မီလန်ဒါဘီမှာ ခေါင်းချင်းဆိုင်ခဲ့တဲ့ အီဘရာဟီမိုဗစ် နဲ့ လူကာကူ (၂) ယောက်စလုံးကို တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ မီလန်ဒါဘီပွဲမှာ အချင်းများခဲ့တဲ့ အီဘရာဟီမိုဗစ် နဲ့ လူကာကူ တို့ (၂) ယောက်စလုံးကို တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က ကစားသမား (၂) ယောက်စလုံးကို အဝါကတ် ကိုယ်စီပြခဲ့ပါတယ်။

အခုအပြစ်ဒဏ်ကြောင့် သူတို့ (၂) ယောက်စလုံးဟာ နောက်ကစားမယ့် ကိုပါအီတလီယာ ဖလားပွဲတွေကို လွဲချော်ရမှာဖြစ်ပါတယ်။ အင်တာမီလန်အသင်းက ဆီမီးဖိုင်နယ်ကို တက်သွားတာဖြစ်လို့ နောက်တစ်ပတ်ကစားမယ့် ဂျူဗင်တပ်စ် နဲ့ ပထမအကျော့ပွဲကို လူကာကူဟာ လွဲချော်မှာဖြစ်ပေမယ့် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ နောက်ရာသီမှာ ကစာမယ့် ကိုပါအီတလီယာ ပြိုင်ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

သို့သော်လည်း အီတလီဘောလုံးအဖွဲ့ချုပ်က အခြားသော ကိစ္စတွေကိုလည်း စုံစမ်းစစ်ဆေးနေပြီး နောက်ထပ် အပြစ်တွေ့ပါက ထပ်ပြီး အပြစ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

မီလန္ဒါဘီမွာ ေခါင္းခ်င္းဆိုင္ခဲ့တဲ့ အီဘရာဟီမိုဗစ္ နဲ႔ လူကာကူ (၂) ေယာက္စလံုးကို တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္

ၿပီးခဲ့တဲ့ အဂၤါေန႔က ကစားခဲ့တဲ့ မီလန္ဒါဘီပြဲမွာ အခ်င္းမ်ားခဲ့တဲ့ အီဘရာဟီမိုဗစ္ နဲ႔ လူကာကူ တို႔ (၂) ေယာက္စလံုးကို တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီျဖစ္ပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ကို ကြင္းလယ္ဒိုင္က ကစားသမား (၂) ေယာက္စလံုးကို အဝါကတ္ ကိုယ္စီျပခဲ့ပါတယ္။

အခုအျပစ္ဒဏ္ေၾကာင့္ သူတို႔ (၂) ေယာက္စလံုးဟာ ေနာက္ကစားမယ့္ ကိုပါအီတလီယာ ဖလားပြဲေတြကို လြဲေခ်ာ္ရမွာျဖစ္ပါတယ္။  အင္တာမီလန္အသင္းက ဆီမီးဖိုင္နယ္ကို တက္သြားတာျဖစ္လို႔ ေနာက္တစ္ပတ္ကစားမယ့္ ဂ်ဴဗင္တပ္စ္ နဲ႔ ပထမအေက်ာ့ပြဲကို လူကာကူဟာ လြဲေခ်ာ္မွာျဖစ္ေပမယ့္ ေအစီမီလန္တိုက္စစ္မွဴး အီဘရာဟီမိုဗစ္ကေတာ့ ေနာက္ရာသီမွာ ကစာမယ့္ ကိုပါအီတလီယာ ၿပိဳင္ပြဲကို လြဲေခ်ာ္မယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း အီတလီေဘာလံုးအဖြဲ႕ခ်ဳပ္က အျခားေသာ ကိစၥေတြကိုလည္း စံုစမ္းစစ္ေဆးေနၿပီး ေနာက္ထပ္ အျပစ္ေတြ႕ပါက ထပ္ၿပီး အျပစ္ေပးသြားမွာပဲ ျဖစ္ပါတယ္။