ဆောင်းရာသီ ချန်ပီယံဆိုတာ ဘာမှ မဟုတ်ဘူးလို့ အသင်းဖော်တွေကို သတိပေးခဲ့တဲ့ အီဘရာဟီမိုဗစ်


အေစီမီလန်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးနေတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်က အသင်းအနေနဲ့ ပထမ အကျော့ပွဲစဉ်တွေ ပြီးဆုံးချိန်မှာ ဆောင်းရာသီချန်ပီယံဖြစ်ခဲ့တယ်ဆိုပေမယ့် တကယ်ချန်ပီယံဖြစ်ခဲ့တာမဟုတ်တဲ့အတွက် အသင်းဖော်တွေ သတိပေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အေစီမီလန်ဟာ ပထမအကျော့ပွဲစဉ်တွေရဲ့နောက်ဆုံးပွဲစဉ်မှာ အတ္တလန္တာကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် အမှတ်ပေးဇယားမှာ ၂ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။


ဒီရာသီမှာ ခြေစွမ်းပြပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အေစီမီလန်ကို စီးရီးအေချန်ပီယံဆုရယူနိုင်ဖို့ အခွင့်အရေး များနေတယ်လို့ သတင်းတွေကရေးသားဖော်ပြခဲ့ကြပြီး ဆောင်းရာသီချန်ပီယံဖြစ်ချိန်မှာလည်း ဂုဏ်ပြုရေးသားတာတွေ ပြု လုပ်ခဲ့တာကြောင့် အီဘရာဟီမိုဗစ်က အခုလို သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဥရောပထိပ်သီးလိဂ် ၄ ခုဖြစ်တဲ့ ပရီးမီးယား လိဂ်၊ စီးရီးအေ၊ လာလီဂါနဲ့ လီဂူး-၁ တို့ကစားခဲ့ပြီး အမှတ်ပေးချန်ပီယံဆုရခဲ့ဖူးတဲ့ အီဘရာဟီဗိုမစ်က ဆောင်းရာသီချန်ပီယံ ဆိုတာ တကယ့်ချန်ပီယံမဟုတ်သေးဘူးလို့ အသင်းဖော်တွေကို သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။


အတ္တလန္တာကို ရှုံးတဲ့ပွဲအပြီးမှာတော့ Sky Sport Italia ကနေတဆင့် အီဘရာဟီမိုဗစ်က “ ဒီနေ့ပွဲမှာ အမှားတွေအများကြီး လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် ဂိုးပြတ်ရှုံးခဲ့တာပါ။ ဒါကို နောက်ပွဲတွေမှာ အကောင်း ဆုံး ဘယ်လိုပြင်ရမလဲဆိုတာ လုပ်ရပါတယ်။ ဆောင်းရာသီချန်ပီယံဆိုပြီး ရေးသားဖော်ပြနေမှုတွေကို ပျော်နေလို့မရပါဘူး။ ဆောင်းရာသီချန်ပီယံဆိုတာ အသိအမှတ်ပြုမှုတစ်ခုပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေဆာင္းရာသီ ခ်န္ပီယံဆိုတာ ဘာမွ မဟုတ္ဘူးလို႔ အသင္းေဖာ္ေတြကို သတိေပးခဲ့တဲ့ အီဘရာဟီမိုဗစ္
ေအစီမီလန္အသင္းအတြက္ ေျခစြမ္းျပၿပီး ဂိုးေတြသြင္းယူေပးေနတဲ့ တိုက္စစ္မွဴး အီဘရာဟီမိုဗစ္က အသင္းအေနနဲ႔ ပထမ အေက်ာ့ပြဲစဥ္ေတြ ၿပီးဆံုးခ်ိန္မွာ ေဆာင္းရာသီခ်န္ပီယံျဖစ္ခဲ့တယ္ဆိုေပမယ့္ တကယ္ခ်န္ပီယံျဖစ္ခဲ့တာမဟုတ္တဲ့အတြက္ အသင္းေဖာ္ေတြ သတိေပးမႈျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ေအစီမီလန္ဟာ ပထမအေက်ာ့ပြဲစဥ္ေတြရဲ႕ေနာက္ဆံုးပြဲစဥ္မွာ အတၱလႏၲာကို ဂိုးျပတ္ရႈံးခဲ့ေပမယ့္ အမွတ္ေပးဇယားမွာ ၂ မွတ္အသာနဲ႔ ဦးေဆာင္ထားႏိုင္ဆဲ ျဖစ္ပါတယ္။
ဒီရာသီမွာ ေျခစြမ္းျပၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ေအစီမီလန္ကို စီးရီးေအခ်န္ပီယံဆုရယူႏိုင္ဖို႔ အခြင့္အေရး မ်ားေနတယ္လို႔ သတင္းေတြကေရးသားေဖာ္ျပခဲ့ၾကၿပီး ေဆာင္းရာသီခ်န္ပီယံျဖစ္ခ်ိန္မွာလည္း ဂုဏ္ျပဳေရးသားတာေတြ ျပဳ လုပ္ခဲ့တာေၾကာင့္ အီဘရာဟီမိုဗစ္က အခုလို သတိေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဥေရာပထိပ္သီးလိဂ္ ၄ ခုျဖစ္တဲ့ ပရီးမီးယား လိဂ္၊ စီးရီးေအ၊ လာလီဂါနဲ႔ လီဂူး-၁ တို႔ကစားခဲ့ၿပီး အမွတ္ေပးခ်န္ပီယံဆုရခဲ့ဖူးတဲ့ အီဘရာဟီဗိုမစ္က ေဆာင္းရာသီခ်န္ပီယံ ဆိုတာ တကယ့္ခ်န္ပီယံမဟုတ္ေသးဘူးလို႔ အသင္းေဖာ္ေတြကို သတိေပးေျပာဆိုခဲ့တာျဖစ္ပါတယ္။
အတၱလႏၲာကို ရႈံးတဲ့ပြဲအၿပီးမွာေတာ့ Sky Sport Italia ကေနတဆင့္ အီဘရာဟီမိုဗစ္က “ ဒီေန႔ပြဲမွာ အမွားေတြအမ်ားႀကီး လုပ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ဂိုးျပတ္ရႈံးခဲ့တာပါ။ ဒါကို ေနာက္ပြဲေတြမွာ အေကာင္း ဆံုး ဘယ္လိုျပင္ရမလဲဆိုတာ လုပ္ရပါတယ္။ ေဆာင္းရာသီခ်န္ပီယံဆိုၿပီး ေရးသားေဖာ္ျပေနမႈေတြကို ေပ်ာ္ေနလို႔မရပါဘူး။ ေဆာင္းရာသီခ်န္ပီယံဆိုတာ အသိအမွတ္ျပဳမႈတစ္ခုပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။