ချစ်သူမွေးနေ့မှာ ခရီးထွက်ခွာခဲ့တဲ့ ရော်နယ်ဒိုကို ကိုဗစ် စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး စုံစမ်းစစ်ဆေးနေ

ရော်နယ်ဒိုဟာ ချစ်သူဂျော်ဂျီနာရိုဒရီဂွတ်ဇ်ရဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့မှာ အပန်းဖြေခရီးထွက်ခဲ့လို့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါစည်းကမ်းကို ချိုးဖောက်တယ်ဆိုပြီး စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်း ဗုဒ္ဓဟူးနေ့က စပဲလ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အနားပေးခြင်းခံခဲ့ရပြီး တူရင် နဲ့ (၉၃) မိုင်ကွာဝေးတဲ့ နေရာကို (၂) ရက်အပန်းဖြေခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။

သတင်းများအရ သူတို့ (၂) ယောက်ဟာ ပိတ်ထားတဲ့ ဟိုတယ်မှာ တည်းခိုခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒို နဲ့ ဂျော်ဂျီနာတို့ဟာ Val Veny ရဲ့ နှင်းတောထဲမှာ (၂) ရက်တာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရော်နယ်ဒိုရော ဂျော်ဂျီနာဟာ တူရင်ကို ပြန်ရောက်လာပေမယ့် အာဏာပိုင်တွေကတော့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိနေပြီး ယူရို ၄၀၀ ပေးရဖွယ်ရှိနေပြီး အဲ့ဒီပမာဏဟာ ဂျူဗင်တပ်စ်မှာ တစ်နှစ ်ယူရိုသန်း ၃၀ ရနေတဲ့ ရော်နယ်ဒိုရဲ့ (၇) မိနစ်စာ ငွေပမာဏပဲ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ဒီရာသီမျာ ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၂၀) သွင်းထားပေမယ့် သူ့ရဲ့ နောက်ုံး (၅) ပွဲမှာ (၂) ဂိုးပဲ သွင်းယူထားပါတယ်။

ခ်စ္သူေမြးေန႔မွာ ခရီးထြက္ခြာခဲ့တဲ့ ေရာ္နယ္ဒိုကို ကိုဗစ္ စည္းမ်ဥ္းခ်ိဳးေဖာက္တယ္ဆိုၿပီး စံုစမ္းစစ္ေဆးေန

ေရာ္နယ္ဒိုဟာ ခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြတ္ဇ္ရဲ႕ အသက္ ၂၇ ႏွစ္ျပည့္ေမြးေန႕မွာ အပန္းေျဖခရီးထြက္ခဲ့လို႔ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါစည္းကမ္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး စံုစမ္းစစ္ေဆးျခင္းခံေနရပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္း ဗုဒၶဟူးေန႔က စပဲလ္အသင္းကို (၄-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အနားေပးျခင္းခံခဲ့ရၿပီး တူရင္ နဲ႔ (၉၃) မိုင္ကြာေ၀းတဲ့ ေနရာကို (၂) ရက္အပန္းေျဖခရီးထြက္ခဲ့တာ ျဖစ္ပါတယ္။

သတင္းမ်ားအရ သူတို႔ (၂) ေယာက္ဟာ ပိတ္ထားတဲ့ ဟိုတယ္မွာ တည္းခိုခဲ့တယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒို နဲ႔ ေဂ်ာ္ဂ်ီနာတို႔ဟာ Val Veny ရဲ႕ ႏွင္းေတာထဲမွာ (၂) ရက္တာ အခ်ိန္ကုန္ဆံုးခဲ့တာျဖစ္ပါတယ္။ အခုအခိ်န္မွာေတာ့ ေရာ္နယ္ဒိုေရာ ေဂ်ာ္ဂ်ီနာဟာ တူရင္ကို ျပန္ေရာက္လာေပမယ့္ အာဏာပိုင္ေတြကေတာ့ စံုစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

ေရာ္နယ္ဒိုအေနနဲ႔ ဒဏ္ေၾကးေပးေဆာင္ရဖြယ္ရွိေနၿပီး ယူ႐ို ၄၀၀ ေပးရဖြယ္ရွိေနၿပီး အဲ့ဒီပမာဏဟာ ဂ်ဴဗင္တပ္စ္မွာ တစ္ႏွစ ္ယူ႐ိုသန္း ၃၀ ရေနတဲ့ ေရာ္နယ္ဒိုရဲ႕ (၇) မိနစ္စာ ေငြပမာဏပဲ ျဖစ္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ ဒီရာသီမ်ာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ၿပိဳင္ပြဲစံု ဂိုး (၂၀) သြင္းထားေပမယ့္ သူ႔ရဲ႕ ေနာက္ံုး (၅) ပြဲမွာ (၂) ဂိုးပဲ သြင္းယူထားပါတယ္။