အီတလီစူပါဖလား ရခဲ့တာက စီးရီးအေပြိုင်ပွဲအတွက် အားဖြစ်စေတယ်လို့ ပြောခဲ့တဲ့ စီရော်နယ်ဒို


ပြီးခဲ့တဲ့နေ့က ဂျူဗင်တပ်နဲ့ နာပိုလီတို့ဟာ အီတလီစူပါဖလားပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂျူဗင်တပ်က စီရော်နယ်ဒို၊ မိုရာတာ တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ပွဲအပြီးမှာတော့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက အီ တလီစူပါဖလားကို ရယူနိုင်ခဲ့တာက စီးရီးအေပြိုင်ပွဲမှာ ရုန်းကန်နေရတဲ့ အသင်းအတွက် အားတစ်ခုဖြစ်စေတယ်လို့ ပြော သွားခဲ့ပါတယ်။


အီတလီစူပါဖလားဟာ စီရော်နယ်ဒိုအတွက် ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်ကိုရောက်လာပြီးနောက်ပိုင်း စတုတ္ထမြောက်ရရှိခဲ့တဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ စီးရီးအေမှာ လက်ရှိချန်ပီယံဆိုပေမယ့် ဒီရာသီမှာတော့ အမှတ်ပေးဇယားထိပ် ဆုံးက အေစီမီလန်နဲ့ ၁၀ မှတ်အထိ ကွာဟနေတာကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ခက်ခဲနေပြီလို့လည်း သတင်းတွေ က ဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။


အီတလီစူပါဖလားကို ရပြီးနောက်မှာတော့ စီရော်နယ်ဒိုက “ ခက်ခဲနေတဲ့အချိန်မှာ အကောင်းဆုံးလုပ်နိုင်ခဲ့တာကြောင့် တကယ်ကို ပျော်ရွှင်ရပါတယ်။ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ပွဲတုန်းက စွမ်းဆောင်ရည်နဲ့ မတူတဲ့ စွမ်းဆောင်မှုမျိုးကိုပြနိုင် ခဲ့ပါတယ်။ စူပါဖလားကို ရရှိခဲ့တာကြောင့် အသင်းသားတွေအားလုံး အနာဂတ်အတွက် ယုံကြည်မှုရှိလာမှာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အချက်အလက်မှတ်တမ်းတွေအရတော့ စူပါဖလားပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ တရားဝင်ပြိုင်ပွဲတွေမှာ သွင်းဂိုး ၇၆၀ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

အီတလီစူပါဖလား ရခဲ့တာက စီးရီးေအၿပိဳင္ပြဲအတြက္ အားျဖစ္ေစတယ္လို႔ ေျပာခဲ့တဲ့ စီေရာ္နယ္ဒို
ၿပီးခဲ့တဲ့ေန႔က ဂ်ဴဗင္တပ္နဲ႔ နာပိုလီတို႔ဟာ အီတလီစူပါဖလားၿပိဳင္ပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ဂ်ဴဗင္တပ္က စီေရာ္နယ္ဒို၊ မိုရာတာ တို႔ရဲ႕သြင္းဂိုးေတြနဲ႔အတူ ႏွစ္ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ပြဲအၿပီးမွာေတာ့ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုက အီ တလီစူပါဖလားကို ရယူႏိုင္ခဲ့တာက စီးရီးေအၿပိဳင္ပြဲမွာ ႐ုန္းကန္ေနရတဲ့ အသင္းအတြက္ အားတစ္ခုျဖစ္ေစတယ္လို႔ ေျပာ သြားခဲ့ပါတယ္။
အီတလီစူပါဖလားဟာ စီေရာ္နယ္ဒိုအတြက္ ၂၀၁၈ ခုႏွစ္မွာ ဂ်ဴဗင္တပ္ကိုေရာက္လာၿပီးေနာက္ပိုင္း စတုတၳေျမာက္ရရွိခဲ့တဲ့ ဆုဖလားလည္း ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ စီးရီးေအမွာ လက္ရွိခ်န္ပီယံဆိုေပမယ့္ ဒီရာသီမွာေတာ့ အမွတ္ေပးဇယားထိပ္ ဆံုးက ေအစီမီလန္နဲ႔ ၁၀ မွတ္အထိ ကြာဟေနတာေၾကာင့္ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ ခက္ခဲေနၿပီလို႔လည္း သတင္းေတြ က ေဖာ္ျပခဲ့ၾကတာပဲ ျဖစ္ပါတယ္။
အီတလီစူပါဖလားကို ရၿပီးေနာက္မွာေတာ့ စီေရာ္နယ္ဒိုက “ ခက္ခဲေနတဲ့အခ်ိန္မွာ အေကာင္းဆံုးလုပ္ႏိုင္ခဲ့တာေၾကာင့္ တကယ္ကို ေပ်ာ္ရႊင္ရပါတယ္။ အင္တာမီလန္နဲ႔ ကစားခဲ့တဲ့ပြဲတုန္းက စြမ္းေဆာင္ရည္နဲ႔ မတူတဲ့ စြမ္းေဆာင္မႈမ်ိဳးကိုျပႏိုင္ ခဲ့ပါတယ္။ စူပါဖလားကို ရရွိခဲ့တာေၾကာင့္ အသင္းသားေတြအားလံုး အနာဂတ္အတြက္ ယံုၾကည္မႈရွိလာမွာျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အခ်က္အလက္မွတ္တမ္းေတြအရေတာ့ စူပါဖလားပြဲမွာ အႏိုင္ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ တရားဝင္ၿပိဳင္ပြဲေတြမွာ သြင္းဂိုး ၇၆၀ ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆံုးကစားသမား ျဖစ္လာခဲ့တယ္လို႔လည္း သိရပါတယ္။