စီရော်နယ်ဒိုက တစ်ပတ်ကို အနည်းဆုံးတစ်ခါတော့ ပီဇာစားတယ်ဆိုပြီး ပြောခဲ့တဲ့ မိခင်ဖြစ်သူ ဒိုလိုရက်စ်


စီရော်နယ်ဒိုဆိုတာကတော့ ထွေထွေထူးထူး မိတ်ဆက်စရာမလိုတော့အောင်ကို ဘောလုံးလောကမှာ လူတိုင်းသိတဲ့ ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို သူရဲ့ကွင်းအတွင်းစွမ်းဆောင် ရည်ကြောင့် သိနိုင်ပေမယ့် သူရဲ့လူနေမှုပုံစံနဲ့ သူအကြိုက်တွေကိုတော့ သူနဲ့ နီးစပ်တဲ့သူတွေမဟုတ်ရင် သူကိုယ်တိုင်ပြော ပြမှ သိနိုင်မှာပဲ ဖြစ်ပါတယ်။


စီရော်နယ်ဒိုရဲ့မိခင်ကတော့ သူမရဲ့သားဟာ ပီဇာကို အရမ်းကြိုက်နှစ်သက်တဲ့သူတစ်ဦးဖြစ်ပြီး တစ်ပတ်မှာ တစ်ခါတော့ အနည်းဆုံးစားလေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။ အာလူး ၊ ကြက်ဥတို့နဲ့ ပြုလုပ်ထားတဲ့ ပီဇာ ဟာ စီရော်နယ်ဒိုရဲ့ အကြိုက်ဆုံး ပီဇာဖြစ်ပြီး တစ်ထိုင်တည်းနဲ့ အများကြီး စားနိုင်ကြောင်း ပြောခဲ့ပါတယ်။ စီရော်နယ်ဒိုကလည်း သူရဲ့သား ဂျူနီယာခရစ္စတီ ယာနို စီရော်နယ်ဒိုကလည်း ပီဇာကို ကြိုက်နှစ်သက်တဲ့သူ တစ်ဦးဖြစ်ကြောင်း ပြောခဲ့ပါတယ်။


ပီဇာကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး Youtube ရုပ်သံလိုင်းတစ်ခုကတော့ ပြီးတော့ စီရော်နယ်ဒိုက “ ပီဇာက ကိုယ်ခန္ဓာတောင့်တင်းဖို့အတွက် အကောင်းဆုံးအာဟာရလို့တောင် ဆိုရမှာပါ။ ပီဇာကနေ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ဓာတ်တွေကို အများကြီးရရှိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော်ရဲ့သားက ပီဇာကို ကိုလာအအေးနဲ့ တွဲပြီး စားရ မယ်ဆိုရင် အများကြီး စားနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version
