ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲပေါင်း ၁၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ဂျူဗင်တပ်ဂိုးသမားကြီး ဘတ်ဖွန်


ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂျူဗင်တပ်ဂိုးသမားကြီး ဘတ်ဖွန်ဟာ ပြီးခဲ့တဲ့ နေ့က အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ သူရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲပေါင်း ၁၁၀၀ ပြည့်ခဲ့ တယ်လို့ သိရပါတယ်။ အသက် ၄၃ နှစ်ရှိနေပြီဖြစ်တဲ့ ဘတ်ဖွန်အနေနဲ့ ဒီရာသီစာ သူအတွက်ဘောလုံးကစားတဲ့ နောက် ဆုံးရာသီလည်း ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ပါးမားလူငယ်အသင်းကနေပေါ်ထွက်လာပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပါးမားနဲ့စတင်ခဲ့တဲ့ ဘတ်ဖွန်ဟာပါးမား အသင်းအတွက် ၆ နှစ်အတွင်းမှာပွဲပေါင်း ၂၂၀ ပွဲကစားပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာခဲ့ ပြီး နာမည်ကျော်လာတဲ့ ဘတ်ဖွန်ဟာ အသင်းအတွက် ကစားခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ ပွဲပေါင်း ၆၇၉ ပွဲအထိပါဝင်ကစားပေး ခဲ့သူလည်း ဖြစ်ပါတယ်။


၂၀၁၈-၁၉ ဘောလုံးရာသီမှာတော့ ဘတ်ဖွန်ဟာ ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီကြာသွားရောက်ခဲ့ပြီး ပွဲပေါင်း ၂၅ ပွဲပါ ဝင်ခဲ့တယ်လို့ သိရပြီးနောက်မှာ ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။ အီတလီလက်ရွေးစင်အ သင်းကြီးအတွက် ဘတ်ဖွန်က ပွဲပေါင်း ၁၇၆ ပွဲပါဝင်ကစားခဲ့တာဖြစ်တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပြီး ဇန်နဝါ ရီ ၂၈ ရက်နေ့တုန်းက သူအနေနဲ့ အသက် ၄၃ နှစ်ပြည့်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ ပြဲေပါင္း ၁၁၀၀ ျပည့္ေျမာက္ခဲ့ၿပီျဖစ္တဲ့ ဂ်ဴဗင္တပ္ဂိုးသမားႀကီး ဘတ္ဖြန္
ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တဲ့ ဂ်ဴဗင္တပ္ဂိုးသမားႀကီး ဘတ္ဖြန္ဟာ ၿပီးခဲ့တဲ့ ေန႔က အင္တာမီလန္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ သူရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ ပြဲေပါင္း ၁၁၀၀ ျပည့္ခဲ့ တယ္လို႔ သိရပါတယ္။ အသက္ ၄၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဘတ္ဖြန္အေနနဲ႔ ဒီရာသီစာ သူအတြက္ေဘာလံုးကစားတဲ့ ေနာက္ ဆံုးရာသီလည္း ျဖစ္လာႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ပါးမားလူငယ္အသင္းကေနေပၚထြက္လာၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ပါးမားနဲ႔စတင္ခဲ့တဲ့ ဘတ္ဖြန္ဟာပါးမား အသင္းအတြက္ ၆ ႏွစ္အတြင္းမွာပြဲေပါင္း ၂၂၀ ပြဲကစားေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕လာခဲ့ ၿပီး နာမည္ေက်ာ္လာတဲ့ ဘတ္ဖြန္ဟာ အသင္းအတြက္ ကစားခဲ့တဲ့ ၁၇ ႏွစ္အတြင္းမွာ ပြဲေပါင္း ၆၇၉ ပြဲအထိပါဝင္ကစားေပး ခဲ့သူလည္း ျဖစ္ပါတယ္။
၂၀၁၈-၁၉ ေဘာလံုးရာသီမွာေတာ့ ဘတ္ဖြန္ဟာ ပီအက္စ္ဂ်ီအသင္းမွာ တစ္ရာသီၾကာသြားေရာက္ခဲ့ၿပီး ပြဲေပါင္း ၂၅ ပြဲပါ ဝင္ခဲ့တယ္လို႔ သိရၿပီးေနာက္မွာ ဂ်ဴဗင္တပ္အသင္းကို ျပန္လည္ေျပာင္းေရႊ႕ခဲ့တာပဲ ျဖစ္ပါတယ္။ အီတလီလက္ေရြးစင္အ သင္းႀကီးအတြက္ ဘတ္ဖြန္က ပြဲေပါင္း ၁၇၆ ပြဲပါဝင္ကစားခဲ့တာျဖစ္တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရၿပီး ဇန္နဝါ ရီ ၂၈ ရက္ေန႔တုန္းက သူအေနနဲ႔ အသက္ ၄၃ ႏွစ္ျပည့္ခဲ့တာပဲ ျဖစ္ပါတယ္။