လစ်ပ်ဇစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပီအက်စ်ဂျီဂိုးသမား နာဗက် လွဲချော်ဖွယ်ရှိနေတယ်လို့ သိရ

အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ပီအက်စ်ဂျီဂိုးသမား နာဗက်စ် အနေနဲ့ ဆီမီးဖိုင်နယ်အဖြစ် လာမယ့်အင်္ဂါနေ့မှာ လစ်ပ်ဇစ်နဲ့ကစားမယ့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရပါတယ်။ အတ္တ လန္တာနဲ့ပွဲမှာ နာဗက်စ်အနေနဲ့ ဒဏ်ရာရရှိခဲ့တာနောက် ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာ အရန်ဂိုးသမားဖြစ်တဲ့ ရီကိုနဲ့ လူစားလဲမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဘက်ကတော့ နာဗက်စ်ရဲ့ညာဘက်တံကောက်ကြောမှာ ဒဏ်ရာရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒဏ်ရာ ရဲ့ အခြေအနေကို စနေနေ့မှ သိရမှာဖြစ်ပြီး အင်္ဂါနေ့မှာ ကစားမယ့် လပ်ဇစ်နဲ့ပွဲမှာတော့ သူအနေနဲ့ ပါဝင်ဖို့ မသေချာဘူးလို့ ပြောခဲ့ပါတယ်။ အတ္တလန္တာနဲ့ ပွဲမှာ နောက်ထပ်တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား ကတော့ ဒဏ်ရာမပြင်းတာကြောင့် လစ်ပ်ဇစ်နဲ့ပွဲမှာ ပါဝင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်ဖလား ရဖို့အတွက် ကြိုးစားနေတဲ့ ပီအက်စ်ဂျီအတွက် သတင်းကောင်းတစ်ခုကတော့ အတ္တလန္တာနဲ့ပွဲမှာ ဒဏ် ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဗာရက်တီ၊ ကာဇာဝါတို့လည်း ဒဏ်ရာကသက်သာလာတာပဲဖြစ်ပါတယ်။ ဗာရက်တီအနေနဲ့ ခြေ သလုံးဒဏ်ရာကြောင့် အတ္တလန္တာနဲ့ပွဲကို လွဲချော်ခဲ့ရတာဖြစ်သလို ကာဇာဝါကတော့ ကြံခိုင်မှု မပြည့်ဝတာကြောင့် ပါဝင် ကစားနိုင်ခဲ့ခြင်းမရှိတာပဲ ဖြစ်ပါတယ်။

ဒါအပြင် လစ်ပ်ဇစ်နဲ့ ကစားမယ့်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ခံထားရတဲ့ ဒီမာရီယာလည်း ပြန်လည်ပါဝင်လာဖို့ ရှိနေပြီး အမ်ဘတ်ပီ မှာလည်း ကြံခိုင်မှုအပြည့်အဝနဲ့ ကစားနိုင်မယ်လို့ ပီအက်စ်ဂျီအသင်းက ထုတ်ပြန်ခဲ့ပါတယ်။ အတ္တလန္တာနဲ့ပွဲမှာ အမ်ဘတ်ပီ အနေနဲ့ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာဖြစ်ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်မှုရှိခဲ့ပါ တယ်။ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်အပါအဝင် ပြည်တွင်းဖလားအားလုံး ရယူ ထားတာကြောင့် တစ်ရာသီအတွင်း ဖလား ၄လုံးအထိ ရရှိမှာပဲ ဖြစ်ပါတယ်။

