နည်းပြ ဖွန်ဆီကာနဲ့ အဆင်မပြေတာကြောင့် ရိုးမားကနေ ထွက်တော့မယ့် အသင်းခေါင်းဆောင် ဒီဇီကို


ရိုးမားအသင်းခေါင်းဆောင်ဖြစ်တဲ့ တိုက်စစ်မှူး ဒီဇီကိုဟာ အသင်းနည်းပြဖြစ်တဲ့ ဖွန်ဆီကာနဲ့ အဆင်မပြေမှုတွေကြောင့် အသင်းကနေ ထွက်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ နည်းပြဖွန်ဆီကာနဲ့ အသင်း ခေါင်းဆောင် ဒီဇီကိုတို့ဟာ ရိုးမားက စပီဇီယာကို ရှုံးခဲ့တဲ့ ကိုပါအီတာလီယာဖလားပွဲစဉ်အပြီးမှာ အဆင်မပြေမှုတွေစတင် ခဲ့တာဖြစ်ပြီး ဖွန်ဆီကာက ဒီဇီကို ,ကိုပွဲကစားခွင့်မပေးခဲ့တာပဲ ဖြစ်ပါတယ်။


ကိုပါအီတာလီယာအဖြစ်ကစားခဲ့တဲ့ စပီဇီယာနဲ့ပွဲတုန်းက ဒီဇီကိုအနေနဲ့ ပွဲပြီးခါနီးမှ လူစားဝင်ကစားခဲ့ရသလို လိဂ်ပွဲစဉ်အ ဖြစ် ကစားခဲ့တဲ့ စပီဇီယာနဲ့ပွဲမှာတော့ ဖွန်ဆီကာအနေနဲ့ ဒီဇီကို,ကို အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းမရှိခဲ့တာတွေ့ရပါ တယ်။ လာမယ့် ဗီရိုနာနဲ့ ကစားမယ့်လိဂ်ပွဲစဉ်မှာလည်း ဒီဇီကို,ကို အသင်းရဲ့လူစာရင်းထည့်သွင်းမရှိတာကြောင့် အသင်း ပြောင်းရွှေ့မယ့်သတင်းတွေက ပိုပြီးကျယ်ပြန့်ခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မန်စီးတီးအသင်းတိုက်စစ်မှူးဟောင်း ဒီဇီကို,ကို ခေါ်ယူဖို့ ဂျူဗင်တပ်က ဆက်သွယ်နေတယ်လို့ လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီဇီကိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရိုးမားနည်းပြ ဖွန်ဆီကာက “ မနေ့က ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောခဲ့ပြီးပါပြီ။ ကျွန်တော်အနေနဲ့ ဒီထက်ပိုပြီး ပြောစရာလည်းမရှိပါဘူး။ ကျွန် တော်လုပ်နေတာတွေက အသင်းအောင်မြင်မှုရဖို့ပါ” ဆိုပြီး သတင်းသမားတွေရဲ့မေးမြန်းမှုကို ပြန်ဖြေသွားခဲ့ပါတယ်။

zawgyi version

နည္းျပ ဖြန္ဆီကာနဲ႔ အဆင္မေျပတာေၾကာင့္ ႐ိုးမားကေန ထြက္ေတာ့မယ့္ အသင္းေခါင္းေဆာင္ ဒီဇီကို
႐ိုးမားအသင္းေခါင္းေဆာင္ျဖစ္တဲ့ တိုက္စစ္မွဴး ဒီဇီကိုဟာ အသင္းနည္းျပျဖစ္တဲ့ ဖြန္ဆီကာနဲ႔ အဆင္မေျပမႈေတြေၾကာင့္ အသင္းကေန ထြက္ဖို႔ ျပင္ဆင္ေနတယ္ဆိုၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ နည္းျပဖြန္ဆီကာနဲ႔ အသင္း ေခါင္းေဆာင္ ဒီဇီကိုတို႔ဟာ ႐ိုးမားက စပီဇီယာကို ရႈံးခဲ့တဲ့ ကိုပါအီတာလီယာဖလားပြဲစဥ္အၿပီးမွာ အဆင္မေျပမႈေတြစတင္ ခဲ့တာျဖစ္ၿပီး ဖြန္ဆီကာက ဒီဇီကို ,ကိုပြဲကစားခြင့္မေပးခဲ့တာပဲ ျဖစ္ပါတယ္။
ကိုပါအီတာလီယာအျဖစ္ကစားခဲ့တဲ့ စပီဇီယာနဲ႔ပြဲတုန္းက ဒီဇီကိုအေနနဲ႔ ပြဲၿပီးခါနီးမွ လူစားဝင္ကစားခဲ့ရသလို လိဂ္ပြဲစဥ္အ ျဖစ္ ကစားခဲ့တဲ့ စပီဇီယာနဲ႔ပြဲမွာေတာ့ ဖြန္ဆီကာအေနနဲ႔ ဒီဇီကို,ကို အသင္းရဲ႕လူစာရင္းမွာ ထည့္သြင္းမရွိခဲ့တာေတြ႕ရပါ တယ္။ လာမယ့္ ဗီ႐ိုနာနဲ႔ ကစားမယ့္လိဂ္ပြဲစဥ္မွာလည္း ဒီဇီကို,ကို အသင္းရဲ႕လူစာရင္းထည့္သြင္းမရွိတာေၾကာင့္ အသင္း ေျပာင္းေရႊ႕မယ့္သတင္းေတြက ပိုၿပီးက်ယ္ျပန္႔ခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ မန္စီးတီးအသင္းတိုက္စစ္မွဴးေဟာင္း ဒီဇီကို,ကို ေခၚယူဖို႔ ဂ်ဴဗင္တပ္က ဆက္သြယ္ေနတယ္လို႔ လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒီဇီကိုရဲ႕ အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး ႐ိုးမားနည္းျပ ဖြန္ဆီကာက “ မေန႔က ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ေျပာခဲ့ၿပီးပါၿပီ။ ကၽြန္ေတာ္အေနနဲ႔ ဒီထက္ပိုၿပီး ေျပာစရာလည္းမရွိပါဘူး။ ကၽြန္ ေတာ္လုပ္ေနတာေတြက အသင္းေအာင္ျမင္မႈရဖို႔ပါ” ဆိုၿပီး သတင္းသမားေတြရဲ႕ေမးျမန္းမႈကို ျပန္ေျဖသြားခဲ့ပါတယ္။