ပီအက်စ်ဂျီအသင်းနဲ့ နောက်ဆုံးပွဲကို ချန်ပီယံလိဂ်ဖလား နဲ့ အဆုံးသတ်ပြီး အောင်ပွဲခံချင်တယ်လို့ ဆိုလိုက်တဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား

သီယာဂိုဆေးလ်ဗားဟာ သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘ၀ အဆုံးသတ်ကို ချန်ပီယံလိဂ်ဖလား နဲ့ အဆုံးသတ်ချင်ရန် အိပ်မက်မက်ထားတယ်လို့ ဗိုလ်လုပွဲကို တက်လှမ်းခဲ့ပြီးနောက ်ပြောသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မနေ့ညက လစ္စဘွန်းမှာ လိုက်ပ်ဇစ်အသင်းကို (၃-ဝ) နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပြီး ဖလား ရရန် တစ်ပွဲသာ အနိုင်ရဖို့ လိုအပ်နေတော့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ဂိုးများကို မာကွင်ဟိုစ့် ၊ ဒီမာရီယာ နဲ့ ဘားနက် တို့က သွင်းယူပေးခဲ့ပါတယ်။ သီယာဂိုဆေးလ်ဗားဟာ တနင်္ဂနွေနေ့ ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ် နဲ့ လိုင်ယွန် (၂) သင်း ထဲက (၁) နဲ့ ကစားပြီးနောက် ပြင်သစ်ကလပ်က ထွက်ခွာရန် စီစဉ်ထားတာ ဖြစ်ပါတယ်။

“အနာဂတ်အကြောင်း မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အသင်းကို ကူညီရာမရောက်ပါ်ဘူး ဒါပေမယ့် နောက်ဆုံးပွဲကို ဆုဖလား နဲ့ အောင်ပွဲအတူတူ ခံချင်ပါတယ်။ ကျွန်တော်ကစားသမားဘဝကို ဥရောပမှာ အဆုံးသတ်ချင်တယ်လို့ ကျွန်တော် အကြိမ်အများကြီး ပြောခဲ့ဖူးပါတယ်။ ဆုံးဖြတ်ချက်က ချပြီးပါပြီ။ အရာအားလုံးက ကျွန်တော့်ခေါင်းထဲမှာ အေးဆေးပါပဲ။ ဒါက နောက်တစ်သင်းမှာဖြစ်နေရင်တောင် ကျွန်တော့် နှလုံးသားက ဒီမှာပဲ ရှိနေမှာပါ” လို့ သီယာဂိုဆေးလ်ဗားက RMC ရေဒီယိုအစီအစဉ်ကို ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဥရောပ ပြိုင်ပွဲမှာ ကျဆုံးခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ မနေ့ညက လိုက်ပ်ဇစ်အသင်းကို သက်သောင့်သက်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဂျူလီယန်နာဂယ်စ်မန်း ရဲ့ လိုက်ပ်ဇ်အသင်းကလည်း စပါး နဲ့ အက်သလက်တီကိုမက်ဒရစ်တို့လို အသင်းတွေကို ခြေစွမ်းအသာနဲ့ ဖြတ်သန်းလာပြီးနောက် ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်လှမ်းခဲ့ပေမယ့် ဗိုလ်လုပွဲကိုတော့ မရောက်ခဲ့ပါဘူး။

ပီအက္စ္ဂ်ီအသင္းနဲ႔ ေနာက္ဆံုးပြဲကို ခ်န္ပီယံလိဂ္ဖလား နဲ႔ အဆံုးသတ္ျပီး ေအာင္ပြဲခံခ်င္တယ္လို႔ ဆိုလိုက္တဲ့ အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗား

သီယာဂိုေဆးလ္ဗားဟာ သူ႔ရဲ႕ပီအက္စ္ဂ်ီကစားသမားဘ၀ အဆံုးသတ္ကို ခ်န္ပီယံလိဂ္ဖလား နဲ႔ အဆံုးသတ္ခ်င္ရန္ အိပ္မက္မက္ထားတယ္လို႔ ဗိုလ္လုပြဲကို တက္လွမ္းခဲ့ျပီးေနာက ္ေျပာသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ မေန႔ညက လစၥဘြန္းမွာ လိုက္ပ္ဇစ္အသင္းကို (၃-၀) နဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့ျပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပထမဆံုးအၾကိမ္ တက္လွမ္းႏိုင္ခဲ့ျပီး ဖလား ရရန္ တစ္ပြဲသာ အႏိုင္ရဖို႔ လိုအပ္ေနေတာ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ ဂိုးမ်ားကို မာကြင္ဟိုစ့္ ၊ ဒီမာရီယာ နဲ႔ ဘားနက္ တို႔က သြင္းယူေပးခဲ့ပါတယ္။ သီယာဂိုေဆးလ္ဗားဟာ တနဂၤေႏြေန႔ ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္ နဲ႔ လိုင္ယြန္ (၂) သင္း ထဲက (၁) နဲ႔ ကစားျပီးေနာက္ ျပင္သစ္ကလပ္က ထြက္ခြာရန္ စီစဥ္ထားတာ ျဖစ္ပါတယ္။

အနာဂတ္အေၾကာင္း မေျပာခ်င္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက အသင္းကို ကူညီရာမေရာက္ပါ္ဘူး ဒါေပမယ့္ ေနာက္ဆံုးပြဲကို ဆုဖလား နဲ႔ ေအာင္ပြဲအတူတူ ခံခ်င္ပါတယ္။ ကၽြန္ေတာ္ကစားသမားဘ၀ကို ဥေရာပမွာ အဆံုးသတ္ခ်င္တယ္လို႔ ကၽြန္ေတာ္ အၾကိမ္အမ်ားၾကီး ေျပာခဲ့ဖူးပါတယ္။ ဆံုးျဖတ္ခ်က္က ခ်ျပီးပါျပီ။ အရာအားလံုးက ကၽြန္ေတာ့္ေခါင္းထဲမွာ ေအးေဆးပါပဲ။ ဒါက ေနာက္တစ္သင္းမွာျဖစ္ေနရင္ေတာင္ ကၽြန္ေတာ့္ ႏွလံုးသားက ဒီမွာပဲ ရွိေနမွာပါ” လို႔ သီယာဂိုေဆးလ္ဗားက RMC ေရဒီယိုအစီအစဥ္ကို ေျပာသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့ႏွစ္ေတြက ဥေရာပ ျပိဳင္ပြဲမွာ က်ဆံုးခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းဟာ မေန႔ညက လိုက္ပ္ဇစ္အသင္းကို သက္ေသာင့္သက္သာ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဂ်ဴလီယန္နာဂယ္စ္မန္း ရဲ႕ လိုက္ပ္ဇ္အသင္းကလည္း စပါး နဲ႔ အက္သလက္တီကိုမက္ဒရစ္တို႔လို အသင္းေတြကို ေျခစြမ္းအသာနဲ႔ ျဖတ္သန္းလာျပီးေနာက္ ဆီမီးဖိုင္နယ္ကို ပထမဆံုးအၾကိမ္ တက္လွမ္းခဲ့ေပမယ့္ ဗိုလ္လုပြဲကိုေတာ့ မေရာက္ခဲ့ပါဘူး။