်ရန် မျှော်လင့်နေတဲ့ အမ်ဘာပေက ပီအက်စ်ဂျီအသင်း လူစာရင်း နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ပြင်သစ်အသင်း တို့ကြား တူညီတဲ့ ခံစားမှု ရှိတယ်လို့ ယုံကြည်နေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အင်္ဂါနေ့ညက ဆီမီးဖိုင်နယ်ပွဲမှာ လိုက်ပ်ဇစ်အသင်းကို မာကွင်ဟိုစ့်၊ ဒီမာရီယာ နဲ့ ဘားနက် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၃-ဝ) နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်တွေမှာ ရုန်းကန်ခဲ့ရသော်လည်း သောမတ်တူချယ်ရဲ့ အသင်းဟာ ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ် နဲ့ လိုင်ယွန် (၂) သင်းထဲက (၁) သင်းနဲ့ ကစားရမှာဖြစ်ပေမယ့် အမ်ဘာပေက ပီအက်စ်ဂျီအသင်းအနေနဲ့ ဖလား ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ရုရှား ကမ္ဘာ့ဖလားအနိုင်ရရှိခဲ့ပြီး (၂) နှစ်အကြာမှာ အမ်ဘာပေးက သူ့ရဲ့ ပီအက်စ်ဂျီအသင်းဖော်တွေဟာ လက်ရွေးစင်အသင်း တုန်းကလိုမျိုး တူညီတဲ့ အာရုံစူးစိုက်မှု ရှိတယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ သူက “တူညီတဲ့ ခံစားမှုမျိုး ကျွန်တော်ခံစားနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ ကိုယ့်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍာကို သိထားကြပြီး အားလုံးဟာ ကိုယ့်တာဝန်ကိုယ်ယူထားကြပါတယ်။ ကွင်းအပြင်မှာလည်း လုပ်ဆောင်မှု အများအပြားလုပ်ခဲ့ပါတယ်။ ဒါဟာ အရမ်းများပေမယ့် ဒါတွေကြောင့်ပဲ ဖလားတွေ ရရှိမှာပါ”လို့ ပြောသွားခဲ့ပါတယ်။

ဒီညမှာ ပီအက်စ်ဂျီအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပြိုင်ဘက်အသင်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အမ်ဘာပေးက “ကျွန်တော်ကတော့ လိုင်ယွန်နဲ့ ပဲ ကစားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်သစ်ကလပ် ဖြစ်လို့ပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် ဆိုလည်း ကိစ္စမရှိပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

ပီအက္စ္ဂ်ီအသင္း နဲ႔ ကမာၻ႕ဖလား ရရွိခဲ့တဲ့ ျပင္သစ္အသင္းတို႔ ၾကား တူညီတဲ့ ခံစားမႈ ရရွိတယ္လို႔ ဆိုလိုက္တဲ့ အမ္ဘာေပ

လီဂူး ၁ ကလပ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလား ကို ဆြတ္ခူးႏိုင္ရန္ ေမွ်ာ္လင့္ေနတဲ့ အမ္ဘာေပက ပီအက္စ္ဂ်ီအသင္း လူစာရင္း နဲ႔ ၂၀၁၈ ကမာၻ႕ဖလား ရရွိခဲ့တဲ့ ျပင္သစ္အသင္း တို႔ၾကား တူညီတဲ့ ခံစားမႈ ရွိတယ္လို႔ ယံုၾကည္ေနပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ အဂၤါေန႔ညက ဆီမီးဖိုင္နယ္ပြဲမွာ လိုက္ပ္ဇစ္အသင္းကို မာကြင္ဟိုစ့္၊ ဒီမာရီယာ နဲ႔ ဘားနက္ တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ (၃-၀) နဲ႔ အႏိုင္ရခဲ့ျပီး ခ်န္ပီယံလိဂ္ဗုိလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ေတြမွာ ရုန္းကန္ခဲ့ရေသာ္လည္း ေသာမတ္တူခ်ယ္ရဲ႕ အသင္းဟာ ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္ နဲ႔ လိုင္ယြန္ (၂) သင္းထဲက (၁) သင္းနဲ႔ ကစားရမွာျဖစ္ေပမယ့္ အမ္ဘာေပက ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဖလား ရယူႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ရုရွား ကမာၻ႕ဖလားအႏိုင္ရရွိခဲ့ျပီး (၂) ႏွစ္အၾကာမွာ အမ္ဘာေပးက သူ႔ရဲ႕ ပီအက္စ္ဂ်ီအသင္းေဖာ္ေတြဟာ လက္ေရြးစင္အသင္း တုန္းကလိုမ်ိဳး တူညီတဲ့ အာရံုစူးစိုက္မႈ ရွိတယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ပြဲအျပီး အင္တာဗ်ဴးမွာ သူက “တူညီတဲ့ ခံစားမႈမ်ိဳး ကၽြန္ေတာ္ခံစားေနရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔အားလံုးဟာ ကိုယ့္ရဲ႕ အေရးပါတဲ့ အခန္းက႑ာကို သိထားၾကျပီး အားလံုးဟာ ကိုယ့္တာ၀န္ကိုယ္ယူထားၾကပါတယ္။ ကြင္းအျပင္မွာလည္း လုပ္ေဆာင္မႈ အမ်ားအျပားလုပ္ခဲ့ပါတယ္။ ဒါဟာ အရမ္းမ်ားေပမယ့္ ဒါေတြေၾကာင့္ပဲ ဖလားေတြ ရရွိမွာပါ”လို႔ ေျပာသြားခဲ့ပါတယ္။

ဒီညမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ျပိဳင္ဘက္အသင္း ထြက္ေပၚလာမွာျဖစ္ပါတယ္။ အဲ့ဒါနဲ႔ ပတ္သက္ျပီး အမ္ဘာေပးက “ကၽြန္ေတာ္ကေတာ့ လိုင္ယြန္နဲ႔ ပဲ ကစားခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပင္သစ္ကလပ္ ျဖစ္လို႔ပါ။ ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္ ဆိုလည္း ကိစၥမရွိပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။