ရော်နယ်ဒိုက အကောင်းဆုံးမဟုတ်ပေမယ့် အရမ်းကြိုးစားခဲ့လို့ ဒီလိုဖြစ်လာတာလို့ ဆိုလိုက်တဲ့ လိုက်ဘေးရီးယား သမ္မတ

ဂန္တဝင်ဘောလုံးသမားကြီးဖြစ်တဲ့ လိုက်ဘေးရီးယားသမ္မတ ဂျော့ချ်ဝါဟ် က ရော်နယ်ဒိုဟာ အကောင်းဆုံးကစားသမားမဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ချီးကျူးသွားခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ဘောလွန်းဒီအောဆုကို ဆွတ်ခူးခဲ့တဲ့ ဂျော့ချ်ဝါဟ်ဟာ ရော်နယ်ဒိုရဲ့ ကြိုးစားမှုကို အထင်ကြီးလေးစားနေတာလည်း ဖြစ်ပါတယ်။

“ရော်နယ်ဒိုက အလုပ်နဲ့ စိတ်အားထက်သန်မှုကို ဘယ်လို ပူးပေါင်း လုပ်ဆောင်ရမလဲဆိုတာကို ပြသနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားမဟုတ်ပေမယ့် သူဒီလိုဖြစ်လာအောင်လို့ လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ရော်နယ်ဒိုကို လေးစားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ဒီလိုဖြစ်လာအောင် ကြိုးစားခဲ့လို့ပါ။ ဒီလိုနေရာရအောင် သူဟာ တိုက်ပွဲဝင်ခဲ့လို့ပါ” လို့ ဂျော့ချ်ဝါဟ်က ပြောသွားခဲ့ပါတယ်။

ေရာ္နယ္ဒိုက အေကာင္းဆံုးမဟုတ္ေပမယ့္ အရမ္းႀကိဳးစားခဲ့လို႔ ဒီလိုျဖစ္လာတာလို႔ ဆိုလိုက္တဲ့ လိုက္ေဘးရီးယား သမၼတ

ဂႏၲ၀င္ေဘာလံုးသမားႀကီးျဖစ္တဲ့ လိုက္ေဘးရီးယားသမၼတ ေဂ်ာ့ခ်္ဝါဟ္ က ေရာ္နယ္ဒိုဟာ အေကာင္းဆံုးကစားသမားမဟုတ္ဘူးလို႔ ေျပာခဲ့ေပမယ့္ သူ႔ရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာကို ခ်ီးက်ဴးသြားခဲ့ပါတယ္။ ၁၉၉၅ ခုႏွစ္က ေဘာလြန္းဒီေအာဆုကို ဆြတ္ခူးခဲ့တဲ့ ေဂ်ာ့ခ်္ဝါဟ္ဟာ ေရာ္နယ္ဒိုရဲ႕ ႀကိဳးစားမႈကို အထင္ႀကီးေလးစားေနတာလည္း ျဖစ္ပါတယ္။

“ေရာ္နယ္ဒိုက အလုပ္နဲ႔ စိတ္အားထက္သန္မႈကို ဘယ္လို ပူးေပါင္း လုပ္ေဆာင္ရမလဲဆိုတာကို ျပသေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ပါ။ သူဟာ ကမာၻ႕အေကာင္းဆံုးကစားသမားမဟုတ္ေပမယ့္ သူဒီလိုျဖစ္လာေအာင္လို႔ ေလ့က်င့္ခဲ့တာျဖစ္ပါတယ္။ ကၽြန္ေတာ္ ေရာ္နယ္ဒိုကို ေလးစားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ဒီလိုျဖစ္လာေအာင္ ႀကိဳးစားခဲ့လို႔ပါ။ ဒီလိုေနရာရေအာင္ သူဟာ တိုက္ပြဲ၀င္ခဲ့လို႔ပါ” လို႔ ေဂ်ာ့ခ်္ဝါဟ္က ေျပာသြားခဲ့ပါတယ္။