ရမ်ဆေးဟာ ဂျူဗင်တပ်စ်နည်းပြ ပီယာလိုအတွက် စိတ်ကြိုက်ကစားသမားဖြစ်တယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်ကစားသမားဟောင်း ပီးရက်စ်

အာဆင်နယ်သူရဲကောင်း ရော်ဘတ်ပီးရက်စ်က ဂျူဗင်တပ်စ်အသင်းမှာ ရှိနေတဲ့ ရမ်ဆေးရဲ့ တန်ဖိုးနဲ့ ပတ်သက်ပြီး သံသယမရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ ပီးရက်စ်ဟာ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်းဟာ ဂျူဗင်တပ်စ်နည်းပြ ပီယာလိုရဲ့ စိတ်ကြိုက်ကစားသမား တစ်ယောက်ဖြစ်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

သူက “ သူအကောင်းဆုံး စွမ်းဆောင်ပေးထားလို့ ကျွန်တော် ကျေနပ်အားရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ နေရာစုံမှာ အရမ်းကိုတောင့်တင်းတဲံ ကစားသမားတွေ များပြားလို့ ပြိုင်ဆိုင်မှု အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သူဟာ ကစားခွင့်ရတိုင်း ခြေစွမ်းပြပါတယ်။ မကြာခဏဆိုသလို ဂိုးတွေလည်း သွင်းယူပေးပါတယ်။ စနေနေ့က ဆမ့်ဒိုးရီးယားနဲ့ ပွဲမှာဆိုရင် သူဟာ ခြေစွမ်းပြနိုင်ခဲ့သူပါ။

သူဟာ ဒီလိုမတူခြားနားတာတွေ ဆက်လုပ်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုကွင်းလယ်မျိုးမှာ ကစားခွင့်ရဖို့ဆိုတာ မလွယ်ပါဘူး။ သူဟာ အသင်းကို အာဆင်နယ်တုန်းမှာကလို ကူညီနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဟုတ်ပါတယ်။ အခု အန်ဒရေဟာ နည်းနည်းတော့ အတွေ့အကြုံနည်းနေပေမယ့် အခက်အခဲတွေတော့ တွေ့နေမှာပါ။ သူအနေနဲ့ အာရွန်ကို မျှော်လင့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ကစားသမားကောင်းဖြစ်ပြီး တစ်ကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်ပါတယ်။ နည်းပြတစ်ယောက်အတွက် ဒါက အရေးပါပါတယ်” လို့ ပီးရက်စ်က ပြောသွားခဲ့ပါတယ်။

ရမ္ေဆးဟာ ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလိုအတြက္ စိတ္ႀကိဳက္ကစားသမားျဖစ္တယ္လို႔ ဆိုလိုက္တဲ့ အာဆင္နယ္ကစားသမားေဟာင္း ပီးရက္စ္

အာဆင္နယ္သူရဲေကာင္း ေရာ္ဘတ္ပီးရက္စ္က ဂ်ဴဗင္တပ္စ္အသင္းမွာ ရွိေနတဲ့ ရမ္ေဆးရဲ႕ တန္ဖိုးနဲ႔ ပတ္သက္ၿပီး သံသယမရွိဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ပီးရက္စ္ဟာ အာဆင္နယ္ကြင္းလယ္ကစားသမားေဟာင္းဟာ ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလိုရဲ႕ စိတ္ႀကိဳက္ကစားသမား တစ္ေယာက္ျဖစ္မယ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

သူက “ သူအေကာင္းဆံုး စြမ္းေဆာင္ေပးထားလို႔ ကၽြန္ေတာ္ ေက်နပ္အားရပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ေနရာစံုမွာ အရမ္းကိုေတာင့္တင္းတဲံ ကစားသမားေတြ မ်ားျပားလို႔ ၿပိဳင္ဆိုင္မႈ အရမ္းကို ေၾကာက္ဖို႔ေကာင္းပါတယ္။ ဒါေပမယ့္ သူဟာ ကစားခြင့္ရတိုင္း ေျခစြမ္းျပပါတယ္။ မၾကာခဏဆိုသလို ဂိုးေတြလည္း သြင္းယူေပးပါတယ္။ စေနေန႔က ဆမ့္ဒိုးရီးယားနဲ႔ ပြဲမွာဆိုရင္ သူဟာ ေျခစြမး္ျပႏိုင္ခဲ့သူပါ။

သူဟာ ဒီလိုမတူျခားနားတာေတြ ဆက္လုပ္ေနမယ္လို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုကြင္းလယ္မ်ိဳးမွာ ကစားခြင့္ရဖို႔ဆိုတာ မလြယ္ပါဘူး။ သူဟာ အသင္းကို အာဆင္နယ္တုန္းမွာကလို ကူညီႏိုင္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။

ဟုတ္ပါတယ္။ အခု အန္ဒေရဟာ နည္းနည္းေတာ့ အေတြ႕အၾကံဳနည္းေနေပမယ့္ အခက္အခဲေတြေတာ့ ေတြ႕ေနမွာပါ။ သူအေနနဲ႔ အာရြန္ကို ေမွ်ာ္လင့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ကစားသမားေကာင္းျဖစ္ၿပီး တစ္ကယ့္ကို ပေရာ္ဖက္ရွင္နယ္ဆန္ပါတယ္။ နည္းျပတစ္ေယာက္အတြက္ ဒါက အေရးပါပါတယ္” လို႔ ပီးရက္စ္က ေျပာသြားခဲ့ပါတယ္။