ကျွန်တော်ကို ခေါ်ယူခဲ့တာအတွက် အေစီမီလန်အနေနဲ့ အကျိုးရှိခဲ့တယ်လို့ ဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဆိုတဲ့ မန်ဇူကစ်


ဂျူဗင်တပ်အသင်းကစားသမားဟောင်း ဖြစ်ပြီး ကာတာကလပ် အယ်ဒူဟေးလ်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက လမ်းခွဲပြီး နောက်အသင်းလက်မဲ့ ဖြစ်နေတဲ့ မန်ဇူကစ်ကို အေစီမီလန်အသင်းက ခေါ်ယူခဲ့ပါတယ်။ အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ မန် ဇူကစ်က သူကိုခေါ်ယူခဲ့တဲ့ အေစီမီလန်အနေနဲ့ ဒီရာသီမှာ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေတာကြောင့် ရာသီ ကုန်မှာ ချန်ပီယံဖြစ်အောင် ကြိုးစားပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။


အေစီမီလန်အသင်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ မန်ဇူကစ်က “ အိမ်မှာပဲ တီဗွီကြည့်နေခဲ့ရတာပါ။ အေစီမီ လန်ကို ပြောင်းရွှေ့ဖြစ်မယ်လို့ မခံစားမိခဲ့ပါဘူး။ ဒဏ်ရာရမှုတွေသာ မရှိဘူးဆိုရင် ကျွန်တော်အနေနဲ့ နောက်ထပ် လေး၊ငါး နှစ်လောက် ဘောလုံးဆက်ကစားနိုင်ပါတယ်။ ဒီလိုမျိုးမှာ အေစီမီလန်နည်းပြ ပိုင်အိုလီက ဆက်သွယ်လာခဲ့တာကြောင့် အေစီမီလန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး မန်ဇူကစ်က လက်ရှိအေစီမီလန်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ အသက် ၃၉ ရှိပြီဖြစ်တဲ့ အေဘရာ ဟီမိုဗစ်ကိုလည်း ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။ မန်ဇူကစ်က “ အေဘရာဟီမိုဗစ်ကို ပြိုင်ဘက်အနေနဲ့ အများကြီးရင်ဆိုင် ခဲ့ဖူးပါတယ်။ အခုတော့ အတူတွဲကစားရဖို့ရှိလာခဲ့ပါပြီ။ သူက တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး အသက်အရွယ်နဲ့ မလိုက်အောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ကၽြန္ေတာ္ကို ေခၚယူခဲ့တာအတြက္ ေအစီမီလန္အေနနဲ႔ အက်ိဳးရွိခဲ့တယ္လို႔ ျဖစ္ေအာင္ လုပ္ေဆာင္ေပးသြားမွာဆိုတဲ့ မန္ဇူ ကစ္
ဂ်ဴဗင္တပ္အသင္းကစားသမားေဟာင္း ျဖစ္ၿပီး ကာတာကလပ္ အယ္ဒူေဟးလ္နဲ႔ ၿပီးခဲ့တဲ့ ဇူလိုင္လကတည္းက လမ္းခြဲၿပီး ေနာက္အသင္းလက္မဲ့ ျဖစ္ေနတဲ့ မန္ဇူကစ္ကို ေအစီမီလန္အသင္းက ေခၚယူခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္ရွိေနၿပီျဖစ္တဲ့ မန္ ဇူကစ္က သူကိုေခၚယူခဲ့တဲ့ ေအစီမီလန္အေနနဲ႔ ဒီရာသီမွာ စီးရီးေအအမွတ္ေပးဇယားကို ဦးေဆာင္ေနတာေၾကာင့္ ရာသီ ကုန္မွာ ခ်န္ပီယံျဖစ္ေအာင္ ႀကိဳးစားေပးသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။
ေအစီမီလန္အသင္းက ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ့ မန္ဇူကစ္က “ အိမ္မွာပဲ တီဗြီၾကည့္ေနခဲ့ရတာပါ။ ေအစီမီ လန္ကို ေျပာင္းေရႊ႕ျဖစ္မယ္လို႔ မခံစားမိခဲ့ပါဘူး။ ဒဏ္ရာရမႈေတြသာ မရွိဘူးဆိုရင္ ကၽြန္ေတာ္အေနနဲ႔ ေနာက္ထပ္ ေလး၊ငါး ႏွစ္ေလာက္ ေဘာလံုးဆက္ကစားႏိုင္ပါတယ္။ ဒီလိုမ်ိဳးမွာ ေအစီမီလန္နည္းျပ ပိုင္အိုလီက ဆက္သြယ္လာခဲ့တာေၾကာင့္ ေအစီမီလန္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့တာပါ” လို႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး မန္ဇူကစ္က လက္ရွိေအစီမီလန္အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ေနတဲ့ အသက္ ၃၉ ရွိၿပီျဖစ္တဲ့ ေအဘရာ ဟီမိုဗစ္ကိုလည္း ခ်ီးက်ဴးမႈျပဳလုပ္သြားခဲ့ပါတယ္။ မန္ဇူကစ္က “ ေအဘရာဟီမိုဗစ္ကို ၿပိဳင္ဘက္အေနနဲ႔ အမ်ားႀကီးရင္ဆိုင္ ခဲ့ဖူးပါတယ္။ အခုေတာ့ အတူတြဲကစားရဖို႔ရွိလာခဲ့ပါၿပီ။ သူက တိုက္စစ္မွဴးေကာင္းတစ္ေယာက္ျဖစ္ၿပီး အသက္အရြယ္နဲ႔ မလိုက္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားတစ္ေယာက္ပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။