ပီအက်စ်ဂျီကို ပြောင်းလာပြီးနောက် အကောင်းဆုံးခြေစွမ်းရနေလို့ ချန်ပီယံလိဂ်ဖလားရချင်တယ်လို့ ပြောခဲ့တဲ့ နေမာ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာက အသင်းကိုပြောင်းရွှေ့လာတဲ့အချိန်ကတည်းကစပြီး အခုချိန်ထိမှာ လက်ရှိခြေစွမ်း က အကောင်းဆုံးဖြစ်နေကြောင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်းကို ပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီ ဟာ နေမာကို ၂၀၁၇ ခုနှစ်နွေရာသီအပြောင်းအရွှေ့တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ခေါ်ယူခဲ့ တာဖြစ်ပြီး ချန်ပီယံလိဂ်ရဖို့အတွက် အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေရနေတဲ့ နေမာဟာ စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ဖို့ နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရဖို့အတွက် ပြင်သစ်မြေကိုပြောင်းရွှေ့ကစားခဲ့တာဖြစ်တယ်လို့ သတင်းတွေရဲ့ဖော်ပြမှုအရ သိရပါတယ်။ ဒါပေမယ့် နေမာဟာ ဘာစီလိုနာမှာ ရခဲ့တဲ့အောင်မြင်မှုလောက်တောင် ပီအက်စ်ဂျီမှာ ရယူနိုင်ခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ နေမာဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံ ဆုတွေကို ရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၈၂ ပွဲမှာ သွင်းဂိုး ၇၀ အထိသွင်းယူပေးထားနိုင်တဲ့ နေမာအနေနဲ့ ပြီးခဲ့တဲ့နွေရာသီတုန်း က အသင်းဟောင်း ဘာစီလိုနာကို ပြန်ပြောင်းဖို့အတွက် သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ အခြားသတင်းတွေမှာတော့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဆိုတဲ့ အသုံး အနှုန်းတွေကြောင့် နေမာအနေနဲ့ ခြေစွမ်းပြနိုင်ဖို့အတွက် ဖိအားတွေပိုများခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။

အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် နေမာက “ ပီအက်စ်ဂျီမှာ ရောက်နေခဲ့တာ သုံးနှစ်ရှိပြီဖြစ်ပြီး အတွေ့အကြုံတွေ အများ ကြီးရခဲ့ပါတယ်။ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ရခဲ့ပြီး စိတ်ညစ်စရာက တစ်ခုပဲရှိပါတယ်။ဒါကတော့ ဒဏ်ရာ ရရှိမှုပါ။ ဒဏ်ရာရခဲ့မယ်ဆိုရင် ကျွန်တော်အနေနဲ့ ဘောလုံးကစားနိုင်မှာမဟုတ်ပါဘူး။အသင်းဖော်တွေကလည်း ခြေစွမ်းပြ နိုင်ဖို့ အတွက် ဝိုင်းပြီး ကူညီကြပါတယ်။ ကျွန်တော်တို့အားလုံး ချန်ပီယံလိဂ်ဖလားကိုလိုချင်နေကြသလို ကစားဖို့အတွက် လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ပီအက္စ္ဂ်ီကို ေျပာင္းလာၿပီးေနာက္ အေကာင္းဆံုးေျခစြမ္းရေနလို႔ ခ်န္ပီယံလိဂ္ဖလားရခ်င္တယ္လို႔ ေျပာခဲ့တဲ့ ေနမာ
ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴးေနမာက အသင္းကိုေျပာင္းေရႊ႕လာတဲ့အခ်ိန္ကတည္းကစၿပီး အခုခ်ိန္ထိမွာ လက္ရွိေျခစြမ္း က အေကာင္းဆံုးျဖစ္ေနေၾကာင္းနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ အဆင္သင့္ျဖစ္ေနေၾကာင္းကို ေျပာဆိုခဲ့ပါတယ္။ ပီအက္စ္ဂ်ီ ဟာ ေနမာကို ၂၀၁၇ ခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ကမ႓ာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂သန္းနဲ႔ ေခၚယူခဲ့ တာျဖစ္ၿပီး ခ်န္ပီယံလိဂ္ရဖို႔အတြက္ အဓိကပစ္မွတ္ထားခဲ့တာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းနဲ႔အတူ ေအာင္ျမင္မႈေတြရေနတဲ့ ေနမာဟာ စိန္ေခၚမႈအသစ္ေတြကိုရင္ဆိုင္ဖို႔ နဲ႔ ကမ႓ာ့အေကာင္းဆံုး ကစားသမားဆုရဖို႔အတြက္ ျပင္သစ္ေျမကိုေျပာင္းေရႊ႕ကစားခဲ့တာျဖစ္တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပမႈအရ သိရပါတယ္။ ဒါေပမယ့္ ေနမာဟာ ဘာစီလိုနာမွာ ရခဲ့တဲ့ေအာင္ျမင္မႈေလာက္ေတာင္ ပီအက္စ္ဂ်ီမွာ ရယူႏိုင္ခဲ့ျခင္းမရွိတာေတြ႕ရပါတယ္။ ေနမာဟာ ဘာစီလိုနာနဲ႔အတူ ခ်န္ပီယံလိဂ္နဲ႔ ဖီဖာကလပ္ကမ႓ာ့ဖလားခ်န္ပီယံ ဆုေတြကို ရရွိခဲ့တဲ့သူလည္း ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစံု ၈၂ ပြဲမွာ သြင္းဂိုး ၇၀ အထိသြင္းယူေပးထားႏိုင္တဲ့ ေနမာအေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီတုန္း က အသင္းေဟာင္း ဘာစီလိုနာကို ျပန္ေျပာင္းဖို႔အတြက္ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အေျပာင္းအေရႊ႕မျဖစ္ခဲ့ဘဲ ပီအက္စ္ဂ်ီမွာပဲ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။ အျခားသတင္းေတြမွာေတာ့ ကမ႓ာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးဆိုတဲ့ အသံုး အႏႈန္းေတြေၾကာင့္ ေနမာအေနနဲ႔ ေျခစြမ္းျပႏိုင္ဖို႔အတြက္ ဖိအားေတြပိုမ်ားခဲ့ရတယ္လို႔ ေဖာ္ျပၾကပါတယ္။
အသင္းရဲ႕ဝက္ဘ္ဆိုဒ္ကေနတဆင့္ ေနမာက “ ပီအက္စ္ဂ်ီမွာ ေရာက္ေနခဲ့တာ သံုးႏွစ္ရွိၿပီျဖစ္ၿပီး အေတြ႕အၾကံဳေတြ အမ်ား ႀကီးရခဲ့ပါတယ္။ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခိုက္အတန္႔ေတြကို ရခဲ့ၿပီး စိတ္ညစ္စရာက တစ္ခုပဲရွိပါတယ္။ဒါကေတာ့ ဒဏ္ရာ ရရွိမႈပါ။ ဒဏ္ရာရခဲ့မယ္ဆိုရင္ ကြ်န္ေတာ္အေနနဲ႔ ေဘာလံုးကစားႏိုင္မွာမဟုတ္ပါဘူး။အသင္းေဖာ္ေတြကလည္း ေျခစြမ္းျပ ႏိုင္ဖို႔ အတြက္ ဝိုင္းၿပီး ကူညီၾကပါတယ္။ ကြ်န္ေတာ္တို႔အားလံုး ခ်န္ပီယံလိဂ္ဖလားကိုလိုခ်င္ေနၾကသလို ကစားဖို႔အတြက္ လည္း အဆင္သင့္ျဖစ္ေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။