မင်းတစ်ဘဝလုံး ကစားခဲ့တဲ့ ပွဲအရေအတွက်ထက် ငါသွင်းခဲ့တဲ့ ဂိုးတွေက ပိုများတယ်လို့ အတ္တလန္တာတိုက်စစ်မှူး ဇာပါတာ ကို ပြောဆိုလိုက်တဲ့ နတ်ဘုရားကြီး အီဘရာဟီမိုဗစ်

အေစီမီလန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ (၃-ဝ) နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ သူ့အိမ်ကွင်းကို လာရောက်ကစားပြီး ခြေစွမ်းပြ ဂိုးသွင်းခဲ့တဲ့ အတ္တလန္တာ တိုက်စစ်မှူး ဇာပါတာနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပါတယ်။

ကိုလံဘီယာတိုက်စစ်မှူးဟာ မိုဗစ်ရဲ့ အေစီမီလန်အသင်းကို ပွဲကစားချိန် (၇၇) မိနစ်မှာ အရမ်းမိုက်တဲ့ သွင်းဂိုး တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အရင်တုန်းကလည်း စကားအရာမှာ ကြွယ်ဝတဲ့ ဆွီဒင်တိုက်စစ်မှူးကြီးက အသက် ၂၉ နှစ်အရွယ်ကစားသမားကို ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

“မင်းတစ်ဘဝလုံးကစားခဲ့တဲ့ ပွဲအရေအတွက်ထက် ငါသွင်းခဲ့တဲ့ ဂိုးတွေက ပိုများတယ်”လို့ အီဘရာဟီမိုဗစ်က ဇာပါတာကို ပြောသွားခဲ့တာဖြစ်ပါတယ်။ အတ္တလန္တာတိုက်စစ်မှူးကတော့ မိုဗစ်ဆီက အဲ့ဒီလိုပြောဆိုခံရတာနဲ့ ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ပြောဆိုခြင်းမလုပ်ခဲ့ပဲ အနိုင် (၃) မှတ်ကို သိမ်းပိုက်ပြီး အိမ်ကို ပြန်သွားခဲ့ပါတယ်။

မင္းတစ္ဘ၀လံုး ကစားခဲ့တဲ့ ပြဲအေရအတြက္ထက္ ငါသြင္းခဲ့တဲ့ ဂိုးေတြက ပိုမ်ားတယ္လို႔ အတၱလႏၲာတိုက္စစ္မွဴး ဇာပါတာ ကို ေျပာဆိုလိုက္တဲ့ နတ္ဘုရားႀကီး အီဘရာဟီမိုဗစ္

ေအစီမီလန္အသင္းဟာ မေန႔ညက ကစားခဲ့တဲ့ စီးရီးေအ ပြဲစဥ္မွာ အတၱလႏာၱအသင္းကို အိမ္ကြင္းမွာ (၃-၀) နဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။ ေအစီမီလန္တိုက္စစ္မွဴး အီဘရာဟီမိုဗစ္ကေတာ့ သူ႔အိမ္ကြင္းကို လာေရာက္ကစားၿပီး ေျခစြမ္းျပ ဂိုးသြင္းခဲ့တဲ့ အတၱလႏၲာ တိုက္စစ္မွဴး ဇာပါတာနဲ႔ ပတ္သက္ၿပီး မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။

ကိုလံဘီယာတိုက္စစ္မွဴးဟာ မိုဗစ္ရဲ႕ ေအစီမီလန္အသင္းကို ပြဲကစားခ်ိန္ (၇၇) မိနစ္မွာ အရမ္းမိုက္တဲ့ သြင္းဂိုး တစ္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ အရင္တုန္းကလည္း စကားအရာမွာ ႂကြယ္၀တဲ့ ဆြီဒင္တိုက္စစ္မွဴးႀကီးက အသက္ ၂၉ ႏွစ္အရြယ္ကစားသမားကို ေ၀ဖန္ေျပာဆိုသြားခဲ့ပါတယ္။

“မင္းတစ္ဘ၀လံုးကစားခဲ့တဲ့ ပြဲအေရအတြက္ထက္ ငါသြင္းခဲ့တဲ့ ဂိုးေတြက ပိုမ်ားတယ္”လို႔ အီဘရာဟီမိုဗစ္က ဇာပါတာကို ေျပာသြားခဲ့တာျဖစ္ပါတယ္။ အတၱလႏာၱတိုက္စစ္မွဴးကေတာ့ မိုဗစ္ဆီက အဲ့ဒီလိုေျပာဆိုခံရတာနဲ႔ ပတ္သက္ၿပီး ျပန္လည္တံု႔ျပန္ေျပာဆိုျခင္းမလုပ္ခဲ့ပဲ အႏိုင္ (၃) မွတ္ကို သိမ္းပိုက္ၿပီး အိမ္ကို ျပန္သြားခဲ့ပါတယ္။