အလက်ဆစ်ဆန်းချက်ဇ်အနေနဲ့ ဒီထက်ပိုကောင်းလာဖို့ လိုအပ်နေပြီလို့ လူသိရှင်ကြားဝေဖန်လိုက်တဲ့ အင်တာမီလန်နည်းပြ ကွန်တီ

အင်တာမီလန်နည်းပြ ကွန်တီက အလက်ဆစ်ဆန်းချက်ဇ်အနေနဲ့ ဒီထက်ပိုကောင်းလာသင့်ပြီလို့ လူသိရှင်ကြားဝေဖန်သွားခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ ခါးသီးပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကိုပါအီတလီယာဖလား ပထမအကျော့ ဆီမီးဖိုင်နယ်ပွဲမှာဆန်းချက်ဇ် ဂိုးမသွင်းနိုင်ခဲ့တာကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြကြီးဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့အတူ သူအသင်းဟောင်းကို ရှုံးခဲ့ရတာပါ။ ဆန်းချက်ဇ်ကတော့ လူကာကူအစားဝင်ရောက်ကစားခဲ့ပေမယ့် ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။ ပထမအကျော့မှာ (၂-၁) နဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ ဒုတိယအကျော့မှာ နောက်တစ်ဆင့်တက်ရောက်ရန်အတွက် ကြိုးစားကစားရတော့မှာဖြစ်ပါတယ်။

ကွန်တီက “သူ ပွဲပန်းနေတာလား ကျွန်တော်မသိပါဘူး။ သေချာတာကတော့ သူဟာ အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူအနေနဲ့ ဂိုးတွေ သွင်းဖို့ လိုအပ်နေပါတယ်။ တိုက်စစ်မှူးတစ်ယောက်အတွက်က သွင်းဂိုးတွေ လိုအပ်နေတာပါ” လို့ ပြောသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းသွားခဲ့ကတည်းက ပုံစံကောင်းပြဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။

အလက္ဆစ္ဆန္းခ်က္ဇ္အေနနဲ႔ ဒီထက္ပိုေကာင္းလာဖို႔ လိုအပ္ေနၿပီလို႔ လူသိရွင္ၾကားေ၀ဖန္လိုက္တဲ့ အင္တာမီလန္နည္းျပ ကြန္တီ

အင္တာမီလန္နည္းျပ ကြန္တီက အလက္ဆစ္ဆန္းခ်က္ဇ္အေနနဲ႔ ဒီထက္ပိုေကာင္းလာသင့္ၿပီလို႔ လူသိရွင္ၾကားေ၀ဖန္သြားခဲ့ပါတယ္။ အင္တာမီလန္အသင္းဟာ ခါးသီးၿပိဳင္ဘက္ ဂ်ဴဗင္တပ္စ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ကိုပါအီတလီယာဖလား ပထမအေက်ာ့ ဆီမီးဖိုင္နယ္ပြဲမွာဆန္းခ်က္ဇ္ ဂိုးမသြင္းႏိုင္ခဲ့တာကို ေ၀ဖန္ခဲ့တာျဖစ္ပါတယ္။

အီတလီလူမ်ိဳးနည္းျပႀကီးဟာ ေရာ္နယ္ဒိုရဲ႕ သြင္းဂိုးေတြနဲ႔အတူ သူအသင္းေဟာင္းကို ရႈံးခဲ့ရတာပါ။ ဆန္းခ်က္ဇ္ကေတာ့ လူကာကူအစား၀င္ေရာက္ကစားခဲ့ေပမယ့္ ဂိုးေပါက္ေပ်ာက္ဆံုးခဲ့ပါတယ္။ ပထမအေက်ာ့မွာ (၂-၁) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အင္တာမီလန္အသင္းဟာ ဒုတိယအေက်ာ့မွာ ေနာက္တစ္ဆင့္တက္ေရာက္ရန္အတြက္ ႀကိဳးစားကစားရေတာ့မွာျဖစ္ပါတယ္။

ကြန္တီက “သူ ပြဲပန္းေနတာလား ကၽြန္ေတာ္မသိပါဘူး။ ေသခ်ာတာကေတာ့ သူဟာ အေကာင္းဆံုးေတာ့ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ သူအေနနဲ႔ ဂိုးေတြ သြင္းဖို႔ လိုအပ္ေနပါတယ္။ တိုက္စစ္မွဴးတစ္ေယာက္အတြက္က သြင္းဂိုးေတြ လိုအပ္ေနတာပါ” လို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ဆန္းခ်က္ဇ္ဟာ အာဆင္နယ္ကေန ယူႏိုက္တက္ကို ေျပာင္းသြားခဲ့ကတည္းက ပံုစံေကာင္းျပဖို႔ ႐ုန္းကန္ေနရသူျဖစ္ပါတယ္။