အသင်းအနိုင်ရနေချိန်မှာ မီလန် (၂) သင်းစလုံး အမှတ်လျော့တာ ကောင်းတယ်လို့ ဆိုလိုက်တဲ့ ဂျူဗင်တပ်စ်လူငယ်ကစားသမား မက်ကန်နီ

ဂျူဗင်တပ်စ်လူငယ်ကစားသမား မက်ကန်နီဟာ မနေ့ညက စီးရီးအေပွဲမှာ ဂျူဗင်တပ်စ်က ဘိုလော့ဂ်နာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အမေရိကန်ကွင်းလယ်ကစားသမားက တစ်နေ့က ကစားခဲ့တဲ့ မီလန် (၂) သင်းစလုံးနိုင်ပွဲမရခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြောသွားခဲ့ပါတယ်။

“ ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် အရမ်းကို အရေးပါတဲ့ နိုင်ပွဲဖြစ်ပါတယ်။ မီလန် (၂) သင်းစလုံးက မနေ့က အမှတ်တွေ လျော့ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အိမ်ကွင်းမှာတစ်ပွဲကစားရန် ကျန်ပါသေးတယ်။ ကျွန်တော်တို့ ဟာ (၃) မှတ်ပဲ ကွာတော့မှာပါ။ ကျွန်တော်တို့ ရာသီကုန်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ နိုင်ပွဲတွေ ဘယ်အသင်းပိုရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့” လို့ မက်ကန်နီက ပြောသွားခဲ့တာ ဖြစ်ပါတယ်။


