လူစားလဲခံရတာကြောင့် စီရော်နယ်ဒိုအနေနဲ့ မပျော်မရွှင်ဖြစ်ခဲ့တယ် ဆိုပြီးဝန်ခံပြောကြားသွားတဲ့ နည်းပြ ပီယာလို


ဂျူဗင်တပ်အသင်းနည်းပြ ပီယာလိုက ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ်ပထမအကျော့ ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အင် တာမီလန်နဲ့ ပွဲစဉ်မှာ လူစားလဲခဲ့တာကြောင့် စီရော်နယ်ဒိုအနေနဲ့ မပျော်မရွှင်ဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ အင်တာမီလန်နဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို သွင်းယူပေးထားခဲ့ပေမယ့် ပွဲချိန် ၇၇ မိနစ် မှာ မိုရာတာနဲ့ လူစားလဲ ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


လူစားလဲခဲ့ခြင်းနဲ့ ပတ်သက်ပြီးတော့ ဂျူဗင်တပ်နည်းပြ ပီယာလိုက နောက်တစ်ပတ်မှာ ပြန်ကစားရမယ့် ဆီမီးဖိုင်နယ်ဒုတိ ယအကျော့ပွဲစဉ်အတွက် ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပီယာလိုက “ စီရော်နယ်ဒိုက အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ပါ။ လူစားလဲခဲ့တယ်ဆိုတာလည်း ပုံမှန်ဖြစ်နေတဲ့ အတိုင်းပါပဲ။ သူကို အနားရစေချင်လို့ လူစားလဲခဲ့တာပါ” ဆိုပြီး ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ်ပတ်တုန်းက အင်တာမီလန်က အိမ်ကွင်းမှာပဲ ဂျူဗင်တပ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တာကြောင့် အခုပြန်ပြီး အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အသင်းသားတွေကိုလည်း ကျေးဇူးတင်ကြောင်း ပီယာလိုက ပြောခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ပထမအကျော့မှာ အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ အကောင်းဆုံးရလဒ်မျိုး ရအောင် လုပ်ဆောင်သွားပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ကြိုးစားသွားမှာပါဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

လူစားလဲခံရတာေၾကာင့္ စီေရာ္နယ္ဒိုအေနနဲ႔ မေပ်ာ္မရႊင္ျဖစ္ခဲ့တယ္ ဆိုၿပီးဝန္ခံေျပာၾကားသြားတဲ့ နည္းျပ ပီယာလို
ဂ်ဴဗင္တပ္အသင္းနည္းျပ ပီယာလိုက ကိုပါအီတာလီယာဖလား ဆီမီးဖိုင္နယ္ပထမအေက်ာ့ ပြဲစဥ္အျဖစ္ကစားခဲ့တဲ့ အင္ တာမီလန္နဲ႔ ပြဲစဥ္မွာ လူစားလဲခဲ့တာေၾကာင့္ စီေရာ္နယ္ဒိုအေနနဲ႔ မေပ်ာ္မရႊင္ျဖစ္ခဲ့ေၾကာင္း ဝန္ခံေျပာၾကားသြားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ အင္တာမီလန္နဲ႔ပြဲမွာ အသင္းအတြက္ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးကို သြင္းယူေပးထားခဲ့ေပမယ့္ ပြဲခ်ိန္ ၇၇ မိနစ္ မွာ မိုရာတာနဲ႔ လူစားလဲ ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
လူစားလဲခဲ့ျခင္းနဲ႔ ပတ္သက္ၿပီးေတာ့ ဂ်ဴဗင္တပ္နည္းျပ ပီယာလိုက ေနာက္တစ္ပတ္မွာ ျပန္ကစားရမယ့္ ဆီမီးဖိုင္နယ္ဒုတိ ယအေက်ာ့ပြဲစဥ္အတြက္ ျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။ ပြဲအၿပီးျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ပီယာလိုက “ စီေရာ္နယ္ဒိုက အသင္းအတြက္ အေရးပါတဲ့ကစားသမားတစ္ေယာက္ပါ။ လူစားလဲခဲ့တယ္ဆိုတာလည္း ပံုမွန္ျဖစ္ေနတဲ့ အတိုင္းပါပဲ။ သူကို အနားရေစခ်င္လို႔ လူစားလဲခဲ့တာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ပတ္တုန္းက အင္တာမီလန္က အိမ္ကြင္းမွာပဲ ဂ်ဴဗင္တပ္ကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ယူခဲ့တာေၾကာင့္ အခုျပန္ၿပီး အႏိုင္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ အသင္းသားေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ပီယာလိုက ေျပာခဲ့ပါတယ္။ ဆက္လက္ၿပီးေတာ့ ပထမအေက်ာ့မွာ အႏိုင္ရခဲ့တာေၾကာင့္ ဒုတိယအေက်ာ့အိမ္ကြင္းပြဲစဥ္မွာ အေကာင္းဆံုးရလဒ္မ်ိဳး ရေအာင္ လုပ္ေဆာင္သြားၿပီး ဗိုလ္လုပြဲတက္ေရာက္ႏိုင္ဖို႔ ႀကိဳးစားသြားမွာပါဆိုၿပီး ေျပာသြားခဲ့ပါတယ္။