zawgyi version

လစ္ပ္ဇစ္နဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို ပီအက္စ္ဂ်ီဂိုးသမား နာဗက္ လြဲေခ်ာ္ဖြယ္ရွိေနတယ္လို႔ သိရ
အတၱလႏၲာအသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တဲ့ ပီအက္စ္ဂ်ီဂိုးသမား နာဗက္စ္ အေနနဲ႔ ဆီမီးဖိုင္နယ္အျဖစ္ လာမယ့္အဂၤါေန႔မွာ လစ္ပ္ဇစ္နဲ႔ကစားမယ့္ပြဲကို လြဲေခ်ာ္ဖြယ္ရွိေၾကာင္း သိရပါတယ္။ အတၱ လႏၲာနဲ႔ပြဲမွာ နာဗက္စ္အေနနဲ႔ ဒဏ္ရာရရွိခဲ့တာေနာက္ ပြဲၿပီးခါနီး ၁၀ မိနစ္အလိုမွာ အရန္ဂိုးသမားျဖစ္တဲ့ ရီကိုနဲ႔ လူစားလဲမႈ ျပဳလုပ္ခဲ့ရတာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းဘက္ကေတာ့ နာဗက္စ္ရဲ႕ညာဘက္တံေကာက္ေၾကာမွာ ဒဏ္ရာရရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။ ဒဏ္ရာ ရဲ႕ အေျခအေနကို စေနေန႔မွ သိရမွာျဖစ္ၿပီး အဂၤါေန႔မွာ ကစားမယ့္ လပ္ဇစ္နဲ႔ပြဲမွာေတာ့ သူအေနနဲ႔ ပါဝင္ဖို႔ မေသခ်ာဘူးလို႔ ေျပာခဲ့ပါတယ္။ အတၱလႏၲာနဲ႔ ပြဲမွာ ေနာက္ထပ္တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တဲ့ အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗား ကေတာ့ ဒဏ္ရာမျပင္းတာေၾကာင့္ လစ္ပ္ဇစ္နဲ႔ပြဲမွာ ပါဝင္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
ခ်န္ပီယံလိဂ္ဖလား ရဖို႔အတြက္ ႀကိဳးစားေနတဲ့ ပီအက္စ္ဂ်ီအတြက္ သတင္းေကာင္းတစ္ခုကေတာ့ အတၱလႏၲာနဲ႔ပြဲမွာ ဒဏ္ ရာေၾကာင့္ မပါဝင္ႏိုင္ခဲ့တဲ့ ဗာရက္တီ၊ ကာဇာဝါတို႔လည္း ဒဏ္ရာကသက္သာလာတာပဲျဖစ္ပါတယ္။ ဗာရက္တီအေနနဲ႔ ေျခ သလံုးဒဏ္ရာေၾကာင့္ အတၱလႏၲာနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရတာျဖစ္သလို ကာဇာဝါကေတာ့ ၾကံခိုင္မႈ မျပည့္ဝတာေၾကာင့္ ပါဝင္ ကစားႏိုင္ခဲ့ျခင္းမရွိတာပဲ ျဖစ္ပါတယ္။
ဒါအျပင္ လစ္ပ္ဇစ္နဲ႔ ကစားမယ့္ပြဲမွာ ပြဲပယ္ျပစ္ဒဏ္ခံထားရတဲ့ ဒီမာရီယာလည္း ျပန္လည္ပါဝင္လာဖို႔ ရွိေနၿပီး အမ္ဘတ္ပီ မွာလည္း ၾကံခိုင္မႈအျပည့္အဝနဲ႔ ကစားႏိုင္မယ္လို႔ ပီအက္စ္ဂ်ီအသင္းက ထုတ္ျပန္ခဲ့ပါတယ္။ အတၱလႏၲာနဲ႔ပြဲမွာ အမ္ဘတ္ပီ အေနနဲ႔ ဒုတိယပိုင္းမွ လူစားဝင္ကစားခဲ့တာျဖစ္ေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းရဲ႕သြင္းဂိုးေတြမွာ ပါဝင္ပတ္သက္မႈရွိခဲ့ပါ တယ္။ ခ်န္ပီယံလိဂ္ဖလားကို အရယူႏိုင္ခဲ့မယ္ဆိုရင္ ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္အပါအဝင္ ျပည္တြင္းဖလားအားလံုး ရယူ ထားတာေၾကာင့္ တစ္ရာသီအတြင္း ဖလား ၄လံုးအထိ ရရွိမွာပဲ ျဖစ္ပါတယ္။