ဒီဇီကိုရဲ့ နေရာအတွက် ချဲလ်ဆီးမှာ နေရာမရဖြစ်နေတဲ့ ဂီရော့ဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ရိုးမားအသင်း


ရိုးမားအသင်းဟာ နည်းပြ ဖွန်ဆီကာနဲ့ အဆင်မပြေမှုတွေကြောင့် အသင်းပြောင်းရွှေ့တော့မယ့် အသင်းခေါင်းဆောင် ဒီဇ ကိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ချဲလ်ဆီးမှာ နေရာမရဖြစ်နေတဲ့ ဂီရော့ဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါ တယ်။ ဒီဇီကိုဟာ စပီဇီယာကို လေးဂိုးသုံးဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ရိုးမားအသင်းနဲ့ ပူးပေါင်းခြင်းမရှိဘဲ တစ်ယောက် တည်းသာ လေ့ကျင့်မှုပြုလုပ်နေခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေတယ်ဆိုပြီး ဖော်ပြခံနေရတာ ဖြစ်ပါတယ်။


၂၀၁၅ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ရိုးမားအသင်းကို ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒီဇီ ကို ဟာ ပြိုင်ပွဲစုံ ၂၄၂ ပွဲမှာ ၁၁၄ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဒီဇီကိုနဲ့ ရွယ်တူ ဖြစ်တဲ့ ဂီရော့ဒ်ကို ရိုးမားအနေနဲ့ ဒီဇီကိုရဲ့နေရာမှာ အစားထိုးဖို့အတွက် နံပါတ်-၁ ဦးစားပေးအဖြစ် ပြင်ဆင်ထားတာဖြစ် တယ်လို့လည်း သတင်းတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။


လူငယ်ကစားသမားတွေကို ဦးစားပေးရွေးချယ်တတ်လေ့ရှိတဲ့ တူချယ်အနေနဲ့ ဂီရော့ဒ်ကို အသင်းကထွက်ခွာခွင့်ပေးခဲ့မယ် ဆိုရင် ရိုးမားက အပြီးသတ်ခေါ်ယူမှာဖြစ်ပြီး ထွက်ခွင့်မပေးဘူးဆိုရင်လည်း အဌားနဲ့ခေါ်ယူနိုင်ဖို့ ရိုးမားအနေနဲ့ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂီရော့ဒ်ကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်အသင်းကလည်း စောင့်ကြည့်နေတယ်လို့ သိရ ပြီး ကစားသမားကိုယ်တိုင်ကတော့ အပြောင်းအရွှေ့သတင်းတွေအတွက် တစ်စုံတရာမှတ်ချက်ပြုခဲ့ခြင်းတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

zawgyi version

ဒီဇီကိုရဲ႕ ေနရာအတြက္ ခ်ဲလ္ဆီးမွာ ေနရာမရျဖစ္ေနတဲ့ ဂီေရာ့ဒ္ကို ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ ႐ိုးမားအသင္း
႐ိုးမားအသင္းဟာ နည္းျပ ဖြန္ဆီကာနဲ႔ အဆင္မေျပမႈေတြေၾကာင့္ အသင္းေျပာင္းေရႊ႕ေတာ့မယ့္ အသင္းေခါင္းေဆာင္ ဒီဇ ကိုရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ ခ်ဲလ္ဆီးမွာ ေနရာမရျဖစ္ေနတဲ့ ဂီေရာ့ဒ္ကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါ တယ္။ ဒီဇီကိုဟာ စပီဇီယာကို ေလးဂိုးသံုးဂိုးနဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာ ႐ိုးမားအသင္းနဲ႔ ပူးေပါင္းျခင္းမရွိဘဲ တစ္ေယာက္ တည္းသာ ေလ့က်င့္မႈျပဳလုပ္ေနခဲ့တာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ ေသခ်ာသေလာက္ရွိေနတယ္ဆိုၿပီး ေဖာ္ျပခံေနရတာ ျဖစ္ပါတယ္။
၂၀၁၅ ခုႏွစ္မွာ မန္စီးတီးအသင္းကေန ႐ိုးမားအသင္းကို ေျပာင္းေရႊ႕လာၿပီးေနာက္ အသင္းအတြက္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒီဇီ ကို ဟာ ၿပိဳင္ပြဲစံု ၂၄၂ ပြဲမွာ ၁၁၄ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ဒီဇီကိုနဲ႔ ရြယ္တူ ျဖစ္တဲ့ ဂီေရာ့ဒ္ကို ႐ိုးမားအေနနဲ႔ ဒီဇီကိုရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ နံပါတ္-၁ ဦးစားေပးအျဖစ္ ျပင္ဆင္ထားတာျဖစ္ တယ္လို႔လည္း သတင္းေတြက ေရးသားေဖာ္ျပခဲ့ၾကပါတယ္။
လူငယ္ကစားသမားေတြကို ဦးစားေပးေရြးခ်ယ္တတ္ေလ့ရွိတဲ့ တူခ်ယ္အေနနဲ႔ ဂီေရာ့ဒ္ကို အသင္းကထြက္ခြာခြင့္ေပးခဲ့မယ္ ဆိုရင္ ႐ိုးမားက အၿပီးသတ္ေခၚယူမွာျဖစ္ၿပီး ထြက္ခြင့္မေပးဘူးဆိုရင္လည္း အဌားနဲ႔ေခၚယူႏိုင္ဖို႔ ႐ိုးမားအေနနဲ႔ လုပ္ေဆာင္ သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဂီေရာ့ဒ္ကို ေခၚယူဖို႔အတြက္ ဂ်ဴဗင္တပ္အသင္းကလည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရ ၿပီး ကစားသမားကိုယ္တိုင္ကေတာ့ အေျပာင္းအေရႊ႕သတင္းေတြအတြက္ တစ္စံုတရာမွတ္ခ်က္ျပဳခဲ့ျခင္းေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။