ဂျူဗင်တပ်စ်နည်းပြဟောင်း တွေဖြစ်တဲ့ ဆာရီ နဲ့ အယ်လီဂရီ (၂) ထဲက (၁) ယောက်ကို လက်ရှိနည်းပြ ဖွန်ဆီကာ နေရာမှာ အစားထိုးရန် ရည်ရွယ်နေတဲ့ ရိုးမားအသင်း

ရိုးမားအသင်းဟာ လက်ရှိနည်းပြ ဖွန်ဆီကာ နေရာမှာ ဆာရီ နဲ့ အယ်လီဂရီ (၂) ယောက်ထဲက (၁) ယောက်ကို အစားထိုးရန် ရည်ရွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရိုးမားအသင်းဟာ ကိုပါအီတလီယာဖလားပြိုင်ပွဲမှာ အင်္ဂါနေ့က စပက်ဇီယာအသင်းကို ရှုံးပြီး ထွက်ခဲ့ရသလို့ ပြီးခဲ့တဲ့ သောကြာနေ့က ရောမဒါဘီပွဲမှာ ခါးသီးပြိုင်ဘက် လာဇီယိုအသင်းကို (၃-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အေစီမီလန်အသင်းထက်လည်း (၉) မှတ်လျော့နည်းနေတာဖြစ်လို့ နည်းပြနေရာကို အစားထိုးရန် စဉ်းစားနေတယ်လို့ အီတလီမှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။ လက်ရှိမှာ ရိုးမားအသင်း ပစ်မှတ်ထားနေတဲ့ နည်းပြတွေက အလုပ်လက်မဲ့ ဖြစ်နေတဲ့ ဆာရီ နဲ့ အယ်လီဂရီ တို့ပဲဖြစ်ပါတယ်။ ဆာရီဟာ ဂျူဗင်တပ်စ်အသင်းကို အမှတ်ပေးဖလား ရယူပေးခဲ့သော်လည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို မတက်နိုင်ခဲ့လို့ ပြီးခဲ့တဲ့ နွေရာသီက အသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အယ်လီဂရီကတော့ အသင်းနဲ့ ၂၀၁၉ ခုနှစ်က လမ်းခွဲခဲ့တာဖြစ်ပြီး သူ့ကို ယူနိုက်တက်၊ ချဲလ်ဆီး နဲ့ ပီအက်စ်ဂျီအသင်းတို့က အရင်က ဆက်သွယ်ခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းကို စီးရီးအေ အမှတ်ပေးဖလား (၅) နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ကိုပါအီတလီယာဖလားကိုလည်း (၄) ကြိမ ်ရရှိအောင် နည်းပြခဲ့သူပါ။

ဆာရီကတော့ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေ ဖလားကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းနဲ့ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးခဲ့ဖူးပါတယ်။ အယ်လီဂရီကတော့ နည်းပြတစ်ယော်ကအနေနဲ့ ဥရောပဖလားတစ်လုံးမှ မဆွတ်ခူးထားနိုင်သေးပါဘူး။ ရိုးမားအသင်းဟာ လက်ရှိ စီးရီးအေမှာ အဆင့် (၄) နေရာ၌ ရပ်တည်နေပြီး ယူရိုပါလိဂ်၌လည်း ရှုံးထွက်အဆင့်ကို တက်လှမ်းထားနိုင်ပြီ ဖြစ်ပါတယ်။

ဂ်ဴဗင္တပ္စ္နည္းျပေဟာင္း ေတြျဖစ္တဲ့ ဆာရီ နဲ႔ အယ္လီဂရီ (၂) ထဲက (၁) ေယာက္ကို လက္ရွိနည္းျပ ဖြန္ဆီကာ ေနရာမွာ အစားထိုးရန္ ရည္ရြယ္ေနတဲ့ ႐ိုးမားအသင္း

႐ိုးမားအသင္းဟာ လက္ရွိနည္းျပ ဖြန္ဆီကာ ေနရာမွာ ဆာရီ နဲ႔ အယ္လီဂရီ (၂) ေယာက္ထဲက (၁) ေယာက္ကို အစားထိုးရန္ ရည္ရြယ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ႐ိုးမားအသင္းဟာ ကိုပါအီတလီယာဖလားၿပိဳင္ပြဲမွာ အဂၤါေန႔က စပက္ဇီယာအသင္းကို ရႈံးၿပီး ထြက္ခဲ့ရသလို႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေရာမဒါဘီပြဲမွာ ခါးသီးၿပိဳင္ဘက္ လာဇီယိုအသင္းကို (၃-၀) နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

႐ိုးမားအသင္းဟာ စီးရီးေအ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ေအစီမီလန္အသင္းထက္လည္း (၉) မွတ္ေလ်ာ့နည္းေနတာျဖစ္လို႔ နည္းျပေနရာကို အစားထိုးရန္ စဥ္းစားေနတယ္လို႔ အီတလီမွာ သတင္းေတြ ထြက္ေပၚလာပါတယ္။ လက္ရွိမွာ ႐ိုးမားအသင္း ပစ္မွတ္ထားေနတဲ့ နည္းျပေတြက အလုပ္လက္မဲ့ ျဖစ္ေနတဲ့ ဆာရီ နဲ႔ အယ္လီဂရီ တို႔ပဲျဖစ္ပါတယ္။ ဆာရီဟာ ဂ်ဴဗင္တပ္စ္အသင္းကို အမွတ္ေပးဖလား ရယူေပးခဲ့ေသာ္လည္း ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကို မတက္ႏိုင္ခဲ့လို႔ ၿပီးခဲ့တဲ့ ေႏြရာသီက အသင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အယ္လီဂရီကေတာ့ အသင္းနဲ႔ ၂၀၁၉ ခုႏွစ္က လမ္းခြဲခဲ့တာျဖစ္ၿပီး သူ႔ကို ယူႏိုက္တက္၊ ခ်ဲလ္ဆီး နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔က အရင္က ဆက္သြယ္ခဲ့ဖူးတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။ အယ္လီဂရီဟာ ဂ်ဴဗင္တပ္စ္အသင္းကို စီးရီးေအ အမွတ္ေပးဖလား (၅) ႏွစ္ဆက္တိုက္ ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့သူျဖစ္ၿပီး ကိုပါအီတလီယာဖလားကိုလည္း (၄) ႀကိမ ္ရရွိေအာင္ နည္းျပခဲ့သူပါ။

ဆာရီကေတာ့ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စီးရီးေအ ဖလားကို ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ ခ်ဲလ္ဆီးအသင္းနဲ႔ ယူ႐ိုပါလိဂ္ဖလားကို ဆြတ္ခူးခဲ့ဖူးပါတယ္။ အယ္လီဂရီကေတာ့ နည္းျပတစ္ေယာ္ကအေနနဲ႔ ဥေရာပဖလားတစ္လံုးမွ မဆြတ္ခူးထားႏိုင္ေသးပါဘူး။  ႐ိုးမားအသင္းဟာ လက္ရွိ စီးရီးေအမွာ အဆင့္ (၄) ေနရာ၌ ရပ္တည္ေနၿပီး ယူ႐ိုပါလိဂ္၌လည္း ရႈံးထြက္အဆင့္ကို တက္လွမ္းထားႏိုင္ၿပီ ျဖစ္ပါတယ္။