ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း မန်ဇူကစ်ကို ခေါ်ယူလိုက်တဲ့ အေစီမီလန်အသင်း

အေစီမီလန်အသင်းဟာ တိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသင်းဟာ တိုက်စစ်မှူးကို လက်ရှိရာသီအကုန်အထိ ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးလို့ရတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

မန်ဇူကစ်ဟာ ကာတာကလပ် အဲလ်ဒူဟေးလ်အသင်းနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်နေတာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ ဟာ အေစီမီလန်အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အသင်းမှာရှိနေတဲ့ အီဘရာဟီမိုဗစ်နဲ့အတူ အထောက်အကူဖြစ်မယ်လို့ ယုံကြည်နေပါတယ်။


