ဒီဇီကိုနဲ့ ဆန်းချက်ဇ်ကို အလဲအထပ်ပြုလုပ်ဖို့အတွက် ရိုးမားနဲ့ အင်တာမီလန်တို့ ဆွေးနွေးနေတယ်လို့ သိရ


The Sun သတင်းစာရဲ့ဖော်ပြချက်အရတော့ စီးရီးအေကလပ်တွေဖြစ်တဲ့ ရိုးမားနဲ့ အင်တာမီလန်တို့ဟာ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဒီဇီကိုနဲ့ ဆန်းချက်ဇ်တို့ကို အလဲအလှယ်ပြုလုပ်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ရိုးမားအသင်းခေါင်း ဆောင်ဖြစ်တဲ့ ဒီဇီကိုဟာ နည်းပြ ဖွန်ဆီကာနဲ့ အဆင်မပြေမှုကြောင့် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတာဖြစ်ပြီး ဆန်းချက်ဇ်ကတော့ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြဖို့အတွက် ရုန်းကန်နေရသူပဲ ဖြစ်ပါတယ်။


ဆန်းချက်ဇ်ဟာ ယူနိုက်တက်ကနေ အင်တာမီလန်ကို အပြီးသတ်ပြောင်းရွှေ့လာတဲ့ ငါးလတာအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုးနှစ်ဂိုးပဲ သွင်းယူပေးထားတာကြောင့် နည်းပြကွန်တီအနေနဲ့ သူကို ဒီဇီကိုနဲ့ အလဲအလှယ်ပြုလုပ်ဖို့ စီစဉ် နေတာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ်တုန်းက အမ်ခီတာယန်ရဲ့ အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အာဆင် နယ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အင်တာမီလန်ကိုအဌားချခံရပြီးနောက် အပြီးသတ်ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။


ရိုးမားအသင်းခေါင်းဆောင် ဒီဇီကိုအနေနဲ့လည်း ဒီရာသီပြိုင်ပွဲစုံမှာ ပွဲ ၂၀ ပါဝင်ကစားပေးခဲ့ပြီး ၈ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နည်းပြဖြစ်သူနဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ သူကို ခေါ်ယူဖို့အတွက် ယူနိုက် တက်အပြင် ဝက်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတွေကလည်း စိတ်ဝင်စားနေတယ်လို့ သိရပေမယ့် ဂျူဗင်တပ်ကို ပြောင်းရွှေ့ နိုင်တယ်လို့ အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။

zawgyi version

ဒီဇီကိုနဲ႔ ဆန္းခ်က္ဇ္ကို အလဲအထပ္ျပဳလုပ္ဖို႔အတြက္ ႐ိုးမားနဲ႔ အင္တာမီလန္တို႔ ေဆြးေႏြးေနတယ္လို႔ သိရ
The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ စီးရီးေအကလပ္ေတြျဖစ္တဲ့ ႐ိုးမားနဲ႔ အင္တာမီလန္တို႔ဟာ တိုက္စစ္မွဴးေတြ ျဖစ္တဲ့ ဒီဇီကိုနဲ႔ ဆန္းခ်က္ဇ္တို႔ကို အလဲအလွယ္ျပဳလုပ္ဖို႔အတြက္ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ ႐ိုးမားအသင္းေခါင္း ေဆာင္ျဖစ္တဲ့ ဒီဇီကိုဟာ နည္းျပ ဖြန္ဆီကာနဲ႔ အဆင္မေျပမႈေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတာျဖစ္ၿပီး ဆန္းခ်က္ဇ္ကေတာ့ အင္တာမီလန္အသင္းမွာ ေျခစြမ္းျပဖို႔အတြက္ ႐ုန္းကန္ေနရသူပဲ ျဖစ္ပါတယ္။
ဆန္းခ်က္ဇ္ဟာ ယူႏိုက္တက္ကေန အင္တာမီလန္ကို အၿပီးသတ္ေျပာင္းေရႊ႕လာတဲ့ ငါးလတာအတြင္းမွာ အသင္းအတြက္ ၿပိဳင္ပြဲစံုမွာ သြင္းဂိုးႏွစ္ဂိုးပဲ သြင္းယူေပးထားတာေၾကာင့္ နည္းျပကြန္တီအေနနဲ႔ သူကို ဒီဇီကိုနဲ႔ အလဲအလွယ္ျပဳလုပ္ဖို႔ စီစဥ္ ေနတာျဖစ္ပါတယ္။ ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ခုႏွစ္တုန္းက အမ္ခီတာယန္ရဲ႕ အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္ အာဆင္ နယ္ကေန ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ အင္တာမီလန္ကိုအဌားခ်ခံရၿပီးေနာက္ အၿပီးသတ္ေျပာင္းေရႊ႕လာခဲ့သူလည္း ျဖစ္ပါတယ္။
႐ိုးမားအသင္းေခါင္းေဆာင္ ဒီဇီကိုအေနနဲ႔လည္း ဒီရာသီၿပိဳင္ပြဲစံုမွာ ပြဲ ၂၀ ပါဝင္ကစားေပးခဲ့ၿပီး ၈ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ နည္းျပျဖစ္သူနဲ႔ အဆင္မေျပျဖစ္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ သူကို ေခၚယူဖို႔အတြက္ ယူႏိုက္ တက္အျပင္ ဝက္စ္ဟမ္းနဲ႔ အဲဗာတန္အသင္းေတြကလည္း စိတ္ဝင္စားေနတယ္လို႔ သိရေပမယ့္ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ ႏိုင္တယ္လို႔ အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ Gazzetta dello Sport က ေဖာ္ျပခဲ့ပါတယ္။